မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဒေသထွက်ကုန်မျိုးစုံ နှင့် ဒေသထုတ်ကုန် မျိုးစုံစွာရှိကြသည်။ ထို ဒေသထွက်ကုန်နှင့် ဒေသထုတ်ကုန် မျိုးစုံတို့ သည် မိမိတို့ထွက်ရှိရာ ဒေသတွင်း စားသုံးခြင်း၊ သုံးစွဲခြင်းတို့အပြင် အများကြိုက်နှစ်သက်သော ပစ္စည်းများသည် အခြားပြည်နယ်နှင့် တိုင်း ဒေသကြီးများသို့ပါ စီးဆင်းသွားသည်။ လူ အများကြိုက်နှစ်သက်၍ မြန်မာတစ်နိုင်ငံလုံး နာမည်ကျော်ကြားသော ဒေသထွက်ကုန် များ စွာရှိကြသည်။ ထိုဒေသထွက်ကုန်များဖြစ်သော စားသောက်ကုန်၊ အဝတ်အထည်၊ လက်မှုပညာ ပစ္စည်း၊ သယံဇာတ၊ ရိုးရာယဉ်ကျေးမှုများသည် ထွက်ရှိရာဒေသ၏ မြို့ဂုဏ်ကို ဆောင်နေကြ သည်။ ပစ္စည်းအမျိုးအမည်နှင့်အတူ မြို့နယ် အမည်များကိုပါ တွဲလျက်မှတ်သားထား တတ် ကြသည်။ အကြောင်းအခန့်သင့်၍ ထိုမြို့နယ် ဒေသများကို ရောက်ရှိသည့်အခါ ရပ်ဝေးမှလာ ရောက်ကြသူများသည် တန်ဖိုးထား ဝယ်ယူလေ့ ရှိကြသည်။ ထိုပစ္စည်းများသည် ပြည်တွင်းသာ မက ပြည်ပနိုင်ငံများအထိပါ ဆွဲဆောင်နိုင်မှု ရှိကြသည်။
မြန်မာနိုင်ငံအတွင်း ထွက်ရှိသော အဖိုး တန် ကျောက်မျက်ရတနာများကို ထွက်ရှိရာ ဒေသများအလိုက် အရည်အသွေးပေါ်မူတည်၍ တန်ဖိုးသတ်မှတ်ကြသည်။ အဝတ်အထည်နှင့် ဒီဇိုင်းများသည် ထွက်ရှိရာ ဒေသအလိုက် အမျိုး အစားများ ကွဲပြားခြားနားကြသလို ရိုးရာဝတ်စုံ များ၊ ရှေးဟောင်းအနုပညာ လက်ရာများ၊ လက်မှုပစ္စည်းများ၊ အိမ်တွင်းအလှဆင်ပစ္စည်း များ စသည်ဖြင့် အသုံးအဆောင်များစွာတို့သည် လည်း ဒေသစုံမှ ထွက်ရှိသည့်အတွက် မတူကွဲ ပြားခြားနားကြသည်။ ထိုသို့သော ပစ္စည်းမျိုးစုံ ရှိသည့်အနက်မှ အများနှစ်သက်ခြင်းခံရသော ပစ္စည်းများသည် ထင်ရှားလူသိများကြသည်။
ထိုဒေသထွက်ကုန်မျိုးစုံရှိသည့်အနက်မှ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မအူပင် မြို့နယ်မှ ပဲမုန့်သည်လည်း လူကြိုက်များ၍ ထင်ရှားလှပေသည်။ မအူပင်မြို့တွင် ပဲမုန့် လုပ်ငန်း လုပ်ကိုင်သော လုပ်ငန်းရှင် လေးဦးခန့် ရှိသည်။ ပဲမုန့်သည် အရသာ ကောင်းမွန်ပြီး ပဲမုန့်ပြုလုပ်ရန်အတွက် အသုံးပြုထားသည့် ကုန်ပစ္စည်းများမှာ ဂျုံ၊ ကုလားပဲ၊ ပဲတီစိမ်း၊ ဆား၊ သကြား၊ ဆီ၊ ထန်းလျက်၊ ဘဲဥ၊ ကြက်ဥ၊ ထောပတ်တို့ပါဝင်သည်။ ပဲမုန့်လုပ်ငန်းကို မအူပင်မြို့နယ်တွင် ၁၉၄၈ ခုနှစ်ကတည်းက စတင်လုပ်ကိုင်လာကြပြီး မိရိုးဖလာ လုပ်ငန်း တစ်ခုကဲ့သို့ ဖြစ်တည်ခဲ့ပြီး ၂၀ဝ၀ ပြည့်နှစ်မှ စ၍ ခေတ်မီစက်သစ်ကြီးများ တပ်ဆင်၍ အသုံး ပြုခဲ့ကြသည်။
