Main menu

Background

မုံရွာမြို့၏ အင်ကြင်းကျောက် အချောထည်လုပ်ငန်း

Tue, 11/07/2023 - 12:14 -- journal_editor

အင်ကြင်းကျောက်ဖြစ်ပေါ်လာပုံ
မြန်မာအခေါ်  အင်ကြင်းကျောက်သည် ဂရိ ဘာသာ petra  မှဆင်းသက်လာပြီး  ကျောက်သား အသွင်ပြောင်းသွားသော        သစ်ပင်သစ်ကိုင်း သစ်သားဟု  အဓိပ္ပာယ်ရသည်။ အင်္ဂလိပ်ဘာသာ ဖြင့် petrified wood ဟုလည်းကောင်း၊  Fossils woodဟုလည်းကောင်း ခေါ်ဝေါ်သည်။ ထို့ကြောင့် အင်ကြင်းကျောက်သည်    အင်ကြင်းပင် တစ်မျိုး တည်းမှ ဖြစ်သောကျောက်ကို  ဆိုသည်မဟုတ်ဘဲ မည်သည့်သစ်ပင်သစ်ကိုင်း၊    သစ်သားမှ  အသွင် ပြောင်းဖြစ်လာသော   ကျောက်များကို  အင်ကြင်း ကျောက်ဟု ယေဘုယျသုံးစွဲသောနာမည်ဖြစ်သည်။ လွန်ခဲ့သော   နှစ်သန်းပေါင်းများစွာက  ကမ္ဘာပေါ် တွင် ပေါက်ရောက်နေသော   သစ်ပင်များသည် လဲကျသေဆုံးသွားပြီး    သဲနုန်းမြေများ ဖုံးလွှမ်းခံရ ခြင်း၊ မီးတောင်ချော်ပြာများ   ဖုံးလွှမ်းခံရခြင်းတို့ ကြောင့် မြေမျက်နှာပြင်အောက်သို့   ရောက်ရှိခဲ့ရ သည်။ ကမ္ဘာမြေအပေါ်ယံလွှာတွင်  အပေါများဆုံး ဖြစ်သော ဆီလီကာသလင်းဓာတ်ပစ္စည်းတို့ တိုးဝင် ဓာတ်ပြုခြင်းကို ခံကြရသည်။  သစ်ပင်သစ်သား ၏ ဆဲလ်များထဲသို့   အောက်ဆီဂျင်နှင့်   လဲလှယ် ဓာတ်ပြုရသည်။   နှစ်ပေါင်းများစွာ   မြေကြီးထု၏ ဖိအားအပူချိန်တို့ကြောင့် မပျက်စီးဘဲကျန်နေသည့် သစ်ပင်သစ်သား အစိတ်အပိုင်းများသည် ကျောက် တုံးအဖြစ်  ပြောင်းလဲသွားရသည်။ မြေကြီးထု၏ ဖိအားအပူချိန်နှင့် ဓာတ်ပြုသည့်ပစ္စည်းများအပေါ် မူတည်၍   နေရာအသီးသီးတွင်   အရည်အသွေး အမျိုးမျိုးကွဲပြားစွာ တွေ့ရလေ့ရှိပါသည်။   ကမ္ဘာ ပေါ်ရှိ   အင်ကြင်းကျောက်များသည် လွန်ခဲ့သော နှစ်သန်းပေါင်း ငါးသန်းမှ  သန်း ၂၀ဝ အကြားတွင် ပေါက်ရောက်ခဲ့သော   သစ်ပင်သစ်သား သစ်ကိုင်း များ၏ ရုပြွ်ကင်းများဖြစ်ကြသည်။     မြန်မာနိုင်ငံ အတွင်းတွင် တွေ့ရသော  အင်ကြင်းကျောက်များ မှာ   နှစ်သန်းပေါင်း ငါးသန်းမှ သန်း ၁၇၀ ကြားရှိ သည်ဟု ဖော်ပြထားသည်ကို တွေ့ရသည်။
