ကော်ဖီသီးနှံကို ၁၃ ရာစုတွင် အီသီယိုးပီး ယားနိုင်ငံမှ စတင်စိုက်ပျိုး၍ ယခုအခါ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း၇၀ ကျော်တွင် စိုက်ပျိုးကာ နိုင်ငံခြားဝင်ငွေများ ရရှိနေသော Export သီးနှံဖြစ် ကြောင်း လေ့လာတွေ့ရှိရသည်။ ကော်ဖီသီးနှံကို မြန်မာနိုင်ငံတွင် ၁၈၈၅ ခုနှစ်မှစတင်၍ စိုက်ပျိုး ခဲ့ပြီး မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်၊ မိုးကုတ်၊ တောင်ကြီး၊ ရွာငံ၊ ဟဲဟိုး၊ အောင်ပန်း၊ ကရင် ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသ ကြီးတို့တွင်လည်း စိုက်ပျိုးလုပ်ကိုင်လျက်ရှိ ကြောင်း လေ့လာတွေ့ရှိရသည်။ ကော်ဖီသီးနှံ အမျိုးအမည်ငါးမျိုးရှိရာ (၁)အာရေးဗီးကား၊ (၂)ရိုဘက်စတာ၊ (၃)လိုင်ဖရီက၊ (၄)အရော့အင်ဒီးနီ၊ (၅)အိတ်ဆယ်ဆာဟူ၍ ခွဲခြားသိရပြီး ကုန်းမြင့်ကော်ဖီနှင့် မြေနိမ့်ကော်ဖီ ဟူ၍ ခွဲခြားစိုက်ပျိုးကြသည်။ ကုန်းမြင့်ကော်ဖီမှာ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၃၀ဝ၀ တွင် စိုက်ပျိုးဖြစ်ထွန်းပြီး ကုန်းနိမ့်ကော်ဖီမှာ ပြင်လယ် ရေမျက်နှာပြင် ပေ ၂၀ဝ၀ တွင်သာ စိုက်ပျိုးနိုင် ကြောင်းသိရသည်။
ပြင်ဦးလွင်မြို့နယ်သည် ပင်လယ်ရေမျက်နှာ ပြင် ပေ ၃၀ဝ၀ ကျော်တွင် တည်ရှိသောကြောင့် ကုန်းမြင့်ကော်ဖီဖြစ်သော အာရေးဗီးကားကော်ဖီ တစ်မျိုးတည်းသာ အဓိကထား၍ စိုက်ပျိုးသည်။ ယခု ၂၀၂၄ ခုနှစ်အထိ စိုက်ဧက ၁၀၃၇၈ စိုက်ပျိုး ထားပြီး အသီးခူးဆွတ်နိုင်မှု ဧကမှာ ၁၉၃၀ ရှိပြီး အထွက်နှုန်းတစ်ဧကလျှင် ၁၅၀-၈၅ ပိဿာ ထွက် ရှိ၍ အထွက်စုစုပေါင်း ဧက ၁၉၃၀ နှင့် တွက်လျှင် ပိဿာ ၂၉၁၁၉၀ထွက်ရှိပြီး ခူးဆွတ်ချိန် အစိုသီး၏ ပိဿာချိန်များဖြစ်သည်။ ကော်ဖီသီးနှံကို စတင် စိုက်ပျိုးချိန်မှာ မေ၊ ဇွန်၊ ဇူလိုင်လများတွင် စတင် စိုက်ပျိုးနိုင်ပြီး အသီးခူးဆွတ်ချိန်မှာ နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီလများတွင် ခူးဆွတ်ကြသည်။စတင်စိုက်ပျိုးချိန်မှ သက်တမ်း သုံးနှစ်ကြာလျှင် အသီးများ စတင်ခူးဆွတ်နိုင်မည်ဖြစ်သည်။
ကော်ဖီစတင်စိုက်ပျိုးမည်ဆိုပါက အရေး ကြီးဆုံးအချက်မှာ ကော်ဖီပင်သည် ဆီးနှင်းကို ကြောက်သော အပင်မျိုးဖြစ်သောကြောင့် အရိပ်ရ ပင်ကြီးမျိုးဖြစ်သော ခါတော်မှီ၊ တညင်း၊ ပိန္နဲ စသည့် နှစ်ရှည်ပင်များစိုက်ပျိုးပြီးမှ ကော်ဖီပင်ကိုစိုက်ပျိုး ရကြောင်း လေ့လာတွေ့ရသည်။ စိုက်စနစ်မှာ ပင်ခြား၊ တန်းခြား(4'×4')စိုက်ပျိုးနိုင်ပြီး တစ်ဧက တွင် အပင်ရေ ၁၃၆၀ စိုက်ပျိုးနိုင်သည်။ တစ်ဧက ကုန်ကျစရိတ်မှာ ကျပ်သိန်း ၆၀-၈၀ကုန်ကျကြောင်း သိရသည်။
ယခုသီးနှံ ထွက်ပေါ်ချိန်တွင် တောင်ကြီး၊ ရွာငံ၊ ကလော၊ ပြင်ဦးလွင် ပွဲစား ဝယ်လက်များမှ ကော်ဖီသီးအစို တစ်ပိဿာလျှင် ကျပ် ၄၂၀ဝ ဖြင့် ဝယ်ယူနေပြီး ဖေဖော်ဝါရီလတွင် ကျပ် ၄၈၀ဝ-၅၀ဝ၀ ဈေးထိ ရောက်ရှိနိုင်ကြောင်း သိရပြီး ကော်ဖီကုန်ချောအနေဖြင့် လှော်စေ့မရွလျှင် တစ် ပိဿာလျှင် ကျပ် ၃၅၀ဝ၀-၃၇၀ဝ၀၊ ကော်ဖီမှုန့် G1) 1kg ကျပ် ၃၅၀ဝ၀၊ ကော်ဖီမှုန့် (G2) 1kg ကျပ် ၃၀ဝ၀ဝ၊ ( 3 in 1 ) ) ၁၀ ထုပ်ပါ ကျပ် ၉၅၀ဝ အသင့် သောက် အထုပ်သေး တစ်ထုပ်လျှင် ကျပ် ၅၅၀-၆၀ဝ ဖြင့် ပြင်ဦးလွင်မြို့ပေါ်ရှိဆိုင်များတွင် ရောင်း ချလျက်ရှိ သည်။
အောင်မင်းနိုင်