Main menu

Background

ပြည်ခရိုင်တွင် လျှော်ဖြူစေးများ စတင်ထုတ်လုပ်

Mon, 12/04/2023 - 12:09 -- journal_editor

ပြည်ခရိုင်အတွင်းတွင် လျှော်ဖြူစိုက်ဧကမှာ ၉၅၁ ဧကရှိပြီး အပင်ရေမှာ ၁၁၇၀၅၀ ပင်စိုက်ပျိုး ထားကြောင်း သိရသည်။ ယခုနှစ်တွင် ၎င်းအခင်းများထဲမှ ရွှေတောင်၊ ပြည်၊ ပေါက်ခေါင်းမြို့နယ်များ ရှိ လျှော်ဖြူအပင်ရေ ၁၉၈၀ကို မန်းထစ်ထားပြီး ကြာဇံအစေးများ စမ်းသပ်ထုတ်လုပ်မည်ဟု သိရှိရ သည်။ လျှော်ဖြူဈေးကွက်တွင် ရိုးရိုးလျှော်ဖြူစေးနှင့် ကြာဇံစေးဟူ၍ နှစ်မျိုးရှိပြီး ရိုးရိုးလျှော်ဖြူစေး ထုတ်လျှင် ကုန်ကျစရိတ်နှင့် တွက်ခြေမကိုက်သည့်အတွက်ကြောင့် ထုတ်ယူခြင်းမပြုဘဲ ကြာဇံစေးသာ စမ်းသပ်ထုတ်လုပ်မည်ဖြစ်သည်။
လျှော်ဖြူဈေးကွက်အနေဖြင့် မန္တလေးဈေးကွက်သို့ တင်ပို့ရောင်းချမှုရှိသလို မန္တလေးဝယ်လက် များမှလည်း လာရောက်ဝယ်ယူလျက်ရှိသည်။ ယခုအချိန်တွင် လျှော်ဖြူစေးထွက်ရှိမှု နည်းပါးနေသော ကြောင့် မန္တလေးဈေးကွက်သို့ ကားဖြင့်သာ ချိတ်ဆက်တင်ပို့ရောင်းချမှုများရှိပြီး ဈေးနှုန်းအနေဖြင့် စတင်မန်းထစ်ချိန်တွင် ရိုးရိုးစေးတစ်ပိဿာလျှင် ကျပ် ၈၀ဝ၀-၁၀ဝ၀ဝ နှင့် ကြာဇံစေး တစ်ပိဿာ လျှင် တစ်သိန်းဝန်းကျင်ခန့်ဈေးပေး၍  ဝယ်ယူမှုရှိခဲ့ပြီး ယခုအချိန်တွင် ရိုးရိုးအစေး တစ်ပိဿာလျှင် ကျပ် ၅၀ဝ၀-၆၀ဝ၀ နှင့် ကြာဇံအစေးတစ်ပိဿာလျှင် ကျပ်  ၈၀ဝ၀ဝ-၈၅၀ဝ၀ ဈေးရရှိကြောင်း သိရ သည်။

အေးမျိုးရွှေ (ပြည်)