အင်ကြင်းကျောက် အ‌ရောင်အသွေး ဖြစ်ပေါ်လာပုံ
အင်ကြင်းကျောက်မျက်များသည် အရောင် အသွေးများ စုံလင်စွာရှိသည်။    ထိုသို့  အရောင် အသွေးများ ကွဲပြားခြားနား၍ ဖြစ်ပေါ်ပြောင်းလဲ လာရခြင်းမှာ စီလီကာဓာတ်အပြင်   သတ္တုဒြပ်စင် ((Minerals)များဖြစ်သော  ကာဗွန်၊ ကိုဘော့၊ ခရို မီယန်၊ ကော့ပါး၊ အိုင်းရွန်းအောက်ဆိုဒ်၊ မင်းဂနီ(စ်) Manganesn)၊  မင်းဂနီအောက်ဆိုဒ်Manganesn Oxides) စသည့် သတ္တုဒြပ်များ၏ ဂုဏ်သတ္တိများ ကြောင့်ဖြစ်သည်။ သစ်ပင်ကြီးများ၏  ကိုယ်ထည် အတွင်းသို့  တစ်ရှူးဆဲလ်ပေါက်လေးများမှ တစ် ဆင့်သတ္တုဒြပ်စင်(Minerals)များ ဝင်ရောက်နေရာ ယူသည့်အခါကာဗွန်ဒြပ်စင်များပြားခဲ့ပါက အနက် ရောင်၊ ကိုဘော့ဒြပ်    များပြားခဲ့ပါက အပြာနှင့် အစိမ်းရောင်၊ ခရိုမီယန်ဒြပ် များပြားခဲ့ပါက အစိမ်း နှင့်   အပြာရောင်၊    ကော့ပါးဒြပ်  များပြားခဲ့ပါက အစိမ်းရောင်၊ အိုင်းရွန်းအောက်ဆိုဒ်  များပြားခဲ့ပါ က မန်ကျည်းမှည့်ရောင်၊ မင်းဂနီ(စ်)ဒြပ် များပြား ခဲ့ပါက လိမ္မော်ရောင်၊ ပန်းကြားရောင်၊ မင်းဂနီ(စ်)အောက်ဆိုဒ်  များပြားခဲ့ပါက    မီးခိုးရောင်နှင့်အဝါ ရောင်များအဖြစ်သို့      ပြောင်းလဲဖြစ်ပေါ်စေတတ် ကြောင်း သိရပါသည်။
အင်ကြင်းကျောက်ထွက်ရှိသည့်ဒေသများ
ကမ္ဘာပေါ်တွင်      အင်ကြင်းကျောက်ကို  မြန်မာနိုင်ငံအပါအဝင်   နိုင်ငံပေါင်း ၂၇ နိုင်ငံတွင် တွေ့ရှိရသည်ဟု သိရသည်။  အင်ကြင်းကျောက် များကို မြန်မာနိုင်ငံ  မန္တလေးတိုင်းဒေသကြီး၊ နွား ထိုးကြီး၊ မလှိုင်၊ ညောင်ဦး၊   မြင်းခြံ၊ ကျောက်ပန်း တောင်း စသည့်    မြို့နယ်များတွင်လည်းကောင်း၊ မကွေးတိုင်းဒေသကြီး    ပခုက္ကူ၊  ရေစကြို၊ မြိုင်၊ အောင်လံ၊ မကွေး   စသည့်မြို့နယ်များတွင်လည်း ကောင်း၊     ပဲခူးတိုင်းဒေသကြီး ပြည်၊ ရွှေတောင်၊ သဲကုန်း စသည်မြို့များတွင်လည်းကောင်း၊စစ်ကိုင်း တိုင်းဒေသကြီးတွင်   ဆားလင်းကြီး၊ ယင်းမာပင်၊ ကနီ၊ ပုလဲ၊ မင်းကင်း၊ ကျွန်းလှ၊ ကန့်ဘလူ၊ အရာ တော်၊ မုံရွာ၊ ချောင်းဦး၊ မြောင်  စသည့်မြို့နယ်များ တွင်လည်းကောင်း   တွေ့ရှိရသည်။  စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း ယင်းမာပင်မြို့နယ် ကနီမြို့နယ်၊ ချောင်းဦးမြို့နယ်၊ ခန္တီးမြို့နယ်၊ ဟုမ္မလင်းမြို့နယ်နှင့် ချင်းတွင်းမြစ်ရိုးတစ်လျှောက်ဒေသများရှိ သဘာဝ တောတောင်များမှ ထုတ်လုပ်ရယူနိုင်ကြောင်း သိရှိ ရသည်။
အင်ကြင်းကျောက်၏ထူးခြားချက်များ
အင်ကြင်းကျောက်ကို  အိမ်ခြံအတွင်း ထား ရှိလျှင်ဖြစ်စေ  ဝတ်ဆင်လျှင်ဖြစ်စေ ကျန်းမာခြင်း၊ ဥစ္စြွာကယ်ဝခြင်း၊   အသက်ရှည်ခြင်းနှင့်  ပျော်ရွှင် ခြင်းတို့ကို  ပေးစွမ်းသည်ဟု ရှေးဟောင်းဂရိစာပေ များနှင့် မြန်မာ့လောကီပညာရှင်များက  မှတ်တမ်း တင်ခဲ့ကြသည်။  သဘာဝဘေးဒဏ်များ တွေ့ကြုံခဲ့ ရသော်လည်း မူလသဘာဝ  ပင်ကိုလက္ခဏာများ တိမ်ကော   ပျောက်ကွယ်သွားခြင်း လုံးဝ မရှိသည့် အတွက် အင်ကြင်းကျောက်မှာ  ဖောက်ပြန်ပျက်စီး တတ်သော သဘောနှင့်အစဉ်ကင်းခြင်း၊တည်ကြည် ခြင်း၊    မပြောင်းမလဲ မားမားရပ် ကြံ့ကြံ့ခံနိုင်ခြင်း စသည့် ဒြပ်သဘောသဘာဝများရှိသည်ဟုယုံကြည် သက်ဝင်သူများလည်းရှိကြသည်။   အထူးသဖြင့် ဘာသာရေးထွက်ရပ်ပေါက်  ယုံကြည်သက်ဝင်သူ များက အင်ကြင်းကျောက်နှင့်   ပြုလုပ်ထားသော ဘာသာရေး    အဆောင်အယောင်ပစ္စည်းများကို အဓိကထား   ကိုးကွယ်ယုံကြည်လျက်ရှိကြသည်။ အဆိုပါ ယုံကြည်သက်ဝင်မှုများကြောင့်  ပျူခေတ် ယဉ်ကျေးမှုနယ်ပယ်တွင်  အင်ကြင်းကျောက်အား အဆောင်အယောင်  တန်ဆာများအဖြစ် ပြုလုပ်၍ ဝတ်ဆင် အသုံးပြုလာခဲ့ကြသည်ကို ရှေးဟောင်း သုတေသနများ၏ မှတ်တမ်းများ အရသိရသည်။ 
အင်ကြင်းကျောက်ဈေးကွက်
အင်ကြင်းကျောက်သည်   ကမ္ဘာ့ကျောက် မျက်ဈေးကွက်ဝင် ကျောက်တစ်မျိုးဖြစ်သည်။ အင် ကြင်းကျောက်ကို အချောကိုင်၍လည်းကောင်း၊ လူ သုံးကုန်ပစ္စည်းများလုပ်၍လည်းကောင်း   အသုံးပြု ကြသည်။  ကမ္ဘာနိုင်ငံအချို့တွင် ၁၉၇၂ ခုနှစ်ခန့်က စတင်၍ အင်ကြင်းကျောက် အလှဆင်ပစ္စည်းများ ထုတ်လုပ်ရောင်းဝယ်သုံးစွဲနေကြပြီ ဖြစ်သည်။ နိုင်ငံခြားပို့ကုန်အဖြစ်     တင်ပို့ရောင်းချကြသည်။ အင်ကြင်းကျောက်၏    အရည်အသွေးကိုလိုက်၍ တစ်ကီလိုလျှင်  ၁ ဒေါ်လာမှ ဒေါ်လာ၂၀ အထိ အမျိုးမျိုးရောင်းဝယ်ကြကြောင်း  သိရသည်။ အလွန် ရှားပါးသောအချက်များပါရှိသည့်    ကျောက်များ သည် တစ်ကီလို ဒေါ်လာ ၁၀ဝ ကျော် ရောင်းချ သည်ကို  လေ့လာသိရှိရသည်။     မြန်မာနိုင်ငံမှ  ထွက်ရှိသော အင်ကြင်းကျောက် အများစုသည်  အရည်အသွေးကောင်း ကျောက်မျက်တန်းဝင် ကျောက်များဖြစ်ကြသည်။  ထို့ကြောင့် ပြည်ပ ကျောက်ကုန်သည်များမှ မြန်မာနိုင်ငံထွက်    အင် ကြင်းကျောက်များကို   ငွေကြိုတင်ပေးစနစ်ဖြင့်  သူ့ထက်ငါ အလုအယက် ဝယ်ယူလုပ်ကိုင်လျက်ရှိ ကြောင်း နွားထိုးကြီး အင် ကြင်းကျောက်ဈေးကွက်မှ   သိရသည်။ အဆိုပါ ဝယ်ယူပြီး အင်ကြင်းကျောက် များကို အိမ်နီးချင်းနိုင်ငံများမှတစ်ဆင့် ကမ္ဘာ့ ကျောက်မျက်ဈေးကွက်ဝင်  တတိယနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိရာ  တစ်ကီလိုဂရမ်လျှင် အမေရိကန်ဒေါ်လာ  ၁၅၀ မှ ၃၂၀ ဒေါ်လာအထိ ဈေးကောင်းများရရှိကြောင်း သိရှိရသည်။
အင်ကြင်းကျောက်ကို    ကုန်ကြမ်းအတိုင်း ရောင်းချခြင်းထက်  ကုန်ချောအဖြစ် ရောင်းချခြင်း က  ပိုမိုတွက်ခြေကိုက်သဖြင့်  အင်ကြင်းကျောက် အချောထည်ပြုလုပ်၍    ပြည်တွင်းဈေးကွက်နှင့် ပြည်ပဈေးကွက်သို့     ထိုးဖောက်ရောင်းချနိုင်ရန် ကြိုးစားဆောင်ရွက်လျက်ရှိနေသည့် စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့မှ   အင်ကြင်းကျောက် အချော ထည်လုပ်ငန်း    ( ြှု သြညပတေ ဲနတနူနမပ )ကို အကြောင်းကို တင်ပြလိုက်ရပါသည်။
ြှု တွင်းထွက်ကျောက်    အချောထည် ထုတ်လုပ်ရေးလုပ်ငန်းသည်   မုံရွာစက်မှုဇုန်တွင် ထုတ်လုပ်ပြီး ဥညူငညန မှတစ်ဆင့်  ရောင်းချလျက်ရှိ သည်။     မိသားစုတစ်ပိုင်တစ်နိုင်လုပ်ငန်းဖြစ်ပြီး အမှာများလျှင် စစ်ကိုင်းမြို့ရှိ ကျောက်အချောထည် လုပ်ငန်းများသို့ ကုန်ကြမ်းပေးကာ  အရေအတွက် ဖြင့် ထုတ်လုပ်ခိုင်းကြောင်း  သိရသည်။ အင်ကြင်း ကျောက်ဖြင့် ထုတ်လုပ်သည့်  ပစ္စည်းအမျိုးအစား ပေါင်း ၅၀ကျော်ကို ထုတ်လုပ်ပြီးအင်ကြင်းကျောက် အပြင် ထန်းကျောက်၊ ကျောက်စိမ်း၊ အခြားတန်ဖိုး နည်းကျောက်ဖြစ်သည့် မဟူရာ၊အလင်းမှုန် စလင်း ကျောက်၊    အလင်းပိတ် သလင်းကျောက်များနှင့် တွဲဖက်၍ ဆွဲကြိုး၊ လက်ကောက်၊ လက်ပတ်၊ ဆွဲသီး များနှင့်  အိမ်တွင်းအလှဆင်ပစ္စည်းများကို  တန်ဖိုး နည်းကျောက်များဖြင့်   ဠေူကန ဗိနိ ထုတ်လုပ် ရောင်းချနေသည်။ အင်ကြင်းကျောက်ကို  ကနီ၊ အရာတော်၊ ပုလဲ၊  ယင်းမာပင်၊ ဘုတလင်၊မင်းကင်း၊ ကလေးဝနှင့် ကန့်ဘလူတို့မှ ဝယ်ယူကြောင်း သိရ သည်။ မြောင်မြို့ တောင်ဘက် ၃မိုင်ခန့်အကွာ လှေတင်ဦး ကျေးရွာအနီးရှိ     ဆင်ဂေါင်းတောင်တွင် အင်ကြင်းကျောက်ဖြစ်  ရုပြွ်ကင်းများဖြင့် ထုလုပ် ထားသော နဂါးရုံဘုရား၊  စေတီနှင့်ဓမ္မာရုံ၊ နဂါး ရုပ်တုများရှိသဖြင့်   ဆင်ဂေါင်းတောင်   ကျောက် နဂါးဟု   နာမည်ထင်ရှားကျော်ကြားသည်။  ဆင် ဂေါင်းတောင်ကျောက်နဂါးတွင်       အင်ကြင်း ကျောက်နှင့် ထုထားသည့် ကလေးအရုပ်လေးများ၊ လာဘ်ခေါ်လိပ်ရုပ်များ၊  နေ့နံရုပ်တုများ၊ ဘိုးဘိုး အောင် ရုပ်တုများကိုအဆောင်အဖြစ် ဝယ်လိုအား ပိုမိုများကြောင်း သိရသည်။ 
အဆောင်ယတြာအဖြစ်     အသုံးပြုသည့် ပန်းပုများကို အရွယ်အစားအားဖြင့် တစ်လက်မမှ ခြောက်လက်မခန့်အထိ ထုတ်လုပ်ရသည်။   ဈေး နှုန်းအနေဖြင့် အရွယ်အစားအပေါ်မူတည်၍ ကျပ် ငါးရာမှ  ကျပ်ငါးသောင်းခန့်အထိ ဈေးကွက်တွင် ရောင်းချလျက်ရှိသည်။  စီးပွားရေးလုပ်ငန်းရှင်များ ဝယ်ယူမှုအများဆုံးဖြစ်သည့် လာဘ်ခေါ်  လိပ်ရုပ် အကောင်ရေ    သုံးသောင်းကျော်အထိ   နှစ်စဉ် ထုလုပ်ရောင်းချနိုင်ခဲ့ကြောင်းသိရသည်။ အဆောင် ယတြာအမျိုးအမည်သစ်အဖြစ် ဘိုးဘိုးအောင်ပုံတူ အဆောင်ရုပ်တု(၂လက်မ)နှင့်    မြောင်မြို့အနီး ကျောက်နဂါးဈေးကွက်တွင်   အရောင်းသွက်ဆုံး ဖြစ်သည့် ကျောက်ကလေးပုံတူ  ရုပ်တု(၂လက်မ)တို့ကိုအများဆုံးထုလုပ်လျက်ရှိပြီး လစဉ်အဆောင် ရုပ်တုများ မှာယူမှုအပေါ် မူတည်၍ ထုလုပ်ရောင်း ချလျက်ရှိကြောင်း သိရှိရသည်။ 
ဈေးနှုန်း၊ ဈေးကွက်
