Main menu

Background

မြိတ်မြို့၏ တန်ဖိုးကြီးမားသည့် ဗီလား (ခ) မြင်းခွာကဏန်း

Tue, 11/07/2023 - 11:33 -- journal_editor

တနင်္သာရီတိုင်းဒေသကြီးရှိ  မြိတ်မြို့သည် ပင်လယ်ကမ်းရိုးတန်းဒေသဖြစ်သောကြောင့် ရေထွက်ပစ္စည်း လုပ်ငန်းများကို အဓိကထား၍ လုပ်ကိုင်ကြသည်။ အထူးသဖြင့် ပင်လယ်စာများ ဖြစ်  သည့် ကဏန်း၊ ပုစွန်၊ ငါး များနှင့် ဗီလားခေါ် မြင်းခွာကဏန်း များ ပေါများသည်။ ဗီလားကောင်များသည် နူးညံ့သော သဲ၊ ရွှံ့စေးများနှင့် ရွှံ့စေးထူထပ်သောနေရာများနှင့် ကမ်းရိုးတန်းတစ်ဝိုက်၌ အဓိကနေထိုင် ကြသည်။ ဗီလားကောင်များသည် ရေငန် ဒေသ၊ ရေချိုရေငန်စပ်ဒေသများတွင် ရှင်သန်ကျက်စားကြပြီး အများ အားဖြင့် ရေငန်ဒေသများတွင် ပိုမို တွေ့ရှိရသည်။ ၎င်းတို့သည် ဒီရေအတက်အကျရှိရာနေရာတွင် သားဖောက်လေ့ရှိကြသည်။ ဗီလားအမများသည် ဥတစ်ကြိမ် ဥလျှင် ဥပေါင်း ၆၀ဝ၀ မှ ၁၂၀ဝ၀ အကြား ဥချနိုင်သည်ဟု လေ့လာသိရှိရသည်။ 
ဗီလားကောင်များမှာ အရှားပါးဆုံးသွေးကိုပိုင်ဆိုင်ထားကြပြီး ၎င်းတို့၏သွေးမှာ အပြာရောင် ဖြစ်သည်။ ဗီလားကောင်များ၏သွေးကို လူသားများ၏ သွေးနှင့် တိရစ္ဆာန်များ၏သွေးထဲမှ ဘက်တီး ရီးယားများကို ရှာဖွေစစ်ဆေးရာတွင် အသုံးပြုသော ဘက်တီးရီးယားပိုးမွှားများ သန့်စင်ဆေးထုတ် ရာတွင် ဗီလားကောင်များ၏သွေးကို အသုံးပြုကြသည်။ 
ယခင်က ဗီလားဥများကိုသာ စားသုံးကုန်အဖြစ် ဈေးကွက်ရှိပြီး ယခုနောက်ပိုင်းတွင်မူ အသား ရော ဥပါ လူကြိုက်များလာကြသည်။ ဗီလားဥကို ထိုင်းတွင် လူကြိုက်များပြီး သရက်သီးနှင့် သုပ်စားကြ သည်။ ဗီလားဥကို စားသုံးပါက အကြောအချင်တက်ခြင်းကို သက်သာ‌စေသည်ဟု သိရသည်။ ဗီလား ကောင်များမှာ အရွယ်အစားအမျိုးမျိုးရှိကြပြီး ဗီလားကောင်အနေတော်တစ်ကောင်လျှင် ကျပ် ၅၀ဝ၀ မှ ကျပ် ၆၀ဝ၀ ဝန်းကျင်ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

ညီညီဇော် (မြိတ်)