Main menu

Background

ရှမ်း(တောင်)မှ ဈေးကွက်အတွင်း ရေပန်းစားနေသည့် တည်သီး

Tue, 10/10/2023 - 15:05 -- journal_editor

တည်သီးသည် အမျှင်ဓာတ်များစွာ  ပါဝင်ပြီး ဗညအငသထငိနညအ ြွကယ်ဝပြီး ကင်ဆာရောဂါ ဖြစ်ပွားခြင်းကို ကာကွယ်ပေးနိုင်ရုံသာမက အမြင်အာရုံကိုအားကောင်း စေပြီး မျက်စိကျန်းမာရေးကို ကောင်းမွန်စေပါသည်။ ထို့ပြင်   တည်သီးတွင် ဂလူးကို့စ်၊ ပရိုတင်း၊ ဗီတာမင်၊ သတ္တုဓာတ်နှင့် အမျှင်ဓာတ်များ ြွကယ်ဝစွာ ပါဝင်သည့် အတွက် အစာချေစနစ်ကို   ကောင်းမွန်စေပြီး ကိုယ်ခံ စွမ်းအားကို အထောက်အကူဖြစ်စေပါသည်။ 
တည်သီးပင်များကို ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် တောင်ကြီး၊ ကလောနှင့်   ဟိုပုံးမြို့တစ်ဝိုက်တွင် သဘာဝအတိုင်း  ပေါများစွာ တွေ့ရှိရသည်။ တည်သီး သည် မိုးအကုန် အောက်တိုဘာလမှ စတင်ထွက်ရှိပြီး နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် ပိုမိုထွက်ရှိသော ရာသီစာသီးနှံတစ်မျိုးဖြစ်သည်။ တည်သီး၏ အရောင် မှာ အဝါရောင်(သို့မဟုတ်) အစိမ်းရောင် ဖျော့ဖျော့ရှိပြီး အပြင်သား   အခွံမာပြီး ရင့်မှည့်ပါက အနီရောင်(သို့) လိမ္မော်ရောင်သို့ ပြောင်း၍  အခွံသားမှာ ခရမ်းချဉ်သီး ကဲ့သို့ အလွန်ပျော့ပါသည်။ တည်သီးကို မမှည့်မီ စား သုံးပါက အလွန်ဖန်သော   အရသာရှိပြီး စားသုံးရန် မကောင်းပါ။ တည်သီး ရင့်မှည့်သွားပါက အခွံအရောင် ပြောင်းကာ အသီးသားများ ပျော့လာပြီး စား၍ချိုမြိန်ပြီး နူးညံ့ပါသည်။   တည်သီးကို   အမှည့်အသီးအတိုင်း စားသုံးကြသလို မမှည့်ခင်တွင်   ထုံးရေကြည်စိမ်၍ အဖန်ထုတ်ကာ အြွကပ်ထား၍လည်း   စားသုံးကြပါ သည်။ ထို့ပြင် တည်သီးမှည့်များကို အခြောက်ပြုလုပ်၍ တည်သီးခြောက်များလုပ်၍လည်းကောင်း၊  ယိုထိုး၍ လည်းကောင်း ပြုလုပ်၍ စားသုံးကြပါသည်။ 
လတ်တလောအနေဖြင့် တည်သီးအစိမ်း တစ် ပိဿာလျှင်  ကျပ် ၂၅၀ဝမှ  ၅၀ဝ၀ထိရှိပြီး အဖန် ထုတ် ထားသော တည်သီးအြွကပ်များကို   တစ်ပိဿာလျှင် ကျပ် ၃၀ဝ၀ မှ ၆၀ဝ၀  ဖြင့် ရောင်းချလျက်ရှိကာ တစ် ပိဿာလျှင် အသီးအရွယ်အစားပေါ်မူတည်၍ အသီး (၁၂ လုံးမှ ၁၅ လုံး)ခန့်ရှိပြီး တည်သီးခြောက်ဈေးနှုန်းမှာ တစ်ပိဿာလျှင်  ကျပ်   ၃၀ဝ၀ဝ ဝန်းကျင်ရှိကြောင်း စုံစမ်းသိရှိရသည်။

 

အောင်ထက်ဖြိုး(DOCA Tgi)