Main menu

Background

ပဲခူးဒေသထွက်ကုန် ငါးရံ့ခြောက်

Tue, 11/05/2024 - 11:52 -- journal_editor

မြန်မာနိုင်ငံသည် မြစ်ချောင်း အင်းအိုင်ပေါများပြီး ယင်းတို့မှ ထွက်ရှိ သည့် ငါးကို အခြေခံ ထုတ်ထုတ်လုပ် ထားသည့် ငါးပိ ငါးခြောက်များသည် လူတန်းစားမရွေး  စားသုံးလေ့ရှိသည်။  ပဲခူးတိုင်းဒေသကြီးသည် မြစ်ချောင်း၊ အင်းအိုင်ပေါများသလို  ငါးပိ၊  ငါး ခြောက်၊ ငါးချဉ်လုပ်ငန်းများသည်လည်း ပေါများသည်။   ပဲခူး ပျဉ်ပုံကြီးရွာရှိ မိုးယွန်းကြီး ငါးရံ့ခြောက်သည် ဆား ပေါ့၍ ကျန်းမာရေးနှင့် ညီညွတ်သော ကြောင့် လူကြိုက်များသော ဒေသထွက် ကုန်တစ်မျိုးလည်းဖြစ်သည်။  ငါးရံ့ ခြောက်ပြုလုပ်သည့် ငါးရံ့များကို ပဲခူး၊ ဒိုက်ဦး၊ ဝေါ၊ သနပ်ပင်မြို့နယ်များရှိ ငါးဒိုင်များမှ  ဝယ်ယူကြောင်း သိရပြီး ငါးရံ့အစိုတစ်ပိဿာအား  ခွဲခြမ်းပြီး နေလှန်းပါက ငါးခြောက် ၂၅ ကျပ်သား မှ ၃၀ သားခန့် ထွက်ရှိကြောင်း  သိရ သည်။ ငါးရံ့ခြောက်များကို တစ်ပိဿာ လျှင် အကောင်အရွယ်အစားပေါ် မူ တည်၍ ကျပ် ၇၀ဝ၀ဝ မှ ကျပ် ၁၃၀ဝ၀ဝ ထိ ဈေးနှုန်းအမျိုးမျိုးရှိပြီး အသင့်စား မီးကင်ငါးရံ့ခြောက်များကို တစ်ဆယ် သား တစ်ဘူးလျှင်  ကျပ် ၃၀ဝ၀ဝ ဖြင့် ရောင်းချလျက်ရှိကြောင်း  သိရသည်။ တစ်နေ့လျှင် ၁၅ ပိဿာမှ ပိဿာ ၃၀ ခန့် ရောင်းချရကြောင်း ပဲခူးမြို့ ၃၉မိုင်၊ ဘုရားကြီး၊ ပျဉ်ပုံတို့တွင် အဓိကထား ရောင်းချလျက်ရှိပြီး ရန်ကုန်၊ မန္တလေး နှင့် မှာယူသည့်မြို့များသို့ တင်ပို့ရောင်း ချပြီး ထိုင်း၊ မလေး၊ စင်ကာပူစသည့်မြို့ များသို့ လက်ဆောင်‌ပေးရန် ဝယ်ယူမှု များလည်း ရှိကြောင်းသိရသည်။ 
ယခုအချိန်ကာလသည်   ဝါလ ကင်းလွတ်၍ ပွင့်လင်းရာသီ ဖြစ်သော ကြောင့် ရောင်းအားအနေဖြင့် ပိုမို များ ပြားလာကြောင်း သိရသည်။  

နှင်းနှင်းရီ(ပဲခူး)