လိပ်ရုပ်လာဘ်ကောင်   တစ်လက်မ အရွယ် တစ်ကောင်လျှင် လက်လီရောင်းဈေး ကျပ် ၁၅၀ဝ ၊ လက်ကားရောင်းဈေး  ကျပ် ၁၀ဝ၀ ၊  တစ်လက်မခွဲ တစ်ကောင်လျှင် လက်လီရောင်းဈေး  ကျပ် ၃၀ဝ၀၊ လက်ကားရောင်းဈေး ကျပ် ၂၀ဝ၀၊   ဆင်ရုပ် တစ် လက်မအရှည် တစ်ကောင်လျှင် လက်လီရောင်းဈေး ကျပ် ၄၀ဝ၀၊ လက်ကားရောင်းဈေး ကျပ် ၂၀ဝ၀ ၊ ဆင်ရုပ်  နှစ်လက်မအရှည် တစ်ကောင်လျှင်လက်လီ ရောင်းဈေး ကျပ် ၇၀ဝ၀ ၊ လက်ကားရောင်းဈေး က ျပ် ၃၅၀ဝ၊ ဆင်ရုပ် သုံးလက်မအရှည်   တစ် ကောင်လျှင်   လက်လီရောင်းဈေး ကျပ် ၁၅၀ဝ၀၊ လက်ကားရောင်းဈေး ကျပ် ၈၀ဝ၀ဈေးနှုန်းအသီးသီး ဖြင့် ရောင်းချကြကြောင်း သိရသည်။
အဆောင်ယတြာပြုလုပ်သည့်    အင်ကြင်း ကျောက်၊ ပန်းပုရုပ်များ ဝယ်လိုအား  များပြားလာ သည့်နောက်ပိုင်း    မုံရွာမြို့ပေါ်ရှိ   ကျောက်ဆစ် လုပ်ငန်းများသာမက    စစ်ကိုင်းမြို့နယ်အတွင်း ကျောက်ဆစ်ပန်းပုလုပ်ငန်းများတွင်     အလုပ် အကိုင်အခွင့်အလမ်းများ ရရှိခဲ့ကြောင်းသိရသည်။
မူဆယ်တစ်ဖက်ကမ်း  တရုတ်ပြည်နယ်စပ် မြို့ရှိ ပန်းထိမ်လုပ်ငန်း၊ အင်ကြင်းကျောက်အချော ထည်လုပ်ငန်းတို့၌ မြန်မာနိုင်ငံသား အများအပြား လုပ်ငန်းခွင်ဝင်နေသည်ကို   သိရသည်။ အင်ကြင်း ကျောက်အရုပ်များကို ပြည်တွင်းဈေးကွက်သာမက ပြည်ပအဓိကဈေးကွက်မှာ     တရုတ်နိုင်ငံဖြစ်ပြီး ထိုင်း၊ ဟောင်ကောင်၊ ဥရောပ၊ မကာအို ဈေးကွက် များကပါ အင်တာနက်မှတစ်ဆင့် မှာယူကြကြောင်း သိရှိရသည်။
အင်ကြင်းကျောက်သည် မြန်မာနိုင်ငံအပါ အဝင် ကမ္ဘာပေါ်၌ နိုင်ငံပေါင်း ၂၇နိုင်ငံတွင်သာ တွေ့ရှိရသော    ရုပြွ်ကင်းကျောက်တစ်မျိုးဖြစ်ပြီး တစ်နေရာတည်းတွင်   များပြားစွာ  မတွေ့ရှိရခြင်း၊ တွေ့ရှိသော   အင်ကြင်းကျောက်များသည်လည်း  အလင်းပေါက် ကျောက်သားမဟုတ်သဖြင့် အရည် အသွေးကောင်းမွန်မှုမရှိခြင်းကြောင့်    အင်ကြင်း ကျောက်သည် ရှားပါးသော ကျောက်အမျိုးအစား တွင် ပါဝင်သဖြင့် အရည်အသွေးကောင်း  ကျောက် မျက်တန်းဝင် ကျောက်များထွက်ရှိသည့်   မြန်မာ နိုင်ငံထွက် အင်ကြင်းကျောက်သည်    ပြည်တွင်း/ ပြည်ပ ဝယ်လိုအားမြင့်တက်ဆဲ ကျောက်တစ်မျိုး ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

 

သန်းသန်းတင် (မုံရွာ)