Main menu

Background

ကရင်ပြည်နယ်ထွက် ရာသီသီးနှံ

Mon, 07/01/2024 - 14:58 -- journal_editor

ဒူးရင်းသီး 
ကရင်ပြည်နယ်အတွင်း ‌ကော့ကရိတ်‌တောင် ပိုင်းဒေသသည် ဒူးရင်းသီး အထွက်အများဆုံး ဖြစ် ပြီး ‌ယခုနှစ်ဇွန်လအတွင်း ကရင်ပြည်နယ် စက္ကဝက် ဒေသထွက် ဒူးရင်းသီးများမှာ ဈေးကောင်းရရှိပြီး အရောင်းသွက်ကြောင်း သိရသည်။
စက္ကဝက်ဒေသထွက်   ဒူးရင်းသီးများမှာ အကြီးတစ်လုံးလျှင်   ကျပ်  ၁၃၀ဝ၀ မှ ၁၅၀ဝ၀၊ အလတ်   တစ်လုံးလျှင်  တစ်လုံး ကျပ် ၁၀ဝ၀ဝ၊ အသေး တစ်လုံးလျှင် တစ်လုံး ကျပ် ၅၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
ဒူးရင်းသီးများကို တောင်ကြာအင်း၊ ‌လောင်း ကိုင်၊ ဖားကျ၊ သမိန် ဒွတ်၊ ဝင်းက၊ စက္ကဝက်၊ အစွန်း စသည့် ‌ကျေးရွာများတွင် ဒူးရင်းခြံ အများအပြား ရှိကာ သံ‌တောင်ကြီးမြို့နယ်တွင်လည်း ဒူးရင်းခြံ စိုက်ပျိုးသူများရှိ‌ကြောင်း  သိရသည်။
သဘာဝမှို
မိုးရာသီအစ မိုးတစ်ကြိမ်နှစ်ကြိမ်ခန့် ရွာ အပြီးတွင် မှိုများ ထွက်ပေါ်လေ့ရှိပြီး ကရင်ပြည် နယ်တွင် ဇွန်လနှောင်းပိုင်း၌ မှိုများထွက်ပေါ်၍ ဈေးကွက်အတွင်း ရောင်းချနေကြကြောင်း သိရ သည်။
ကရင်ပြည်နယ် ဘားအံခရိုင် ထီလုံဒေသမှ မှိုအများဆုံးထွက် ပြီးထီလုံမှ ထွက်ရှိသော မှိုဈေး နှုန်းများမှာ ပေါ်ဦးပေါ်ဖျားဖြစ်၍ ဈေးကောင်းရ နေပြီး အဖူးတစ်ပိဿာလျှင် လေးသောင်းကျပ်၊ အပွင့်တစ်ပိဿာလျှင် သုံးသောင်းကျပ်ဖြင့် ဘားအံ မြို့ မြို့မဈေး၊ လမ်းဂွဈေးတို့တွင်  ရောင်းချသည်ကို တွေ့ရပြီး မှိုဈေးကောင်းကြောင်း သိရသည်။
မှိုကို လူကြိုက်များသဖြင့် အချို့က စီးပွား ဖြစ်စိုက်ပျိုး၍ ရောင်းချလေ့ရှိရာ ဈေးကွက်အတွင်း ရာသီမရွေး ဝယ်ယူစားသုံးနိုင်သော်လည်း စိုက်ပျိုး ရေးမှိုထက် ဈေးကြီးသော သဘာဝမှိုများကို လူ အများကြိုက်နှစ်သက်ကြောင်းနှင့်  ကရင်ပြည်နယ် တွင် သစ်တောကြိုးဝိုင်းများတည်ရှိရာ ထီလုံဒေသ မှ မှိုအများဆုံး   ထွက်ရှိပြီး ထီလုံဒေသထွက် သဘာဝမှိုများမှာ ဈေးကောင်း၍  လူအများ ကြိုက် နှစ်သက်ကြောင်း သိရသည်။ 
အင်ဥ
မိုးဦးကျအချိန်တွင်   မြန်မာလူမျိုးများ အကြိုက်  ရာသီစာ အင်ဥများထွက်ပေါ်လာကြပြီး  ကရင်ပြည်နယ် ရေပေါ်ဈေးတွင် အင်ဥများရောင်း ချနေကြသည်ကို တွေ့ရသည်။ အင်ဥကို နို့ဆီဘူး ဖြင့် ချိန်တွယ်ရောင်းချပြီး ယခုနှစ်အင်ဥ ပေါက် ဈေးမှာ တစ်ဘူးလျှင် ကျပ် ၃၀ဝ၀ ဖြစ်ကြောင်း သိရသည်။
အင်ဥများသည် အပြင်အခွံတွင် မည်းနေ တတ်ပြီး အတွင်းပိုင်းတွင်ဖြူဖွေးနေသည်။ အတွင်း ပိုင်းမည်းနေသော  အင်ဥအား  အင်ဥရင့်များဟု ခွဲခြားနိုင်သည်။ အင်ဥများကို အရွယ်တော်လှီးပြီး ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊  ငရုတ်သီးစိမ်းများဖြင့် မွှေးမွှေးစပ်စပ်လေး ကြော်ချက်စားသောက်ပါက မိုးဦးကျ    ထမင်းမြိန်သည့် လူမျိုးဘာသာမရွေး ကြိုက်နှစ်သက်သည့်   ဟင်းလျာတစ်ခွက်ဖြစ်ပါ ကြောင်း ရေးသားလိုက်ရသည်။ 
       

  Myo (Doca Kayin)