Main menu

Background

ကော့သောင်းမြို့၏ ရေထွက်ကုန် ငါးခြောက်လုပ်ငန်း

Wed, 12/04/2024 - 11:05 -- journal_editor

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကော့သောင်းခရိုင် ကော့သောင်းမြို့သည် ရေပတ်လည် ဝန်းရံလျက်ရှိသော ကျွန်းပေါ်တွင ် တည်ဆောက်ထားသည့် မြို့လေးတစ်မြို့ဖြစ်သည်။ မြို့ပေါ်နေ လူအများစုသည် ရေလုပ်ငန်းကို အများဆုံး လုပ်ကိုင်လျက်ရှိသည်။ ကော့သောင်းမြို့နယ်ရှိ ပင်လယ်ရွာဟုခေါ်သည့် ကျေးရွာများတွင် ရေထွက်ကုန်ပစ္စည်း ထုတ်လုပ်ရေးကို ဒေသ၏ စီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင်လျက်ရှိရာ ငါးခြောက်လုပ်ငန်းသည်လည်း စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် ရပ်တည်လျက်ရှိသည်။ ငါးခြောက်လုပ်ကိုင်ရာ တွင်  ငါးမျိုးစုံကိုအသုံးပြုလျက်ရှိရာ ထိုငါးများထဲမှ ငါးကွမ်းရှပ်ခြောက်၊ ငါးရောင်ခြောက်၊ ငါးအူကြီးခြောက်နှင့် ဘဲလိပ်ခြောက်တို့သည် ဈေးကောင်းရသဖြင့် အများဆုံး လုပ်ကိုင်ကြသည်။ ထို့ပြင် အခြားငါးအသေးများထဲမှလည်းဈေးကွက်ဝင်သော ငါးခြောက်များရှိသဖြင့် ငါးခြောက်လုပ်ငန်းသည် ရေလုပ် ငန်း လုပ်ကိုင်သူများအတွက်များစွာ ဝင်ငွေရရှိစေသည်။ 
ကော့သောင်းမြို့ပေါ်ရှိ ဈေးများတွင် ရောင်းချလျက်ရှိသော ငါးခြောက်ဈေးနှုန်းများမှာ နိုဝင်ဘာလနောက်ဆုံး ပတ်တွင် ငါးကွမ်းရှပ် တစ်ပိဿာလျှင် ကျပ် ၆၀ဝ၀ဝ-၆၅၀ဝ၀၊ ငါးရောင်ခြောက် တစ်ပိဿာလျှင် ကျပ် ၄၀ဝ၀ဝ-၄၅၀ဝ၀၊ ငါးအူကြီးခြောက် တစ်ပိဿာလျှင် ကျပ် ၆၀ဝ၀ဝ-၆၅၀ဝ၀ ၊ ဘဲလိပ်ခြောက် တစ်ပိဿာလျှင် ကျပ် ၅၀ဝ၀ဝ-၅၅၀ဝ၀ ဖြစ်သည်။                                                                                                                          

 

စားသုံး (ကော့သောင်း)