Main menu

Background

အညာဒေသထွက် ပဲစောင်းလျားသီးများ ဖြိုင်ဖြိုင်ထွက်ပေါ်လျက်ရှိ

Mon, 11/20/2023 - 10:50 -- journal_editor

အညာဒေသတွင်   မီးဖိုချောင် အသုံးစရိတ်များကာမိအောင် တောင်သူ ဦးကြီးများက  သီးနှံများကို ရာသီ အလိုက် စိုက်ပျိုးလျက်ရှိသည်။မီးဖို ချောင်အသုံးစရိတ်မှသည် စီးပွားဖြစ် အထိ မျှော်မှန်း၍ တစ်နိုင်တစ်ပိုင်မှ ဧကအလိုက်    စိုက်ပျိုးလာကြသည်။ ပဲစောင်းလျားသီးပင်သည် အသီးတစ် မျိုးတည်းသာ စားရသော အပင်နှင့် အမြစ်၊ အညွန့်၊ အသီးအထိ စားရသော အပင်ဟူ၍နှစ်မျိုးရှိသည်။ 
အသီးသာစားရသော    အပင် သည် တစ်နှစ်ပတ်လုံးရှိပြီး  အသီးများ မှာ    မာဆတ်သည့်သဘောရှိသည်။အညာဒေသထွက် ပဲစောင်းလျားသီး မှာနူးညံ့ပြီး အရသာပိုချိုသည်။ ယခု ပေါ်ချိန် ပေါ်ဦးပေါ်စတွင် ၁၅ တောင့် တစ်စည်းလျှင် ကျပ် ၂၅၀ဝ ဖြင့် ရောင်း ဝယ်လျက်ရှိပြီး မကြာမီကာလအတွင်း ပဲမြစ်များလည်း ထွက်ပေါ်လာတော့ မည်ဖြစ်ကြောင်း၊ ပဲစောင်းလျားသီးများ ကို ကိုယ်တိုင်ခူးဆွတ်၍ အစည်းလေး များစည်းကာရောင်းချသလို အခင်းထဲ အရောက် လာဝယ်သူများရှိပါကလည်း ပြန်လည် ရောင်းချနိုင်ရန်အတွက် ဈေး နှုန်းချိုသာစွာဖြင့် ရောင်းချပေးကြောင်း၊ ဖြိုင်ဖြိုင်ပေါ်ချိန်တွင် ပဲစောင်းလျားသီး များကို  အနေတော်လှီးဖြတ်၍ အချဉ် တည်၍ စားသုံး ကြပါကြောင်း လေ့လာ သိရှိရသည်။ ပဲစောင်းလျားသီးများကို  ငါး ပိရည်ဖြင့်  အတို့အမြုပ်အဖြစ် စားသုံး ကြသလို  အသီးကိုပြုတ်ပြီး    ပုစွန် ခြောက်နှင့် လက်သုပ် သုပ်စားကြသည်။ ပဲစောင်းလျားသီးနှင့် ငါးရံ့၊ငါးကလေး များဖြင့်  အိုးကပ်ချက်စားလျှင်လည်း ခံတွင်းကိုမြိန်စေသည်။ ပဲမြစ်တစ်ဧက စိုက်ပျိုးမှုအနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် ကျပ် ၈၀ဝ၀ဝ၀ ကျော်ခန့် ကုန်ကျကြောင်း၊ ယခင်နှစ် တွင် ပဲမြစ်တစ်ပိဿာလျှင် ကျပ် ၁၆၀ဝ ဈေးနှုန်းဖြင့် ရောင်းချခဲ့ကြောင်း၊ ပဲမြစ် အညွန့်ရောင်းရငွေ  ကျပ် ၃၀ဝ၀ဝ နှင့် ပဲစောင်းလျားသီး ပေါ်ချိန်မှ အသီးတုံး ချိန်အထိ   ခန့်မှန်းရောင်းရငွေ  ကျပ် ၃၅၀ဝ၀  အထိရရှိကြောင်း၊     ယခင် ပဲမြစ်အထွက်နှုန်း ပိဿာ ၈၀ဝ မှ ၁၀ဝ၀ အထိ  ထွက်ရှိကြောင်း၊ ပဲမြစ် ပေါ်ချိန်တွင်လည်း ဈေးကောင်းရရှိပါ က   ပဲမြစ်စိုက်တောင်သူများ အကျိုး အမြတ်    ပိုမိုရရှိလာနိုင်မည်ဖြစ်ပြီး  တောင်သူကြီးများ အပိုဝင်ငွေတိုးသည့် အပြင်  စီးပွားဖြစ် အကျိုးအမြတ်များ ရရှိသောကြောင့် ပဲမြစ်သီးနှံကို စိုက်ပျိုး သင့်ပါကြောင်း ရေးသားတင်ပြအပ်ပါ သည်။      

 

      
မော်မော်အောင်