Main menu

Background

ပြင်ဦးလွင်ဒေသထွက် ဆွယ်တာဈေးကွက်

Mon, 12/04/2023 - 11:37 -- journal_editor

ပန်းမြို့တော်(ခေါ်)ပြင်ဦးလွင်မြို့တွင် ဒေသ ထွက်ကုန်တစ်ခုဖြစ်သော သိုးမွှေး၊ ယုန်မွှေး၊ နိုင် လွန်ချည်၊ ရိုးရိုးချည်တို့နှင့်ဖန်တီးထားသော စက် ထိုးလက်ထိုးနှင့် ကလေးလူငယ်လူကြီးများအတွက် ခြေအိတ်၊ လက်အိတ်၊ တဘက်၊ ခြုံပုဝါ၊ မာဖလာ၊ ခေါင်းစွပ် ဦးထုပ်နှင့် အင်္ကျီမျိုးစုံတို့မှာ မိသားစု တစ်ပိုင်တစ်နိုင် လုပ်ငန်းတစ်ခုဖြစ်သည့်အပြင် အမျိုးသမီးများ အိမ်တွင်းလက်မှုလုပ်ငန်း  တစ်ခု ဖြစ်သည့်အတွက် အလုပ်အကိုင်  အခွင့်အလမ်း ရလဒ်တစ်ခုလည်းဖြစ်သည်။ ဆွယ်တာလုပ်ငန်း လုပ်ကိုင်သည့် အမျိုးသမီးတစ်ဦး၏ တစ်ရက်လုပ် သားခ ကျပ် ၇၀ဝ၀ မှ ၁၂၀ဝ၀ အထိ မိမိလုပ်ကိုင် သည့် လုပ်အားပေါ်မူတည်၍ ရရှိကြောင်းလည်း သိရှိရသည်။
ပြင်ဦးလွင်မြို့ ဆွယ်တာဈေးကွက်အနေနှင့် ကလေးဝတ်မျိုးစုံ တစ်ထည်လျှင် ကျပ် ၃၅၀ဝ မှ ၉၀ဝ၀ အထိ အရွယ်အစားနှင့် ဆိုဒ်ပေါ်မူတည်၍ ရောင်းဝယ်လျက်ရှိသည်။ လူလတ်ပိုင်းနှင့် လူကြီး ပိုင်း ကျား၊ မများအတွက် ခေါင်းစွပ်ဆွယ်တာ အထူအပါး မျိုးစုံရှိပြီး အပါး တစ်ထည်လျှင် ကျပ် ၈၅၀ဝ မှ ၁၅၀ဝ၀၊   အထူ  တစ်ထည်လျှင် ကျပ် ၁၈၀ဝ၀ မှ ၂၅၀ဝ၀၊    အမျိုးသမီးများအတွက် အပေါ်ထပ်ဝတ် ဒီဇိုင်းစုံဆိုဒ်စုံများကို တစ်ထည် လျှင် ကျပ် ၁၅၀ဝ၀ မှ ၃၅၀ဝ၀ အထိ အရောင် အသွေး စုံစုံလင်လင်နှင့် ဒီဇိုင်းဆန်းဆန်းလေးများ ရောင်းချပေးလျက်ရှိသည်။
အမျိုးသမီးများအတွက် သိုးမွှေးတဘက်နှင့် ချည်တဘက်များကို တစ်ထည်လျှင် ကျပ် ၆၀ဝ၀ မှ ၁၅၀ဝ၀ အထိ အထူအပါးနှင့် ဆိုဒ်ပေါ်မူတည်၍ ရောင်းချခြင်း၊ လည်ပင်းပတ်သည့် မာဖလာလေး များမှာ တစ်ထည်လျှင် ကျပ် ၆၅၀ဝ မှ ၁၅၀ဝ၀ ဝန်းကျင်ထိရှိသည်။ ဦးထုပ်ဒီဇိုင်းမျိုးစုံတို့မှာလည်း ရောင်းအားကောင်းသည့်  ဈေးကွက်တစ်ခုဖြစ် သည်။ ယုန်မွှေး အတိုအရှည်အင်္ကျီများ ဒီဇိုင်းမျိုးစုံ Ready ရှိပြီး ကြိုက်နှစ်သက်ပါက  လူကြီးဝတ် ကျား၊ မ ခေါင်းစွပ် ကျပ် ၂၀ဝ၀ဝ မှ ၃၅၀ဝ၀၊ ကုတ် အင်္ကျီဒီဇိုင်းများကိုမူ  အမျိုးသမီးများက ကြိုက်နှစ် သက်ပြီး အော်ဒါမှာယူပါကလည်း လက်ခံဆောင် ရွက်ပေးလျက်ရှိသည်။ ယခုနှစ်တွင် ဆောင်းရာသီ  စတင် ဝင်ရောက်လာပြီဖြစ်သည့်အတွက် ရာသီ ဥတုကလည်း အေးသည့်ဘက်သို့ပါရှိပြီး  နံနက် အာရုံတွင်  နှင်းများ  ကျဆင်းခြင်းတို့ကြောင့် ကလေး၊ လူကြီးများအကြိုက် ဒေသထွက် ဦးထုပ် မာဖလာနှင့် တဘက်တို့ကို ဝယ်ယူရန် တစ်ခေါက် တစ်ခါ   အရောက်လှမ်းခဲ့ကြဖို့    ပန်းမြို့တော် (ပြင်ဦးလွင်)မှ  ဖိတ်ခေါ်လိုက်ရပါသည်။

 

 ယဉ်ယဉ်အေး