Main menu

Background

ပခုက္ကူမြို့၏ ဒေသထွက်ကုန်ဈေးကွက်

Tue, 08/06/2024 - 11:31 -- journal_editor

နှမ်းဈေးကွက်
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့သည် မြစ်ခြေ၊ ကမ္မ၊ ပခုက္ကူ ကျွန်းဒေသများ၊ မြိုင်၊ ပေါက်၊ ရေစကြိုမြို့များနှင့် ဂန့်ဂေါခရိုင် အတွင်းရှိ ယောနယ်ဒေသများနှင့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်း ရှိ မြို့များမှထွက်ရှိသော သီးနှံမျိုးစုံဝင်ရောက်ပြီး ရောင်းဝယ်ဖောက် ကားရာဖြစ်သော စီးပွားရေးဈေးကွက် အချက်အချာကျသောမြို့ ဖြစ်သည်။ ဈေးကွက်တွင် နှမ်းနက် (စမုန်)နှင့် နှမ်းဖြူများ အရောင်း အဝယ်ဖြစ်ပြီး  နှမ်းနက်မှာ  ဈေးတက်ပြီး နှမ်းဖြူမှာ  ဈေးကျ၍ အရောင်းအဝယ်ဖြစ်ကြောင်း၊ နေ့စဉ် တစ်ရက်လျှင် ပိဿာ ၃၀ ဝင် အိတ်  ၁၀ဝ  မှ ၂၀ဝ အထိ ဝင်ရောက်အရောင်းအဝယ်ဖြစ် ကြောင်း သိရသည်။
ဈေးနှုန်းအနေဖြင့် ဇူလိုင်စတုတ္ထပတ်တွင် နှမ်းဖြူ တစ်တင်း လျှင် ကျပ်၁၂၅၀ဝ-၁၂၀ဝ၀၊ ယခင်ဇူလိုင် တတိယပတ်တွင် နှမ်းဖြူ တစ်တင်းလျှင် ကျပ် ၁၃၉၀ဝ၀-၁၃၃၀ဝ၀ ဈေးဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပြီး တစ်လအတွင်း နှမ်းတစ်တင်း ကျပ် ၁၄၀ဝ၀ ခန့် ဈေးကျ၍ အရောင်းအဝယ်ဖြစ်ကြောင်း၊ နှမ်းနက်(စမုန်)တစ်တင်းလျှင် ကျပ် ၁၅၀ဝ၀ဝ-၁၄၇၀ဝ၀ ဈေးဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပြီး ယခင်  ဇူလိုင်တတိယပတ်တွင်  နှမ်းနက်တစ်တင်းလျှင်  ကျပ် ၁၄၂၀ဝ၀-၁၃၉၀ဝ၀ ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ တစ်လ အတွင်း နှမ်းနက်တစ်တင်း ကျပ် ၈၀ဝ၀ ခန့် ဈေးတက်ပြီး အရောင်း အဝယ်ဖြစ်ကြောင်း၊ ဆီထွက်သီးနှံ(နွေ)နှမ်းများမှာ ရေစကြိုမြို့နယ် အတွင်းရှိ ကျေးရွာများနှင့် မြစ်ခြေ၊ ကမ္မဒေသများမှ ဝင်ရောက် ကြောင်း သိရှိရသည်။
ဈေးကွက်သို့ဝင်ရောက်လာသည့်  နှမ်းများကို မြို့ပေါ်ရှိ ဆီစက်လုပ်ငန်းရှင်၊  နှမ်းလှော်လုပ်ငန်းရှင်နှင့် စားသောက်ကုန် ထုတ်လုပ်သည့်  လုပ်ငန်းရှင်များမှ ဝယ်ယူလျက်ရှိပြီး မန္တလေး ဈေးကွက်သို့လည်း  တင်ပို့လျက်ရှိကြောင်း၊  ကုန်ဝင်သလောက် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။
မြေပဲဈေးကွက်
ပခုက္ကူမြို့မြေပဲဈေးကွက်အနေဖြင့် ဇူလိုင်ပထမပတ်မှစ၍ ဈေးတက်ပြီး  အရောင်းအဝယ်ဖြစ်ခဲ့ရာ ဇူလိုင်လ စတုတ္ထပတ်တွင် မြေပဲဈေး  ဆက်လက်မြင့်တက်လာရာ မြေပဲဆန်(နီ) လုံးဆံ တစ် ပိဿာလျှင် ကျပ် ၈၅၀ဝ-၈၄၀ဝ-၈၃၀ဝ၊ ရိုးရိုးလုံးဆန် တစ်ပိဿာ လျှင် ကျပ် ၈၀ဝ၀-၇၈၀ဝ၊ ဆီဆန်တစ်ပိဿာလျှင် ကျပ် ၇၅၀ဝ၊ မြေပဲလုံးဆန်(ဖြူ) တစ်ပိဿာ လျှင် ကျပ် ၇၉၀ဝ-၇၈၀ဝ၊ ဆီဆန် တစ်ပိဿာလျှင် ကျပ်  ၇၀ဝ၀ ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း၊ တစ်လအတွင်း မြေပဲဆန် တစ်ပိဿာလျှင် ကျပ် ၁၃၀ဝ ခန့်  ဈေးတက်ကြောင်း၊ မြေပဲတောင့် အခြောက်ဈေးကွက်အနေဖြင့် တစ်ပိဿာလျှင် မြေပဲအောင်မြင်မှု အရည်အသွေးပေါ်မူတည်၍ ကျပ်  ၄၅၀ဝ-၄၃၀ဝ-၃၈၀ဝ ၊ ရှစ်ပိဿာဝင်ဆံ့ တစ်တင်းလျှင် ကျပ် ၃၆၀ဝ၀-၃၄၄၀ဝ-၃၀၄၀ဝ ဈေး ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း ဈေးကွက်သို့  မြေပဲတောင့်အဆံများ  ဝင်သလောက် အရောင်း အဝယ်ဖြစ်ကြောင်း သိရသည်။
