ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ်မှ ငါးရှဥ့်ရောင်းဝယ်ရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိပြီး ချောင်း၊ အင်းအိုင်များမှ သဘာဝအတိုင်း ရှာဖွေဖမ်းဆီးပြီး ဖမ်းဆီးရရှိ သော ဒေသထွက်ကုန် ငါးရှဥ့်များကို ရန်ကုန်ဈေးကွက်သို့ အဓိက တင်ပို့ရောင်းချလျက်ရှိသည်။
မအူပင်မြို့နယ်မှ ငါးရှဉ့်များကို ရန်ကုန်ဈေးကွက်သို့ အောက်တိုဘာလအတွင်း ငါးရှဥ့်ပိဿာချိန် ၇၅၀ဝ၀ ထိ တင် ပို့ရောင်းချနိုင်ခဲ့ကြောင်းသိရသည်။ စက်တင်ဘာလအတွင်း ရန်ကုန်သို့ ငါးရှဥ့် ပိဿာချိန် ၅၅၀ဝ၀ ထိသာ တင်ပို့ရောင်း ချနိုင်ခဲ့ပြီး အောက်တိုဘာလအတွင်း ငါးရှဥ့်ပိဿာချိန် ၇၅၀ဝ၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
မအူပင် ထနီး၊ မလက်တို၊ ရေလဲ၊ အောင်ဟိတ်၊ စစ်ချောင်း၊ နတ်စဉ်၊ ငါးဖားအိုင် ကျေးရွာဘက်တို့မှ တစ်နေ့လျှင် ငါးရှဥ့် ပိဿာချိန် ၁၅၀ဝ မှ ၂၀ဝ၀၊ ၂၅၀ဝ ပိဿာထိ ဝယ်ယူ ရရှိကြောင်း၊ ငါးရှဥ့်ဆိုဒ်အမျိုးအစားမခွဲခြားဘဲ ဝယ်ယူပြီး ရန်ကုန်သို့ တင်ပို့ကာ ရန်ကုန်ဈေးကွက်က ဝယ်ယူမှုအား ကောင်းလာကြောင်း သိရသည်။
ရန်ကုန်ဈေးကွက်မှတစ်ဆင့် အခြားပြည်တွင်း၊ ပြည်ပ ဈေးကွက်များသို့ ဆက်လက်ဖြန့်ဖြူးရောင်းချကြောင်း၊ ရန်ကုန်မြို့ ငါးရှဉ်ဒိုင်ကြီးများက ပြည်တွင်း၊ ပြည်ပ ဈေး ကွက်ထိ တင်ပို့နေကြောင်း သိရသည်။ မအူပင်မြို့နယ်တွင် အောက်တိုဘာလအတွင်း တင်ပို့ရောင်းချခဲ့သည့် ငါးရှဥ့် ဈေးနှုန်းမှာ ၁၀ ပိဿာလျှင် ကျပ် ၁၃၅၀ဝ၀ မှ ၁၅၀ဝ၀ဝ ထိ ဈေးပေါက်ခဲ့ကြောင်း၊ နိုဝင်ဘာလ နောက်ဆုံးပတ်တွင် ပေါက်ဈေးမှာ ငါးရှဥ့်တစ်ပိဿာလျှင် ကျပ် ၁၉၀ဝ၀-၂၀ဝ၀ဝ ထိ ဈေးပေါက်၍ ဈေးကောင်းရနေကြောင်း သိရသည်။
လာမည့်လများတွင်လည်း ပိဿာချိန် ပိုမိုရရှိနိုင် ကြောင်း ငါးရှဥ့်ရောင်းဝယ်ရေးလုပ်ကိုင်သူက ပြောသည်။ ရန်ကုန်ဈေးကွက်မှတစ်ဆင့် ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်း ချလျက်ရှိကြောင်း သိရသည်။
သဇင်(မအူပင်)