Main menu

Background

ယောဒေသထွက် ယောလုံချည်ကွင်းများ၏ ဈေးနှုန်းဈေးကွက်

Mon, 03/04/2024 - 11:08 -- journal_editor

ယောဒေသထွက်လုံချည်ကွင်းများကို ယော ဒေသဖြစ်သော ဂန့်ဂေါမြို့ပေါ်တွင်သာမက နယ် များတွင်လည်း ယောလုံချည် “ကျား”ဝတ်၊ “မ”ဝတ် များ ရက်လုပ်လျက်ရှိသည်။ ယောလုံချည်  ကျား ဝတ်၊ မဝတ်များကို အသုံးပြုသော   ချည်များမှာ အများအားဖြင့် အိန္ဒိယ ချည်များကို  အသုံးပြုကြ ပြီး အပွင့်ကောက်လေးများကို ပိုးချည်၊ ရိုးရိုးချည် များကို အသုံးပြု၍ ရက်လုပ်ကြသည်။  ယောချည် ထည်များ ယက်လုပ်ရာတွင်  “မ”ဝတ်ပွင့်ကောက် လုံကွင်းများကို တစ်ရက်လျှင်   တစ်ထည်နှုန်းဖြင့် တောင်သူလုပ်ငန်းများနှင့်တွဲဖက်၍ လုပ်ကိုင်ကြ သည်။   လုပ်သားခအနေဖြင့် လုံချည်အမျိုးအစား လိုက်၍ တစ်ကွင်းလျှင်   ကျပ်  ၅၀ဝ၀  မှ  ၁၀ဝ၀ဝထိ ရှိကြောင်း ရက်ကန်း လုပ်သားများထံမှ သိရသည်။
ရက်ကန်းရက်လုပ်သော ရွာများမှာ ဝက် သက်၊ ဝါးဖိုးချောင်၊   အုန်းချောင်း၊  ရွှေကုန်တိုင်၊ အိုင်းမ၊ လောင်းဘိုလေး၊  လောင်းဖိုကြီး၊ အုန်းတွဲနှင့် ထီးလင်းမြို့နယ်ရှိ ရွာများမှ ရက်လုပ်ကြပြီး ထွက် ရှိသော ယောလုံချည် “မ”ဝတ်များမှာ စပေါ့၊ နှင်းဆီ ခိုင်၊ စပယ်ထွာပို၊ နှင်းဆီခိုင်ရိုးရိုး၊   နှင်းဆီစစ်နှင့် “ကျား”ဝတ်ပုဆိုးများမှာ ကင်းတဒ်၊  ကွက်တူ၊ စောင်းကောက်၊ ကျေးရုပ်၊ အင်းမကွက်  (မယားခိုး ကွက်)၊ ထီးလင်း၊ ဂန့်ဂေါစပယ်ရှယ်များ ထွက်ရှိပြီး ဈေးနှုန်းများမှာလည်း အမျိုးအစားများကို လိုက်၍ ကွဲပြားခြားနားကြသည်။ 
ဈေးနှုန်းများအနေဖြင့် “မ”ဝတ်လုံချည်ကွင်း များဖြစ်သော  စပေါ့လုံချည်ကွင်း   တစ်ကွင်းလျှင် ကျပ် ၁၆၀ဝ၀၊ စပေါ့ဝမ်းဆက် တစ်ကွင်းလျှင် ကျပ် ၂၇၀ဝ၀ ၊ နှင်းဆီခိုင်တစ်ကွင်းလျှင် ကျပ်၂၇၀ဝ၀၊ နှင်းဆီစစ် တစ်ကွင်းလျှင် ကျပ် ၂၃၀ဝ၀ ၊ နှင်းဆီခိုင် ရိုးရိုးတစ်ကွင်းလျှင် ကျပ် ၁၉၀ဝ၀၊ စပယ်ထွာပို တစ် ကွင်းလျှင် ကျပ် ၁၈၀ဝ၀ တို့ဖြစ်သည်။ 
“ကျား”ဝတ်လုံချည်ကွင်းများ၏   ဈေးနှုန်း များမှာ ညု ၊ ကျေးရုပ်၊ ကင်းတဒ်၊ ထီးလင်း တစ် ကွင်းလျှင်ကျပ် ၁၇၀ဝ၀ ၊  ကင်းတဒ်တစ်ကွင်းလျှင် ကျပ်၁၂၀ဝ၀ ၊ကွက်တူတစ်ကွင်းလျှင် ကျပ်၁၁၀ဝ၀၊ အင်းမကွက်(မယားခိုးကွက်)တစ်ကွင်းလျှင် ကျပ် ၁၈၀ဝ၀  နှင့် မျက်နှာသုတ်တဘက်  တစ်ထည်လျှင် ကျပ် ၄၀ဝ၀ ဖြစ်ပြီး    မြန်မာနိုင်ငံ အနှံ့အပြားသို့ တင်ပို့ ရောင်းချလျက်ရှိ‌ကြောင်း ယောလုံချည်ကွင်း များ ဖြန့်ဖြူးသူထံမှ သိရှိရသည်။

လှိုင်ဥမ္မာဦး(ပခုက္ကူ)