Main menu

Background

အညာမြေဒေသထွက်ကုန် မန်ကျည်း

Mon, 06/03/2024 - 11:09 -- journal_editor

 သဘာဝမန်ကျည်းဖျော်ရည် ပုလင်းဘူးများကို ခေတ်မီဆန်းသစ်စွာဖြင့် ထုပ်ပိုးထားရှိပြီး တစ်ပုလင်းလျှင် ကျပ် ၅၀ဝ၀-၅၅၀ဝ၊ တစ်ဘူးလျှင် ကျပ် ၈၀ဝ၀ ဈေးရှိပြီး မြန်မာနိုင်ငံတစ်ဝန်း ဖြန့်ဖြူးရောင်းချလျက်ရှိပြီး လူတိုင်း ကြိုက်နှစ်သက်သည့် ပခုက္ကူမြို့၏ အညာဒေသထုတ်ကုန် ဓာတုကင်းစင်ဆေးဖက်ဝင် မန်ကျည်းဖျော်ရည်ဖြစ်သည်။ 
မန်ကျည်းမှည့် ဈေးနှုန်းဈေးကွက်အနေဖြင့် ယခု နှစ်တွင် မန်ကျည်းအသီးတင်ရှိမှုနည်း၍ အထွက်နည်းခြင်း အပြင် ပြည်ပနိုင်ငံများမှလည်း အဝယ်လိုက်ခြင်းကြောင့် ဖေဖော်ဝါရီလ မန်ကျည်းမှည့်အသစ် ပေါ်ချိန်မှစ၍ ဈေး နှုန်းမြင့်တက် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။   မန် ကျည်းမှည့်ကို ဒေသတွင်းစားသုံးသူများမှ လက်လီဝယ်ယူ စားသုံးမှုများကြသည်။ ပြည်ပနိုင်ငံများသို့ ကုန်ချိန်အများ ဆုံး  တင်ပို့လျက်ရှိသည်။ ယခုနှစ်တွင် မန်ကျည်းမှည့် တစ်ပိဿာလျှင် အစေ့ပါလုံးတည်း ကျပ် ၂၅၀ဝ-၂၆၀ဝ ၊ မန်ကျည်းသားအစေ့လွတ် တစ်ပိဿာလျှင် ကျပ် ၅၀ဝ၀-၆၀ဝ၀ ဈေးဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပြီး ယခင်နှစ် မန်ကျည်းပေါ်ချိန်  ဈေးကွက်တွင် မန်ကျည်းမှည့် တစ် ပိဿာလျှင် အစေ့ပါ လုံးတည်း ကျပ  ၁၂၅၀-၁၃၀ဝ ၊ မန် ကျည်းသား အစေ့လွတ်တစ်ပိဿာ ကျပ် ၃၀ဝ၀-၃၅၀ဝ ဈေးအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။ ပခုက္ကူ မန်ကျည်းဈေးကွက်သို့ ယခင်နှစ်က မန်ကျည်းကုန်ချိန် ပိဿာ သိန်း ၃၀ ခန့် ဝင်ရောက်ခဲ့သော်လည်း ယခုနှစ်တွင် မန်ကျည်း အပွင့်အသီးလိုက်ချိန်တွင် ရာသီဥတု ဖောက် ပြန်မှုကြောင့် အသီးတင်မှု နည်း၍ မန်ကျည်းပိဿာ  ၁၅ သိန်းခန့်သာ ဝင်ရောက်ကြောင်း မြို့ပေါ် ရှိ မန်ကျည်းသို လှောင်ဖြန့်ဖြူးရောင်းဝယ်ရေး  လုပ်ငန်းရှင်တစ်ဦးထံမှ သိရသည်။
ပခုက္ကူဈေးကွက်သို့ ဝင်ရောက်လာသည့် မန်ကျည်း မှည့်များကို မြို့ပေါ်ရှိ လုပ်ငန်းရှင်ကြီးများက ဝယ်ယူသို လှောင်ထားရှိပြီး ဒေသတွင်းလုပ်ငန်းရှင်များနှင့် ပြည်ပ နိုင်ငံများသို့ ဖြန့်ဖြူးလျက်ရှိရာ ပခုက္ကူမြို့မှ ကျောက်ပန်း တောင်း၊ ရန်ကုန်၊ မန္တလေးမြို့များသို့ တင်ပို့လျက်ရှိပြီး ထိုမှတစ်ဆင့် ပြည်ပနိုင်ငံ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံများ သို့ ပို့ကုန်အဖြစ် တင်ပို့လျက်ရှိကြောင်း သိရသည်။
မန်ကျည်းမှည့်သည် စားဖိုဆောင် သီးနှံတစ်မျိုး ဖြစ်ပြီး မန်ကျည်းတစ်ပင်လုံးမှာလည်း လူသားအားလုံး အတွက်  အသုံးဝင်သည့် ဆေးဖက်ဝင်အပင်ဖြစ်သည်။ မန်ကျည်းမှည့်ကို ပြည်တွင်း၌လည်း စားသုံးမှုများပြား  လျက်ရှိပြီး စီးပွားရေးလုပ်ငန်းရှင်များမှလည်း စားသောက် ကုန်၊ လူသုံးကုန်ပစ္စည်းများအပြင် မြန်မာ့တိုင်းရင်းဆေးဝါး များ   ဖော်စပ်ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိ၍  ပြည်တွင်း ြှနြ အသေးစား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ခြင်းဖြင့် ဒေသခံပြည်သူများမှလည်း အလုပ်အကိုင် အခွင့် အလမ်းများစွာရရှိပြီး ပြည်ပနိုင်ငံများသို့လည်း တင်ပို့ ရောင်းချရ၍  နိုင်ငံတော်အနေဖြင့်လည်း တစ်ဖက်တစ် လမ်းမှ နိုင်ငံခြားဝင်ငွေရရှိသည့်အပြင် ပြည်တွင်း၊ ပြည်ပ ကုန်သွယ်မှု လုပ်ငန်းများလည်း  ဖွံ့ဖြိုးတိုးတက်လျက်ရှိ သည်။ သို့ဖြစ်ပါ၍ မန်ကျည်းစိုက်ပျိုးသူများအနေဖြင့် အကျိုးအမြတ်များစွာ  ရရှိသဖြင့်    ဒေသအနှံ့အပြား အလွယ်တကူ ပေါက်ရောက်လွယ်သော မန်ကျည်းပင်ကို ပိုမိုတိုးချဲ့ စိုက်ပျိုးသင့်ပါကြောင်း လေ့လာသုံးသပ် တင်ပြ အပ်ပါသည်။ 

မြင့်မြင့်သန်း (ပခုက္ကူ)