ပဲမုန့်တွင်ပါဝင်သည့် ဂျုံ၊ ကုလားပဲ၊ ပဲတီစိမ်း၊ ဆား၊ သကြား၊ ဆီ၊ ထန်းလျက်၊ ဘဲဥ၊ ကြက်ဥ၊ ထောပတ်များကို အရသာကောင်း ရရှိ ရန် ဂျုံကို ရေဖြင့်ရောနှော၍ လိုအပ်သော မုန့် လုံးအနေအထားရရှိရန် စတင်ဆောင်ရွက်ရ သည်။ ကုလားပဲ၊ သို့မဟုတ် ပဲတီစိမ်း သကြားနှင့် ဆားတို့ကို အချိုးကျ ရောနှောကျိုချက်ထားသည့် ပဲအနှစ်များကို ဌာပနာထားပြီး ပဲမုန့်လုံးကလေး များ ပြုလုပ်ကာ ခေတ်မီမုန့်ဖုတ်စက်များဖြင့် မီးအားကို လိုအပ်သလို ချိန်ဆပြီးသောအခါ မွှေးကြိုင်သင်းပျံ့သော ပဲမုန့်များကို ရရှိသည်။
ထုတ်လုပ်မှု အဆင့်ဆင့် ကုန်ကျစရိတ် အနေဖြင့် တစ်ကြိမ်ထုတ်လုပ်ပါက ကုန်ကြမ်း၊ လုပ်သားခ အပါအဝင် ငွေကျပ် ၇၀ဝ၀ဝ၀ ခန့် ရင်းနှီးထုတ်လုပ်ပါက အကျိုးအမြတ်အနေဖြင့် ကျပ် ၂၀ဝ၀ဝ၀ အကျိုးအမြတ် ကျန်ရှိကြောင်း၊ တစ်လလျှင် ရန်ကုန်မြို့ရှိ အရောင်းကိုယ်စား လှယ်များထံသို့ ပဲမုန့်များ နှစ်ကြိမ် တင်ပို့ဖြန့်ချိ နေကြောင်း သိရသည်။
ဈေးနှုန်းအနေဖြင့် ပဲမုန့်ငါးခုပါ တစ်ထုပ် လျှင် ကျပ် ၂၄၀ဝ၊ လက်လီရောင်းချပေးသည်။ လက်ဆောင်ပေးရန်၊ လူကြီးမိဘများ ကန် တော့ရန်နှင့် ဒေသပြန် လက်ဆောင်မွန်အဖြစ် အသုံးပြုသည့် ငါးခုစာပါ ခြောက်ထုပ် တစ်ဘူး လျှင် ငွေကျပ် ၁၄၄၀ဝ နှင့် ငါးခုစာပါ ၁၀ ထုပ် တစ်ဘူးလျှင် ငွေကျပ် ၂၄၀ဝ၀ ဖြင့် ရောင်းချပေး လျက်ရှိသည်။ ဒီဇင်ဘာလအတွင်းတွင် ပိုမို အရောင်းအဝယ် တွင်ကျယ်လျက်ရှိကြောင်း သိရသည်။
ပဲမုန့်ကို အမြို့မြို့ အနယ်နယ်မှ လာ ရောက်ဝယ်ယူသူများရှိပြီး မအူပင် လက်ဆောင် အဖြစ် နာမည်ကြီး ထင်ရှားသော မုန့်တစ်ခု ဖြစ်သည်။ ပဲမုန့်ကို တစ်နေ့လျှင် ဘူးသေး ပျမ်းမျှ ၄၀ ဘူးနှင့် ဘူးကြီး ၅၀ ဘူး ပုံမှန်ရောင်းချရပြီး ပွင့်လင်းရာသီနှင့် ပွဲတော်ရက်များတွင် သုံးဆ ခန့် ပိုမိုရောင်းချရကြောင်း သိရသည်။
ဈေးကွက်တင်ပို့မှုအနေဖြင့် ပဲမုန့်ရောင်း ချရမှုမှာ လူကြိုက်များခြင်းကြောင့် ရန်ကုန်မြို့ တွင်လည်း ပဲမုန့်ရောင်းချသူ ကိုယ်စားလှယ် လုပ်ငန်းရှင် သုံးဦးခန့်ရှိပြီး မအူပင်ပဲမုန့်များကို နေပြည်တော်နှင့် အခြား ပြည်နယ်/တိုင်းဒေသ ကြီးများမှ မှာယူဝယ်ယူလျက်ရှိသည်။ ထုတ်လုပ် မှုမှာ ပဲမုန့်၊ ပူတင်းချွန်မုန့်၊ ဖရုံမုန့်၊ ဘဲဥမုန့်၊ အငံမုန့်၊ ကြက်ဥပူတင်းမုန့်၊ ကြက်ဥပေါင်မုန့် ၊ ပဲကိတ်မုန့် စသည်တို့ ထုတ်လုပ်ရောင်းချ ကြောင်းနှင့် ပဲမုန့်လုပ်ငန်း အောင်မြင်လာသည့် အတွက် မအူပင်မြို့ပေါ်တွင် ပဲမုန့်ထုတ်လုပ် သည့် လုပ်ငန်းခွဲများ ပိုမိုများပြားလာသည်။
ထိုကဲ့သို့ လူသိများ၍ အများကြိုက်နှစ် သက်ခြင်းကို ရရှိထားသည့် ဧရာဝတီတိုင်းဒေသ ကြီး မအူပင်မြို့နယ်မှ ထွက်ရှိသော စားသောက် ကုန်လုပ်ငန်းဖြစ်သည့် ပဲမုန့်လုပ်ငန်းသည် ဒေသဂုဏ်ကိုဆောင်လျက်ရှိကြောင်း ရေးသား လိုက်ရပါသည်။
သဇင်(မအူပင်)