Main menu

Background

ပခုက္ကူမြို့ပေါ်၌ တွင်ကျယ်စွာ လုပ်ကိုင်လျက်ရှိသည့် မြေပဲဆုံဆီ လုပ်ငန်းများ

Wed, 12/04/2024 - 11:36 -- journal_editor

ပခုက္ကူမြို့ပေါ်တွင် မြေပဲဆုံဆီ လုပ်ငန်းများကို တွင်ကျယ်စွာ လုပ်ကိုင် လျက်ရှိသည်။ ဆုံများကို နှစ်ဆုံ/ လေး ဆုံ၊ ခြောက်ဆုံ ထောင်၍ ကြိတ်ခွဲနေသူ များလည်းရှိသည်။ မြေပဲဆန်ကိုပေး၍ နဝလီ အငှားကြိတ်သည့်ဆုံများ ပိုမို များပြားပြီး  တံဆိပ်မပါ အလွတ်ရောင်း ချသူများ၊ တံဆိပ်ကပ်၍ နယ်သို့ တင်ပို့ ရောင်းချသူများလည်းရှိသည်။
မြေပဲဆုံဆီကို နယ်များသို့လည်း အများအပြားပို့ပြီး ရန်ကုန်၊ မန္တလေး၊ နေပြည်တော်သို့ အဓိကထား တင်ပို့ရ သည်။ မြေပဲဆန် ၂၅  ပိဿာ တစ်အိတ် လျှင် ငါးဆုံကြိတ်ရသည်။ မနက်/ည လေးဆုံကြိတ်ခွဲလျှင်  တစ်ရက်ကို ပဲ အိတ် ငါးအိတ်ခန့်ပြီးသည်။ လုပ်သား အင်အားအနေဖြင့်  အငှားများရှိသလို အိမ်မိသားစုဝင်များ    ကြိတ်ခွဲသည် လည်းရှိသည်။ အငှားလုပ်သား တစ်ဦး ကို တစ်ရက်လျှင် ကျပ် ၂၀ဝ၀ဝ ဖြင့် ပုတ်ပြတ်ပေးခြင်းများရှိပြီး တစ်ဆုံလျှင် ကြိတ်ခွဲခ   ကျပ် ၂၅၀ဝ ဖြင့် အရေ အတွက်ပေါ်မူတည်၍ ပေးသည်လည်း ရှိသည်။ ကြိတ်ပြီးသော ပဲဖတ်များကို တစ်ပိဿာလျှင် ကျပ် ၅၀ဝ၀-၅၄၀ဝ ဖြင့်  ရောင်းချသည်။ မြေပဲကို ပခုက္ကူမြို့ ပေါ်ရှိပွဲရုံများမှ တစ်ပိဿာလျှင် ကျပ် ၈၂၀ဝ-၈၄၀ဝ ဖြင့်  ဝယ်ရပြီး ပဲလေး၊ ပဲကြီး နှစ်မျိုးခွဲ၍ ကြိတ်ပြီး  ဆုံဆီကို  တစ်ပိဿာ ကျပ် ၁၆၀ဝ၀-၁၈၀ဝ၀ ဖြင့် ဖြန့်ဖြူးရောင်းချသည်။ 
မြေပဲဆုံဆီလုပ်ငန်းသည် မိရိုး ဖလာ မျိုးရိုးစဉ်ဆက် လုပ်ငန်းဖြစ်ပြီး မြို့ပေါ်နှင့်အနီးတစ်ဝိုက်တွင် အဆက် မပြတ်    ရောင်းချသည်။   ပြည်တွင်း အသေးစားလုပ်ငန်းဖြစ်သောကြောင့် မိသားစု      စားဝတ်နေရေးအတွက် အဆင်ပြေပြီး   အလုပ်အကိုင် အခွင့် အလမ်းရရှိသောကြောင့်   မြေပဲဆုံဆီ လုပ်ငန်းသည် ဆက်လက်၍ တိုးချဲ့လုပ် ကိုင်နိုင်လျှင်   ပို၍အဆင်ပြေနိုင်ကြောင်း သိရသည်။            

 

သူဇာကျော်(ပခုက္ကူ)