မုန့်ဟင်းခါးသည် မြန်မာ့ရိုးရာအစားအစာတစ်ခုဖြစ်ပြီး မြန်မာ လူမျိုးအများစု ကြိုက်နှစ်သက်သည့် အစားအစာတစ်ခုဖြစ်သည်။ မုန့်ဟင်းခါးချက်ရာတွင်လည်း ဒေသအလိုက် ကြိုက်နှစ်သက်မှုအပေါ် မူတည်၍ ဟင်းရည်ချက်ပြုတ်နည်းစနစ် အနည်းငယ်ကွာခြားသည်။ ဟင်းရည်ချက်ရာတွင် အဓိကအသုံးပြုရသော ငါးနှင့် ကုလားပဲအချိုး ကိုမူတည်၍ ငါးပေါသောဒေသများဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့အမေည်များကို စွဲ၍ခေါ်တွင်သော ဟင်္သာတမုန့်ဟင်းခါး၊ မြောင်းမြမုန့် ဟင်းခါးတို့မှာ နာမည်ကြီး လူကြိုက်များလှသည်။
ဟင်္သာတမြို့နယ်သည် လူဦးရေ သုံးသိန်းကျော် နေထိုင်သော မြို့ဖြစ်ပြီး ကျေးရွာ အုပ်စု ၁၀၃ အုပ်စု၊ ရပ်ကွက် ၃၁ ရပ်ကွက်ဖြင့် ဖွဲ့ စည်းထားကာ ဧရာဝတီမြစ်၏ အနောက်ဘက်ကမ်းတွင် တည်ရှိ သောမြို့ဖြစ်သည်။
အလှူအတန်းနှင့် ဆွမ်းပတ်များတွင် အပြိုင်အဆိုင် မုန့်ဟင်း ခါးချက်ပြုတ်ကျွေးမွေးလှူဒါန်းရာမှ ဟင်္သာတမုန့်ဟင်းခါးမှာ နာမည် ကြီးလာပြီး မုန့်ဟင်းခါးမှာ အလှူပွဲများတွင် မပါမဖြစ် စားစရာ ဖြစ်လာခဲ့သည်။ ယခုအချိန်တွင် ဟင်္သာတမုန့်ဟင်းခါးမှာ အိမ်ဆိုင်၊ ဈေးဆိုင်များမှ တစ်ဆင့် ှကစနမ ြမေုနအ ပေါ်ထိ ရောက်ရှိလာပါပြီ။ ဆိုင်များတွင် ပြင်ဆင်ရောင်းချသောအဆင့်မှ အသင့်စားသုံးနိုင် သော ျွနေိပ ြေိန မုန့်ဟင်းရည် အနှစ်ထုပ်များ ပြုလုပ်ရောင်းချ လာကြသည်။ ဟင်္သာတမြို့မှ ထုတ်လုပ်သော မုန့်ဟင်းခါးအနှစ်ထုပ် များသည် စားသုံးသူများ ကြိုက်နှစ်သက်သော အသင့်စား မုန့်ဟင်းခါး အနှစ်ထုပ်များဖြစ်သည်။ မုန့်ဟင်းခါးအနှစ်ထုပ် လုပ်ငန်းသည် အိမ်တွင်းမှုလုပ်ငန်းဖြစ်ပြီး ီငါငအေူ ြမေုနအငညါ အရ ရောင်းအား ကောင်းသည့်ထုတ်ကုန်လည်းဖြစ်သည်။ ပြည်တွင်း ထုတ်ကုန်ကြမ်း များဖြစ်သည့် ငါးကြင်း၊ ကြက်သွန် အဖြူ၊ အနီ၊ ချင်း၊ နနွင်း၊ ငရုတ် ကောင်း၊ ငါးငံပြာရည်၊ ကုလားပဲခွဲခြမ်း၊ ဆန်မှုန့်၊ အရောင်တင်မှုန့်၊ နေကြာဆီတို့ကို အသုံးပြု၍ သတ်မှတ် အချိုးအစားအတိုင်း ရောစပ် ၍ သဘာဝနည်းစဉ်များအတိုင်း ကျန်းမာရေးနှင့်အညီ မုန့်ဟင်းခါး အနှစ်ကို ထုတ်လုပ်ထားကြောင်း သိရသည်။
