Main menu

Background

အောင်မြင်ကျော်ကြား လူကြိုက်များသည့် ပခုက္ကူမြို့မှ ပဲကြော်လုပ်ငန်း

Tue, 10/10/2023 - 14:46 -- journal_editor

စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသ ကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီး မှူး၏ ကြီးကြပ်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒေါ်သူ ဇာကျော်(ဒု-ဦးစီးမှူး)သည်   ပြည်တွင်းအသေးစား စက်မှုလက်မှုလုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်၍ စက်တင်ဘာ  ၂၅ ရက်၊   နံနက် ၁၀ နာရီ လဝန်းပဲကြော်လုပ်ငန်းရှင်နှင့်   တွေ့ဆုံမေးမြန်းခဲ့ သည်။
ပခုက္ကူမြို့တွင်   ဒေသအစားအစာတစ်ခုဖြစ် သည့် ပဲကြော်လုပ်ငန်းမှာ လူကြိုက်များ၍ ရောင်းအား ကောင်းလျက်ရှိကြောင်းသိရှိရသည်။ ပဲကြော်လုပ်ငန်း ရှင်နှင့် လတ်တလော ပဲကြော်လုပ်ငန်း၏အခြေအနေ ကို မေးမြန်းရာ ပဲကြော်လုပ်ငန်းတွင်   ပဲကြီးကိုသာ အသုံးပြုပြီး  ပဲကြီးကို  မုံရွာမြို့မှ ဝယ်ယူရကြောင်း၊ တစ်တင်းလျှင်   ပခုက္ကူမြို့အရောက်  ကျပ် ၁၁၀ဝ၀ဝ  ပေးရပါကြောင်း၊  ပဲမကြော်ခင်   တစ်ညရေစိမ်ပြီးမှ အခွံချွတ်ရကြောင်း၊ တစ်တင်းခွဲအိတ်တစ်အိတ်လျှင် ကျပ် ၁၂၀ဝ၀  ပဲချွတ်ခပေးရပြီး ပဲချွတ်သည့်လုပ်သား တစ်ဦးလျှင် တစ်ရက်ကို  ၁၀ ပြည်ခန့်ပြီး၍  မိသားစု လိုက် ပဲချွတ်လျှင် တစ်အိတ်ခန့်ပြီးကြောင်း၊ ပဲကြော် လုပ်ငန်းများ အဆင်ပြေစွာ လည်ပတ်နိုင်လျှင် ပဲချွတ် သည့် မိသားစုများမှာ အလုပ်အကိုင်အခွင့်အလမ်းများ အဆင်ပြေနိုင်ကြောင်း၊ ပဲကြော်ကို ဝါစေ့ဆီဖြင့် ကြော် ပြီး ဆီတစ်ပိဿာကို ကျပ် ၉၅၀ဝ ပေးရကြောင်း၊ တစ် တင်းခွဲအိတ် တစ်အိတ်ကြော်လျှင် ပဲကြော် ၂၆ ပိဿာ ခန့် ထွက်ရှိကြောင်း၊ လုပ်သားအနေဖြင့် (၇)ဦးခန့်ရှိပြီး လုပ်အားခကို အမျိုးသားတစ်ဦးလျှင် ကျပ် ၁၀ဝ၀ဝ၊ အမျိုးသမီးတစ်ဦးလျှင် ကျပ်  ၆၀ဝ၀ ပေးရကြောင်း၊ ဈေးကွက်အနေဖြင့် ယခင်က မြိုင်နယ်ကို အဓိကထား ပို့ကြောင်း၊ ယခုလတ်တလောအခြေအနေအရ တင်ပို့ မှုမရှိဘဲ ပခုက္ကူမြို့တွင်းသာ ရောင်းချရကြောင်း၊အကျိုး အမြတ်အနေဖြင့် ပဲကြော်တစ်တင်းခွဲအိတ်  တစ်အိတ် လျှင် ကျပ် ၁၅၀ဝ-၂၀ဝ၀ခန့်သာ ကျန်ရှိကြောင်း၊ စား အုန်းဆီကို  သက်သာသောဈေးနှုန်းဖြင့်   ရရှိနိုင်လျှင် လုပ်ငန်း ပို၍အဆင်ပြေ လည်ပတ်နိုင်မည်ဖြစ်ကြောင်း ပဲကြော်လုပ်ငန်းရှင်တစ်ဦး၏ ပြောပြချက်အရ  သိရှိရ သည်။

 

သူဇာကျော်
(ပခုက္ကူ)