Main menu

Background

မြိတ်ဒေသထွက် ကွမ်းသီးတင်ပို့မှုနှင့် ဈေးနှုန်းဈေးကွက်

Tue, 08/06/2024 - 14:13 -- journal_editor

တနင်္သာရီတိုင်းဒေသကြီးရှိ ခရိုင်များတွင် ရော်ဘာ၊ သီဟိုဠ်၊ ကွမ်းသီးများ စိုက်ပျိုးထားလျက်ရှိပြီး ကွမ်းသီးမှာ ဈေးကွက်ပုံမှန် ရလျက်ရှိသည်။ မြိတ်ခရိုင် မြိတ်မြို့နယ်ရှိ ကျေးရွာများထဲမှ စန္ဒဝတ်၊ ပပြင်၊ အလယ်ချောင်း၊ ဒေါ၊ ကျောက်ဖြူ၊ မရမ်းပင်ချောင်း၊ သမုတ်၊ ပင်းအို၊ လော့လော့၊ နန်းတော်ရာ၊ တုန်း‌ဗျော၊ မဇော၊ သကန်(ရွာဟောင်း)၊ မရင်း၊ တပ်တောင် စသည်ကျေးရွာတို့တွင် ကွမ်းသီးအများဆုံးထွက်ရှိပြီး မြို့ပေါ်ရှိ အဝယ်ဒိုင်ကြီးများမှ ဝယ်ယူကာ  ကွမ်းသီး ခြောက်၊ ကွမ်းသီးခြမ်း၊ ကွမ်းသီးပုတ်များဖြင့် နေ့စဉ် ရန်ကုန်၊ မန္တလေးသို့ အများဆုံး တင်ပို့ရောင်းချလျက်ရှိပြီး အခြား ပြည်နယ်နှင့် မြို့များသို့လည်း တင်ပို့ရောင်းချလျက်ရှိသည်။  ထို့ပြင် ပြည်ပနိုင်ငံများသို့လည်း တင်ပို့လျက်ရှိသည်။
ဇူလိုင်လအတွင်း မြိတ်ခရိုင် မြိတ်မြို့၏  ကုန်းလမ်းဖြင့်  ကွမ်းသီးတင်ပို့မှုမှာ တန်ချိန်  ၄၉၀ဝ ခန့်ရှိကြောင်း၊ တစ်ပတ်လျှင် အိတ် ၁၂၀ဝ၀ မှ  ၁၄၀ဝ၀ ခန့်ထိရှိကြောင်း သိရသည်။ ကွမ်းသီးဈေးနှုန်းမှာ ဇူလိုင်လ နောက်ဆုံးပတ်တွင်  တစ်ပိဿာလျှင် ကျပ် ၅၀ဝ၀ မှ ၅၆၀ဝ အထိ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ကွမ်းသီးခြမ်းမှာ  တစ်ပိဿာလျှင် ကျပ် ၄၀ဝ၀ ခန့်ဖြစ်နေကြောင်း ကွမ်းသီးလုပ်ငန်းရှင်ထံမှ သိရသည်။

ကျော်နိုင်(မြိတ်)