ကုန်ကြမ်းများကို အနှစ်ထုပ်ရရန် အချိုးအစားမှာလည်း အလှူ ပွဲများတွင် ချက်လုပ်သော ဟင်္သာတမုန့်ဟင်းခါး ချက်နည်းအတိုင်း ပြုလုပ်ပြီး ဟင်းအနှစ်ရအောင်ပြုလုပ်ကာ လှပသေသပ်သော ထုပ်ပိုး မှုများနှင့် ဈေးကွက်တင်ရောင်းချခြင်းဖြစ်သည်။ မုန့်ဟင်းခါးအနှစ် ထုပ်များသည် ပုံမှန် (ပတ်ဝန်းကျင်) အပူချိန်တွင် သုံးရက်ခန့်အထား ခံပြီး၊ အနုတ် ၄•ဃ တွင် ထားသိုသိမ်းဆည်းပါက ခြောက်လခန့် အထားခံသည်ကိုလည်း လေ့လာသိရသည်။ မုန့်ဟင်း ခါးအနှစ် ၅၀ဝ ဂရမ်၊ ၂၅၀ ဂရမ်ပါ အနှစ်ထုပ်များ ထုတ်လုပ်ပြီး မုန့်ဟင်းခါးအနှစ် အလေးချိန် ၅၀ဝ ဂရမ်အထုပ်ကို ရေနွေး တစ်လီတာခန့်နှင့်ချက်ပါက မုန့်ဟင်းခါးဖတ် ငါးဆယ်သားဖြင့် စားသုံးနိုင်သည်။ လုပ်ငန်းများ အနေဖြင့် စည်ပင်လိုင်စင်နှင့် အသေးစား စက်မှုလက်မှုလုပ်ငန်း လိုင်စင်များလည်းရရှိထားပြီး သတ်မှတ်ထုတ်ပြန်ထားသော နည်းစဉ် များအတိုင်း ထုတ်လုပ်လျက်ရှိကြသည်။ မုန့်ဟင်းခါး အနှစ်ထုပ် ၂၅၀ ဂရမ် တစ်ထုပ်လျှင် ကျပ် ၇၀ဝ၀၊ ၅၀ဝ ဂရမ် တစ်ထုပ်လျှင် ကျပ် ၁၃၀ဝ၀ ဖြင့်ဖြန့်ဖြူးရောင်းချလျက်ရှိသည်။
မုန့်ဟင်းခါးသည် လူမျိုးဘာသာမရွေးစားသုံးနိုင်သည့် အစား အစာတစ်ခုဖြစ်သည်။ မုန့်ဖတ်အဖြစ် မုန့်ဟင်းခါးဖတ်၊ ခေါက်ဆွဲ ဖတ်တို့ဖြင့် ကြိုက်နှစ်သက်ရာ စားသုံးနိုင်ပြီး အိုးဘဲဥ၊ ပဲကြော်၊ ဘူးသီးကြော်၊ ငါးဖယ်ကြော်တို့ကို ထည့်လျက်စားသုံးနိုင်သော မြန်မာ့ ရိုးရာ အစားအစာတစ်ခုလည်းဖြစ်သည်။ ယခုအခါ ပြည်ပနိုင်ငံများ ရှိ မုန့်ဟင်းခါးကြိုက်နှစ်သက်သူ မြန်မာလူမျိုးများကလည်း မှာယူ စားသုံးကြသည့်အတွက် ပြည်ပ အမြန်ချောပို့ အေးဂျင့်များမှတစ်ဆင့် ပြည်ပမုန့်ဟင်းခါးချစ်သူများထံ ရောက်ရှိစားသုံးကြပြီး ပြည်ပနိုင်ငံ များရှိ မြန်မာ ဃသညလနညငနညခန ှအသမန များတွင်လည်း ဝယ်ယူစားသုံးနိုင် လာပြီဖြစ်သည်။ ယခုအခါ အလှူ မင်္ဂလာပွဲများတွင် နာမည်ကြီးသော ဟင်္သာတမုန့်ဟင်းခါးသည် ှအမနနအ ြမေုနအ မှ ှကစနမ ြမေုနအ သို့ တက်လှမ်းလာပြီး ဈေးကွက်ဝင် ဒေသထုတ်ကုန်တစ်ခုဖြစ်လာကြောင်း လေ့လာတင်ပြအပ်ပါသည်။
မောင်မောင်မြတ်ခိုင်