Main menu

Background

မွန်ပြည်နယ်ဒေသထွက် မင်းကွတ်သီး ဈေးကောင်းရ

Fri, 05/10/2024 - 14:42 -- journal_editor

မင်းကွတ်သီးကို   မွန်ပြည်နယ်အတွင်း မြို့နယ် ၁၀ မြို့နယ်လုံးတွင်  စိုက်ပျိုးလေ့ရှိ သည်။ မင်းကွတ်သီးထွက်ရှိသည့် ဧပြီလကုန်နှင့် မေလအစတွင် အသီးများစတင်ခူးဆွတ်၍ ဈေး ကွက်အတွင်း ဝင်ရောက်နေပြီဖြစ်သည်။ ယခုနှစ်တွင် ဒေသစာ၊ ရာသီစာဖြစ်သော မင်းကွတ်သီးများ အထွက်နှုန်း ကောင်းသည်။  ပေါ်ဦးပေါ်စတွင် မင်းဂွတ်သီး ဈေးကောင်းရရှိ သည်။  မင်းကွတ်သီး၏ အရွယ်အစားပေါ်မူတည်၍ ဈေးနှုန်း ကွာဟမှုရှိသည်။ မင်းကွတ်သီး (အကြီး) တစ်လုံးလျှင်  ကျပ် ၇၀ဝ၊ မင်းကွတ်သီး (အလတ်) တစ်လုံးလျှင်  ကျပ် ၅၅၀ နှင့် မင်းကွတ်သီး (အသေး)တစ်လုံးလျှင်   ကျပ် ၃၀ဝ  ခန့်ရရှိ၍ အရောင်းအဝယ်သွက်လျက်ရှိသည်။ 
မွန်ပြည်နယ်အတွင်း မင်းကွတ်သီးစိုက်ပျိုးသည့် ဧက ၆၀ဝ၀ ကျော်ရှိသည်။  မင်းကွတ်သီးအထွက်နှုန်းမှာ ယခင်နှစ် ထက် အသီးထွက်ကောင်း၍ စိုက်ပျိုးသူတောင်သူများ အကျိုး အမြတ်ခံစားမှုရရှိသည်။ တောင်သူများအနေဖြင့် မင်းကွတ် သီးစိုက်ပျိုးရာတွင် ဆုံးရှုံးမှုနည်း၍ အမြတ်များသော သီးပင် ဖြစ်သည်။  မင်းကွတ်ပင်ကို ရေပုံမှန်ပေးနိုင်သောကြောင့် အထွက်နှုန်းကောင်း၊ အသီးအလုံးကောင်းများ ထွက်ရှိသည် ဟု မင်းကွတ်သီးစိုက်ပျိုးတောင်သူများမှသိရသည်။  မွန်ပြည် နယ်အတွင်းထွက်ရှိသည့် မင်းကွတ်သီးများကို တိုင်းဒေသ ကြီး/ပြည်နယ် မြို့နယ်များသို့အသီးသီးသို့ တင်ပို့လျက်ရှိသည်။
၎င်းမင်းကွတ်သီးကို စားသုံးခြင်းဖြင့် ရေ၊ စွမ်းအင်၊ ပရို တင်း၊ ကာဗိုဟိုက်ဒရိတ်နဲ့ အမျှင်ဓာတ်များ ကြယ်ဝစွာ ပါဝင် သည့်အတွက်  ကျန်းမာရေးအထောက်အကူပြု၍ ခန္ဓာကိုယ် အတွက် မရှိမဖြစ် လိုအပ်သော ကယ်လ်ဆီယမ်၊ သံဓာတ်၊ ဖော့စ်ဖရပ်စ်၊ ပိုတက်ဆီယမ်၊ ဇင့်၊ ကော့ပါးနှင့်မဂ္ဂနီစသော အာဟာရဓာတ်များ  ကြယ်ဝစွာပါဝင်သည်။   ရာသီစာ၊ အအေးစာ၊ ဓာတ်စာ၊ အေးမြချိုမွေးအရသာရှိသော မင်းကွတ် သီးကို စားသုံးမှုများကြောင်း တွေ့ရသည်။ 

 

ခင်ကြည် (မွန်ပြည်နယ်)