Main menu

Background

ဒေသထွက်ကုန် အရောင်းစင်တာများဖွင့်လှစ်

Mon, 12/04/2023 - 11:27 -- journal_editor

MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပဲခူးတိုင်း ဒေသကြီး ပဲခူးမြို့ရှိ ဥဿာဈေးအပေါ်ထပ်တွင် အောက်တိုဘာ ၁၉ ရက်ကလည်းကောင်း ပဲခူးတိုင်းဒေသကြီး ပြည်မြို့၊ ဗိုလ်ချုပ် မြင်းစီးရုပ်ရှေ့   ဗိုလ်ရှုခံ အဆောက်အအုံတွင် နိုဝင်ဘာ ၁၉ ရက်ကလည်းကောင်း ဒေသထွက်ကုန် အရောင်းစင်တာများအား ဖွင့်လှစ်နိုင်ခဲ့သည်။ထိုအရောင်းစင်တာများသည် အမြဲဖွင့်လှစ်ထားရှိပြီး ပြည်မြို့ရှိ ဒေသထွက်ကုန်အရောင်းစင်တာအား တနင်္ဂနွေနေ့မှလွဲ၍ ကျန်ရက်များတွင် နံနက် ၈ နာရီမှ ည ၈ နာရီအထိ ဖွင့်လှစ်ရောင်းချသည်။ ပြည်မြို့ရှိ ဒေသထွက်ကုန် အရောင်းစင်တာတွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ  ခရိုင်ခြောက်ခုမှ  ဒေသထွက်ကုန်ပစ္စည်း  အမျိုးအမည်ပေါင်း  ၁၆၀ ကျော်အား ရောင်းချလျက်ရှိ သည်။ထိုသို့ ဒေသထွက်ကုန်များ အရောင်းစင်တာဖွင့်လှစ်ရခြင်း၏ အားသာချက်မှာ စားသုံးသူပြည်သူများအနေဖြင့် ပဲခူးတိုင်း ဒေသကြီးမှထွက် ရှိသော ဒေသထွက် အစားအစာများကို တစ်နေရာတည်းတွင် ဈေးနှုန်းချိုသာစွာ ဝယ်ယူသုံးစွဲနိုင်မည်ဖြစ်သည်။ ြှနြ ထုတ်ကုန်လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ ထုတ်ကုန်များအား ပိုမိုတိုးတက်ထုတ်လုပ်လာနိုင်ပြီး အကျိုးအမြတ်များ လည်း ရရှိစေနိုင်မည်ဖြစ်သည်။ ထို့ပြင် အသေးစား၊ အငယ်စား၊ အလတ်စား ြှနြ လုပ်ငန်းများအတွက်လည်း ဈေးကွက်များ ပိုမိုချဲ့ထွင် ဆောင်ရွက်နိုင်ပြီး ပြည်တွင်းဈေးကွက်အပြင် နိုင်ငံတကာဈေးကွက်များသို့ ချိတ်ဆက်ဆောင်ရွက်သွားနိုင်မည် ဖြစ်သည်။ နိုင်ငံ့စီးပွား   ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ဒီထက်မက ထုတ်ကုန်များကို အဆင့်မြင့်စွာ ပိုမိုတိုးတက်ထုတ်လုပ်လာနိုင်စေရေး အထူးကြိုးစားဆောင်ရွက်သွားရန် ရေးသားလိုက်ရသည်။         

                                          
ဝေဝေမင်း (ပြည်)