Main menu

Background

ပြည်ဒေသထွက်ဆောင်းသီးနှံစျေးကွက်

Mon, 02/05/2024 - 11:37 -- journal_editor

ဗိုလ်ကိတ်
ပြည်ပဲဈေးကွက်မှာ ဆောင်းပဲသီးနှံတစ်မျိုး ဖြစ်သည့် ဗိုလ်ကိတ်ပဲသီးနှံကလည်း နေ့စဉ်ဝင်ရောက် လျက်ရှိသည်ကို တွေ့ရသည်။ ပြည်အနီးတစ်ဝိုက် ဒေသများမှ ဝင်ရောက်ကြပြီး   လက်လီလက်ကား ရောင်းဝယ်မှုဖြစ်သည်ဟု  သိရသည်။ ပဲအဝင် နေ့စဉ်အိတ် ၅၀ ကျော် ၁၀ဝအဝင်ရှိသလို လက်လီ အပြင် လက်ကား သမားများလည်း ဝယ်ယူကြသည့် အတွက် အဝင်ရှိသလောက်  အရောင်းအဝယ်ဖြစ် ခဲ့သည်။
ဈေးနှုန်းအနေဖြင့်    ယခင်နှစ်ဆန်းပိုင်းတွင် ပဲတစ်တင်း  ကျပ် ၄၁၀ဝ၀ ဖြင့်   အရောင်းအဝယ် ဖြစ်ခဲ့ပြီး ယခုနှစ် ပဲတစ်တင်း   ကျပ် ၇၆၀ဝ၀ မှ  ကျပ် ၇၇၀ဝ၀ အထိ ဈေးရခဲ့ခြင်းကြောင့် ယခင် နှစ်ဈေးထက် ဈေးပိုရသလို  ပဲလွမ်းဖြူသီးနှံသည် လည်း ဈေးပိုနေခဲ့သည်ကို တွေ့ရသည်။  ဗိုလ်ကိတ်ပဲ သီးနှံသည် ပဲသစ်အဝင်များချိန်လောက်သာ  ဈေး ကွက်အတွင်း လက်လီလက်ကား ရောင်းဝယ်နေမှု များသော်လည်း ကျန်ကာလများတွင် လှောင်ပဲများ ဖြင့်သာ လက်လီ ပုံမှန်အဝယ်ရှိခဲ့သည့်   ပဲသီးနှံ ဖြစ်ကြောင်း သိရပါသည်။
ပဲပုပ်
ဆောင်းသီးနှံပဲသစ်များ  ပြည်ဈေးကွက်သို့ ဝင်ရောက်လာပြီဖြစ်ပြီး    ပဲပုပ်သီးနှံသည်လည်း ပဲသစ်များ ဒီဇင်ဘာလဆန်းပိုင်းကတည်းက စတင် ဝင်ရောက်လာခဲ့ကာ  ယခုချိန်ထိလည်း    နေ့စဉ် ပဲသစ်များ ဝင်ရောက်မှုရှိကြသည်။   ပေါင်းတ လည်၊   ပေါက်ခေါင်း၊   ပန်းတောင်းဒေသများမှ ဝင်ရောက်ခဲ့ပြီးဒေသတွင်းဝယ်ယူမှုရှိသလို ရန်ကုန် ဝယ်လက်များလည်း အဝင်ရှိသလောက် ဝယ်ယူမှု ရှိခဲ့ကြသည်။ ပဲသစ်ပေါ်စ    ပဲပုပ်သီးနှံဈေးမှာ တစ်တင်း  ကျပ် ၆၄၀ဝ၀ ရရှိခဲ့ပြီး ယခင်နှစ်ကာ လတူအချိန်ဈေးဖြင့်ယှဉ်လျှင် ကွာခြားမှု  သိပ်မရှိ ခဲ့ဘဲ  ရောင်းဝယ်ခဲ့ကြသည်။    ယခုနှစ်အတွင်း အခြား ပဲသီးနှံအားလုံးလိုလို ဈေးနှုန်းများမြင့်တက် လာ၍ ဈေးကောင်းရလျက်ရှိသော်လည်း ပဲပုပ် သီးနှံများသည် ဈေးအေးနေခဲ့သည်ကို  တွေ့ရ သည်။ ယခု  ဖေဖော်ဝါရီလဆန်းပိုင်းတွင် ပဲပုပ် သီးနှံတစ်တင်း  ကျပ် ၆၁၀ဝ၀မှ  ၆၄၀ဝ၀ အထိ  ပဲအရည်အသွေးလိုက်၍ ဈေးနှုန်းကွာခြားမှုရှိကြ သည်ဟု သိရသည်။ ထို့ကြောင့် ပြည်ပဲဈေးကွက်၏ ဆောင်းပဲသစ်ဈေးကွက်မှာ     ပဲပုပ်သီးနှံသည် အခြားပဲများထက် ဈေးအနိမ့်ဖြင့်သာ ရောင်းဝယ် နေခဲ့ကြောင်း သိရသည်။
စားတော်ပဲ
