Main menu

Background

ပွင့်လင်းရာသီအရောင်းအဝယ်သွက်နေသော ပုသိမ်ထီးဈေးကွက်

Mon, 12/04/2023 - 11:04 -- journal_editor

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ထုတ်လုပ် ရောင်းချနေသော ဈေးကွက်ဝင် မြန်မာ့လက်မှုရိုးရာ ပုသိမ် ထီးများကို ပြည်တွင်း/ပြည်ပ ဈေးကွက်အတွင်း ရောင်းချ လျက်ရှိသော်လည်း မိုးရာသီမှာ အရောင်းအဝယ်အေး၍ ပွင့်လင်းရာသီ ဧည့်ခရီးသွားများ အများဆုံး လာရောက်သည့် အတွက် အရောင်းအဝယ် သွက်လျက်ရှိကြောင်း နိုဝင်ဘာလ အတွင်း ပြည်ပဈေးကွက်တွင် ငွေဆောင်၊ ချောင်းသာကမ်းခြေ ဒေသသို့ လာရောက်လည်ပတ်သည့် ရုရှား၊ ဂျာမနီ၊ အမေ ရိကန်၊ သြစတြေးလျ၊ ထိုင်းနိုင်ငံသားများမှ အများဆုံး လာရောက်ဝယ်ယူလျက်ရှိသော ထီးအမျိုးအစားများမှာ အလှဆောင်းထီးနှင့် ကနုတ်ထီးများဖြစ်ပြီး ၁၂ လက်မ ၇၅၀ဝ ကျပ်၊ ၁၄ လက်မ ကျပ် ၉၀ဝ၀၊ ၁၅ လက်မ ကျပ် ၁၂၀ဝ၀၊ ၁၈ လက်မ ကျပ် ၂၅၀ဝ၀ ဈေးနှင့် ၆ ပေထီး ၇၅၀ဝ၀ ကျပ် ရှစ် ပေထီး ကျပ် ၁၀ဝ၀ဝ၀ ဈေးရှိပြီး    ရန်ကုန်ကုမ္ပဏီများမှ တစ် ဆင့်လည်း ပြည်ပသို့ တင်ပို့ရောင်းချမှုရှိကြောင်း၊ ပြည်တွင်း ဈေးကွက်တွင် ငွေဆောင်၊ ချောင်းသာ၊ ငပလီ ကမ်းခြေသုံး ထီးများနှင့်  နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပုဂံညောင်ဦး၊ အင်းလေး၊ မော်လမြိုင်မြို့များတွင် ဟိုတယ်အလှဆင်ထီးများ  ဝယ်ယူလျက်ရှိကြောင်း၊ ၎င်းအပြင် ရန်ကုန်၊ မော်လမြိုင်၊ တောင်ကြီး၊ ပြင်ဦးလွင်၊ ပြည်၊ မကွေး၊ စစ်ကိုင်း၊ ဟုမ္မလင်း၊ သထုံ၊ စစ်တွေ၊ မြန်အောင်နှင့် အခြားမြို့များမှလည်း အလှ ဆောင်းထီးနှင့် ကနုတ်ထီး အလက်ရေ ၁၅၀ဝ-၂၀ဝ၀ ခန့် ဝယ်ယူရန် အမှာစာများ ရရှိပြီး တင်ပို့ ရောင်းချလျက်ရှိကြောင်း ထီးလုပ်ငန်းရှင်ထံမှ သိရသည်။
ပုသိမ်ထီးပြုလုပ်ရာတွင် သစ်၊ ထီးရိုးဝါး၊ သရကူဝါး၊ တယ်သီး၊ ဖဲဖျင်၊ ပိတ်စ၊ ပြည်တွင်း ဒေသထွက်ကုန်များကို အသုံးပြု၍ ပြုလုပ်ထားပြီး ပြည်ပနိုင်ငံမှ ဝယ်ယူသည့် ကုန် ကြမ်းပစ္စည်းများမပါဝင်ဘဲ မြန်မာအနုပညာကို ဖော်ထုတ် ထားသည့် ဆေးဆိုးခြင်း၊ ကနုတ်ပန်းချီရေးဆွဲခြင်း ပုဂံခေတ် ရိုးရာပန်းချီကားပုံ၊ ရှုခင်းပုံ စသည်တို့ဖြင့် အလှဆင်ထားပြီး ထီးတစ်ချောင်းလုံးကို လက်ဖြင့်သာ ပြုလုပ်ထားသောကြောင့် ပြည်ပနိုင်ငံသားများ  ံညေိ ြေိန လက်မှုအနုပညာတစ်ခု အနေဖြင့် လူကြိုက်များကြောင်း ပုသိမ်ထီး  ပြုလုပ်ရာတွင် ရဟန်းဆောင်းထီး၊ သီလရှင် ဆောင်းထီး၊ ဝါးတစ်လုံးထီး၊ စားပွဲတင်ထီး၊ မီးအိမ်ထွန်းထီး၊ အလှဆောင်းထီး၊ ကမ်းခြေသုံး ထီး၊ အမျိုးမျိုးပြုလုပ် ရောင်းချလျက်ရှိပြီး မြန်မာနိုင်ငံ၏ ရိုးရာ ယဉ်ကျေးမှုလက်ရာ အနုပညာဖြစ်သော ပုသိမ်ထီးလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်ရေးနှင့် ကမ္ဘာတစ်ဝန်း အောင်မြင်ကျော် ကြားမှုရှိစေရေး ရိုးရာအမွေအနှစ်များ တိမ်မြုပ် ပျောက်ကွယ် ခြင်း  မရှိစေရန်သာမက ပြည်တွင်း၊ ပြည်ပဈေးကွက်တွင် ပုသိမ်ထီးဈေးကွက်  ပိုကျယ်ပြန့်လာစေရန်နှင့် အောင်မြင် တိုးတက်မှုများ ရရှိစေရန် ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ် ကြောင်း သိရသည်။

မင်းမင်းဦး (ပသ)