ဆေးရွက်ကြီး
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ပခုက္ကူမြို့နယ်အတွင်းရှိ ကုက္ကိုလှ၊ ကျွန်းညိုကြီး၊ သံပရာပင်ကုန်း၊ မြင်းကျွန်း၊ ကျွန်းညို၊ မှိုက်ပင်ကုန်း၊ တင်းဂတ်အုပ်စုအတွင်းကျေးရွာများရှိ စိုက်တောင်သူ များသည် နှစ်စဉ်မြစ်ရေဝင် ကိုင်းကျွန်းမြေများတွင် ဗမာဆေးရွက် ကြီးစိုက်ခင်းများကို  စိုက်ဧက ၃၀ဝ ခန့် ဒေသစီးပွားဖြစ် စိုက်ပျိုး ကြသည်။ ဗမာဆေးရွက်ကြီးမျိုးကို အောက်တိုဘာလကုန် နိုဝင် ဘာလဆန်းတွင် စတင်စိုက်ပျိုးသည်။ ဖေဖော်ဝါရီလကုန် မတ်လ တွင် သီးနှံရိတ်သိမ်းပြီးစီးကြောင်း ပြည်တွင်း ဈေးကွက်ခိုင်မာမှုရှိ သော ဆေးရွက်ကြီးကို ယခုနှစ်တွင် စိုက်ဧက ၃၅၀ အထိ တိုးချဲ့ စိုက်ပျိုးကြောင်း သိရသည်။ 
ယခုနှစ်တွင် ရာသီဥတုကောင်းမွန်ခြင်းကြောင့် ဆေးရွက် ကြီးများမှာ အရည်အသွေးကောင်းပြီး အထွက်နှုန်းကောင်းမွန်ခြင်း ကြောင့် တစ်ဧကလျှင် ပျမ်းမျှပိဿာ ၁၁၀ဝ ခန့်ထွက်ရှိကြောင်း၊ ဒေသတွင်း သီးနှံပေါက်ဈေးအနေဖြင့် တစ်ပိဿာလျှင် ကျပ် ၉၀ဝ၀ ဈေးဖြင့် ရောင်းချရကြောင်း၊ ယခင်နှစ် ဆေးရွက်ကြီးပေါ်ချိန်တွင် တစ်ပိဿာတွင် ကျပ်၃၅၀ဝအမြင့်ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ ခြင်းကြောင့် ယခုနှစ်တွင် အကျိုးအမြတ်များစွာရရှိကြောင်း သိရ သည်။ ဆေးရွက်ကြီးပင်မှ ရရှိသောမျိုးစေ့မှာလည်း တစ်ပြည်လျှင် ကျပ်၂၀ဝ၀ဝ ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခုနှစ် ပခုက္ကူမြို့နယ်အတွင်းရှိ ဆေးရွက်ကြီးစိုက် တောင်သူများအနေ ဖြင့်  ရောင်းလိုအား ဝယ်လိုအားကောင်းပြီး ဈေးနှုန်း ဈေးကွက် ကောင်းမွန်ခြင်းကြောင့် အကျိုးအမြတ်များစွာ ရရှိခဲ့ကြောင်း ကျွန်း ညိုကြီးကျေးရွာရှိ စိုက်တောင်သူ တစ်ဦးထံမှ သိရသည်။
ဈေးကွက်အနေဖြင့် ပခုက္ကူမြို့နယ်အတွင်း ထွက်ရှိသော ဆေးရွက်ကြီးနှင့်  ဆေးရိုးများကို ပခုက္ကူမြို့ပေါ်ရှိ ဆေးလိပ်ခုံ လုပ်ငန်းရှင်းများနှင့် ကွမ်းယာရောင်းဝယ်ရေး လုပ်ငန်းရှင်များမှ ဝယ်ယူလျက်ရှိသည့်အပြင် မြန်မာနိုင်ငံအောက်ပိုင်း ပုသိမ်၊ မြောင်းမြ၊ ဘိုကလေး၊ ဟင်္သာတ ဝယ်လက်များမှ ကျေးရွာများထိဆင်း၍ နှစ်စဉ် ဝယ်ယူလျက်ရှိကြောင်း၊ ရောင်းလိုအား ဝယ်လိုအား  ကောင်းပြီး ပြည်တွင်း ဈေးကွက်ခိုင်မာမှုရှိ၍ အကျိုးအမြတ်များစွာ ရရှိခြင်း ကြောင့် စိုက်တောင်သူများမှ ဆေးရွက်ကြီး စိုက်ခင်းများကို နှစ်စဉ် မပြတ် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

မြင့်မြင့်သန်း(ပခုက္ကူ)