ပြည်ဈေးကွက်မှာ    လက်လီ/လက်ကား ပဲမျိုးစုံ ရောင်းဝယ်လျက်ရှိရာ   မတ်ပဲ၊ ပဲတီစိမ်း၊ ကုလားပဲ၊ ပဲစင်းငုံ၊ ပဲကြီး စသည့် သီးနှံများ လက် ကားရောင်းဝယ်မှုဖြစ်ကြပြီး လက်လီ‌ရောင်းဝယ်မှု အဖြစ်များသည့် ပဲမှာ  နံနက်စာတွင် နေ့စဉ်လိုလို ပါဝင်နေသည့် စားတော်ပဲ  သီးနှံဖြစ်သည်။ စား တော်ပဲသီးနှံသည်   လက်ကားသမား၊   လက်လီ သမားရောင်းဝယ်မှု ပိုဖြစ်ပြီး နှစ်စဉ်လိုလို အခြားပဲ များအားလုံးထက် ဈေးပိုရလျက်ရှိခဲ့သည်။ ၂၀၂၂ ခုနှစ်နောက်ပိုင်း ပဲဈေးနှုန်းဈေးကွက်မှာ စားတော် ပဲသီးနှံဈေးမှာ ပိဿာ ၂၀ တစ်တင်း ကျပ် တစ်သိန်း အထိ   ဈေးကောင်းရရှိခဲ့ကာ ပဲဈေးကွက်အတွင်း ဈေးအမြင့်ဆုံးဖြင့် စံချိန်တင် မြင့်တက်လာခဲ့သည့် ပဲသီးနှံဖြစ်ခဲ့သည်။     နှစ်စဉ်  ဆက်လက်ဈေး ကောင်းရလာပြီး ယခု ၂၀၂၄  ဖေဖော်ဝါရီလဆန်း ပိုင်းတွင်လည်း    ပဲတစ်တင်းလျှင် ကျပ် ၁၂၀ဝ၀ဝ ဖြင့် ပဲဟောင်းလက်ကျန်မှာ လက်လီဝယ်ယူမှုများ ဖြင့် ရောင်းဝယ်နေခဲ့ရကြောင်း သိရသည်။
ရဲကျွန်း(ခေါ်)မင်းတုန်းကြက်သွန်နီ
ကြက်သွန်နီမျိုးစိတ်   အများအပြားရှိသည့် အထဲမှ ရဲကျွန်း(ခေါ်)မင်းတုန်း ကြက်သွန်နီသည် အသေးဆုံးနှင့် အချိုဆုံး  ကြက်သွန်နီဖြစ်သည်။ ရိုးရိုးကြက်သွန်များကို ဈေးများတွင် အလွယ်တကူ ဝယ်ယူ၍ရသော်လည်း   မင်းတုန်းကြက်သွန်နီမှာ တစ်ရာသီသာပေါ်သောကြောင့်  ယခုအချိန်တွင် ဝယ်ယူစုဆောင်းထားသင့်သည်။     ပင်ခြောက်  ဆောင်းကြက်သွန်နီဖြစ်သောကြောင့်   နှစ်ပေါက် အထားခံသည်။  မင်းတုန်းကြက်သွန်နီ   ဈေးနှုန်း အနေဖြင့် တစ်ပိဿာလျှင် ကျပ် ၃၀ဝ၀ နှုန်းဖြင့် ရောင်းချပြီး အထုံးတစ်ထုံးလျှင် ၃၀ဝကျပ်နှုန်းဖြင့် ရောင်းချကြောင်း သိရသည်။
မန်ကျည်းမှည့်
ပြည်ခရိုင်အတွင်းရှိ မြို့နယ်များတွင် မန် ကျည်းသီးအစိမ်း တစ်ဖြစ်လဲ မန်ကျည်းမှည့်မရောက် ခင် စပ်ကြားကာလတွင် မန်ကျည်းမှည့်  ကြက်ဆူ တက်ဟုခေါ်သော  မန်ကျည်းသီးများ စတင်ထွက် ပေါ်လာပြီဖြစ်သည်။   ထိုမန်ကျည်းမှည့်များကို ပြည်မြို့အနီးရှိ ကျေးရွာများ၊ ပေါင်းတလည်၊ ခွေးရဲ ကျေးရွာ၊ ရွှေတောင်မြို့နယ်၊ ကျီးသဲနှင့် မြို့မရွာတို့ မှလည်း ပြည်ဈေးကွက်များသို့  လာရောက် ရောင်း ချကြောင်း သိရသည်။ ပေါ်ဦးပေါ်ဖျား  မန်ကျည်း သီးများဖြစ်သည့်အတွက်   ယခု ဖေဖော်ဝါရီလ ဆန်းပိုင်းတွင် တစ်ပိဿာလျှင် ကျပ် ၇၀ဝ၀-၈၀ဝ၀ ဖြင့် ဈေးကောင်းရလျက်ရှိကြောင်း သိရသည်။

 

ခင်ဆွေဝင်း၊ ယဉ်သိမ့်နွေး၊ ဝင်းဝင်းခိုင် (ပြည်)