Main menu

Background

မကွေး ဒေသထွက်ကုန် ငှက်ပျောကြော်

Mon, 11/20/2023 - 13:40 -- journal_editor

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ်တွင် ငှက်ပျောသီးကို တန်ဖိုးမြှင့်ထုတ်ကုန်တစ်ခုအနေဖြင့် ထုတ်လုပ်ခြင်းဖြစ်သည်။ ငှက်ပျောကြော် လုပ်ငန်း ထုတ်လုပ်မှုအဆင့်ဆင့်အား လေ့လာရာတွင် ကုန်ကြမ်းငှက်ပျောသီးကို ပွင့်ဖြူမြို့နယ်အတွင်း ငှက်ပျောခြံများမှ သဘာဝအတိုင်း ရင့်မှည့်ခါနီးသည့် ဖီးကြမ်းငှက်ပျောသီးစိမ်းများကို ဝယ်ယူအသုံးပြုကြောင်း၊ ဝယ်ယူပြီး ငှက်ပျော သီးကို တစ်ညအိပ်ထားကာ နောက်တစ်ရက်နံနက်တွင် အခွံနွှာ၍ထုံးရည်ကြည် တွင် သုံးနာရီခန့် စိမ်ထားရကြောင်း၊ ထို့နောက် ရေသန့်ဆေး၍ ဆန်ဆေးရေ နှင့် စိမ်ထားခြင်း အား ဖြင့် အဖန်ဓာတ်အား ထိန်းညှိစေပါကြောင်း၊ ငှက်ပျော သီးအား ဓားဖြင့်ပါးပါးလှီး၍ သကြားနှင့်ဆားဖျော်ထားသည့် ရေထဲသို့ထပ်၍  စိမ်ထားရကြောင်း၊ ကုန်ချောဖြစ်လာစေရန် ဆီဖြင့်ကြော်၍ သင့်တင်သော အရောင်ရလာလျှင် ဆယ်ယူ၍ အအေးခံကာရရှိလာသော ငှက်ပျောကြော် များအား သုံးကျပ်သား၊ ငါးကျပ်သားချိန်တွယ်၍ အိတ်များဖြင့်ထုပ်ပိုးရ ကြောင်းနှင့် လုပ်သားဦးရေ ငါးဦးဖြင့် လုပ်ငန်းများဆောင်ရွက်နေကြောင်း သိရသည်။
ဈေးကွက်၊ ဈေးနှုန်းအနေဖြင့် ငှက်ပျောကြော သုံးကျပ်သားတစ်ထုပ်လျှင် ကျပ် ၅၀ဝ နှင့် ငါးကျပ်သား တစ်ထုပ်လျှင် ကျပ် ၉၀ဝ ဖြင့် မင်းဘူး၊ ပွင့်ဖြူ၊ စလင်း၊ မကွေးမြို့နယ်များသို့ ဖြန့်ဖြူးရောင်းချကာ ရန်ကုန်၊ နေပြည်တော် များမှလည်း မှာယူလျှင် ရောင်းချရကြောင်း သိရသည်။              

 

တင့်တင့်ထွန်း