Main menu

Background

တောင်ငူမြို့ မှ ဒူးရင်းသီး

Fri, 05/10/2024 - 14:44 -- journal_editor

ယခုရာသီစာများထဲမှ လူကြိုက်အများဆုံး အသီးအနှံတစ်ခုဖြစ်သည့် ဒူးရင်း သီးများကို တောင်ငူမြို့တွင် ရောင်းချနေကြပြီဖြစ်သည်။ တောင်ငူမြို့ အရှေ့ဘက် ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် သံတောင်၊ ဘောဂလိ၊ လိပ်သိုဒေသများမှ ပေါ်ဦးပေါ်ဖျား ဒူးရင်းသီးများကို တောင်ငူမြို့သို့ လာရောက်ရောင်းချကြသည်။ ၂၀၂၄ခုနှစ် ဧပြီလနောက်ဆုံးပတ်တွင် ရောင်းချသော ဈေးနှုန်းအနေဖြင့် ဒူးရင်းသီး တစ်လုံးလျှင်  ကျပ် ၇၅၀ဝ မှ ကျပ်  ၂၀ဝ၀ဝ အထိ ရောင်းချနေကြောင်း သိရသည်။ ဒူးရင်းသီးသည် ပိုတက်ဆီယမြွ်ကယ်ဝသော အသီးတစ်မျိုးဖြစ်သည်။ ဒူးရင်းသီး စားခြင်းအားဖြင့် သွေးပေါင်ချိန်ကို အကောင်းဆုံးထိန်းညှိပေး၍ သွေးတိုး မဖြစ်စေရန် ကာကွယ်ပေးကြောင်းလည်း သိရသည်။ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်ကြသော်လည်း ဒူးရင်းသီးကို အလွန် အကျွံစားသုံးလျှင် အော့အန်ခြင်းများ၊ လေအောင့်ခြင်းများ စသည်တို့ကိုခံစားရ မည်ဖြစ်ကြောင်း လေ့လာတွေ့ရှိချက်များအရ သိရသည်။

 

ချမ်းမြေ့စိုး(တောင်ငူ)