Main menu

Background

ဇကာကြီးထွက် နှမ်းလုံး၊ မြေပဲလုံး

Tue, 10/10/2023 - 14:54 -- journal_editor

မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်သည်   စိုက်ပျိုး ရေးကို အခြေခံသော မြို့တစ်မြို့ဖြစ်သည်။ စိုက်ပျိုး ရေးလုပ်ငန်းအတွက် အခြေခံကောင်းများ ရှိသလိုMSMES လုပ်ငန်းများလည်း တစ်စထက်တစ်စပိုမို ဖွံ့ဖြိုးတိုးတက်လျက်ရှိသည်။  ယခုတစ်ပတ်တွင် ဓနုဖြူမြို့နယ်  ဇကာကြီးမြို့ကွက်သစ်ရှိ အဆွေ တော် နှမ်းလုံးနှင့်မြေပဲလုံးအကြောင်းကို မိတ်ဆက် ပေးချင်ပါတယ်။ ဓနုဖြူမြို့နယ်     ဇကာကြီးမြို့ကွက်သစ်ရှိ ဦးဆန်းဝင်း၏ အဆွေတော် နှမ်းလုံးနှင့် မြေပဲလုံး လုပ်ငန်းခွင်သို့ ၂၀၂၃ခုနှစ် အောက်တိုဘာ ပထမ ပတ်တွင် စားသုံးသူရေးရာဦးစီးဌာနမှ    မြို့နယ် တာဝန်ခံ ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် ကွင်း ဆင်းလေ့လာစိစစ်ခဲ့သည်။MSMES လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို    နိုင်ငံတော်မှ ဦးစားပေး ဆောင်ရွက်နေသည့်အလျောက်    ဓနုဖြူမြို့နယ် ဇကာကြီးမြို့ကွက်သစ်ရှိ အဆွေတော် နှမ်းလုံးနှင့် မြေပဲလုံးလုပ်ငန်းပမာဏနှင့် လုပ်ငန်းလုပ်ဆောင်မှု အဆင့်ဆင့်ကို     အဆွေတော်လုပ်ငန်းပိုင်ရှင် ဦးဆန်းဝင်းက အောက်ပါအတိုင်း ရှင်းလင်းပြော ပြခဲ့သည်။ နှမ်းလုံး၊ မြေပဲလုံးတွင် အဓိကပါဝင်သော ထန်းလျက်၊ ကပ်စေးနှဲ၊နှမ်းနှင့်မြေပဲများကို ရန်ကုန် ဘုရင့်နောင်ပွဲရုံမှ မှာယူပြီး    နှမ်းလုံး၊  မြေပဲလုံး ပြုလုပ်ပုံအဆင့်ဆင့်မှာ သန့်ရှင်းအောင်  ပြုလုပ် ထားသော ထန်လျက် ၅၀သား၊   ကပ်စေးနှဲသင့် တော်ရုံထည့်၍ ဒယ်အိုးထဲသို့ထည့်ပြီး ကျိုချက်ရ သည်။  ညောင်စေးပေါက်လာသောအခါ နှမ်းထည့် ၍ မွှေပေးပြီး လင်ဗန်းထဲသို့ထည့်ကာ အအေးခံ၍ အနေတော်အပူချိန်သို့ရောက်သောအခါ မိသားစု လုပ်အားဖြင့် ဝိုင်း၍ အလုံးဖြစ်အောင်လုံးရပါသည်။ အေးခဲသောအခါတွင် စားသုံးရန် သင့်တော်သော နှမ်းလုံးများကိုရရှိပါသည်။ အလားတူပင် မြေပဲလုံး ကိုလည်း ထန်းလျက် ၅၀သား ကပ်စေးနှဲ သင့်တော် ရုံလောက်ထည့်၍  ဒယ်အိုးထဲသို့   ထည့်ကျိုပြီး ညောင်စေးပေါက်လာသောအခါ မြေပဲထည့်မွှေပြီး လင်ဗန်းထဲသို့ထည့်၍   အနေတော် အနေထားရ အောင် အအေးခံပြီး    လိုအပ်သောအပူရှိန်ဖြင့် မိသားစုများ   လုပ်အားဖြင့် ဝိုင်းလုံးကြပါသည်။ အသင့်လုံးထားသော   မြေပဲလုံး၊ နှမ်းလုံးများကို ရောင်စုံစက္ကူများဖြင့် လှပသေသပ်စွာ ထုပ်ပိုးပြီး ပလတ်စတစ်ဘူးအဝိုင်းတွင်ထည့်၍ ဓနုဖြူမြို့တွင်း သို့လည်းကောင်း၊ ဇလွန်၊ ဟင်္သာတ၊မြို့များသို့လည်း ကောင်း၊ ဖျာပုံ၊ ကျိုက်လတ်မြို့များသို့ ဈေးကွက် ဖြန့်ချိပြီး ရောင်းချနေကြောင်းကို ပိုင်ရှင် ဦးဆန်း ဝင်းမှ ရှင်းလင်းပြောပြာခဲ့သည်။
MSMES  လုပ်ငန်းတစ်ခုဖြစ်သော ဓနုဖြူမြို့ နယ် ဇကာကြီးမြို့သစ်ရှိ အဆွေတော် နှမ်း၊ မြေပဲ လုံးလုပ်ငန်းခွင့်သို့     ကွင်းဆင်းလေ့လာခဲ့သော စားသုံးသူရေးရာဦးစီးဌာနမှ၊     မြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးက နိုင်ငံတော်မှ   ြှနျြ လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးဆောင်ရွက် နေမှု နှမ်း၊ မြေပဲလုံးလုပ်ငန်းမှ ကုန်အညွှန်းအမှတ် အသားပြည်စုံစွာ ဆောင်ရွက်ထားရှိမှုနှင့် လုပ်ငန်း ရှင်၏လုပ်ငန်းအပေါ် စေတနာထားရှိ ဆောင်ရွက် မှုထားရှိမှုကြောင့် အဆွေတော်မုန့်လုပ်ငန်းမှ ထွက် ရှိလာသော နှမ်းလုံး၊   မြေပဲလုံးများသည် စားလို့ ကောင်း၊ ဈေးကွက်ရ၊  ရောင်းအားသွက်လာမည့် အပေါ် မိမိ၏မြို့နယ်အတွက် ဖွံ့ဖြိုးတိုးတက်လာ မည့်MSMES  လုပ်ငန်းတစ်ခုဖြစ်ကြောင်း ဂုဏ်ယူ ဖွယ် မိတ်ဆက်တင်ပြလိုက်ပါသည်။

Consumer (MT)