Main menu

Background

ဧရာဝတီတိုင်းဒေသကြီး၏ ပြည်ပပို့ကုန် ငါးရှဉ့်ဈေးကွက်

Tue, 01/07/2025 - 11:15 -- journal_editor

ဧရာဝတီတိုင်းဒေသကြီးအတွင်း ချောင်း၊ မြောင်း ၊ အင်းအိုင်များမှ သဘာဝ အတိုင်း ရှာဖွေဖမ်းဆီးပြီး ပြည်တွင်း၊ ပြည်ပ ဈေးကွက် အရောင်းအဝယ်ဖြစ်နေသည့် ငါးရှဉ့်များကို တစ်နှစ်ပတ်လုံး  ပြည်ပသို့ တင်ပို့ရောင်းချမှုရှိပြီး အဓိက ရန်ကုန်ဈေး ကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း   သိရသည်။
ငါးရှဉ့်များကို ဇွန်လမှ အောက်တိုဘာလအထိ မိုးရာသီတွင် တင်ပို့မှု များ၍ ဒီဇင်ဘာလနောက်ပိုင်းတွင် ငါးရှဉ့်အဝင် နည်းသွားကြောင်း သိရသည်။ ငါးရှဉ့်မျိုး များကို ထိန်းသိမ်းရန် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးစင်တီမီတာလုံးပတ် အထက်သာ ဖမ်းဆီးတင်ပို့ ရောင်းချခွင့်ပြုကြောင်း သိရသည်။ ပုသိမ်ဈေးကွက်မှ ပါးနီ၊ ပါးမွှား နှစ်မျိုးသာ ပြည်ပ‌ဈေးကွက်သို့ တင်ပို့လျက်ရှိသည်။ ငါးရှဉ့်တွင် ကျန်းမာရေးအတွက်  ပရိုတင်းဓာတြွ်ကယ်ဝစွာပါဝင်ပြီး   အာရုံကြော ကောင်းမွန်စေ၍ သတ္တုဓာတ်နှင့် ဗီတာမင်ဓာတ်များ သံဓာတ်များလည်း ပါဝင်ကြောင်းသိရသည်။ 
သံဓာတ်လုံလောက်မှုမရပါကခန္ဓာကိုယ်ထဲတွင် သွေးနီဥနည်းပါး၍ ခေါင်းမူး၊ ခေါင်းကိုက် အားနည်းခြင်းများ ဖြစ်နိုင်ကြောင်း သိရသည်။ ထို့အပြင် နွားနို့ ၊ ဒိန်ချဉ် တို့ကဲ့သို့ အရိုးကိုသန်မာစေသော စ့သျစ့သမကျ ဓာတ်များပါဝင်ပြီး သွေးအားကောင်း စေ၍ ငါးရှဉ့်ကို ပြည်တွင်း စားသောက်ဆိုင်များနှင့် ဟိုတယ်များတွင် စားသုံးလျက် ရှိကြောင်း သိရသည်။
ပုသိမ်မြို့ပေါ်ရှိ အဝယ်ဒိုင်များသို့ ပုသိမ်မြို့နယ်၊ သာပေါင်းမြို့နယ်၊ ငပုတော မြို့နယ်များရှိ ကျေးရွာများမှ အဓိက လာရောက်ရောင်းချလျက်ရှိပြီး အကောင် အကြီး၊ အသေးပေါ် မူတည်၍ တစ်ပိဿာလျှင် ကျပ် ၁၂၀ဝ၀-၁၄၀ဝ၀ ဈေးဖြင့် ဝယ်ယူလျက်ရှိသည်။ ဝယ်ယူထားသော ငါးရှဉ့်များကို ရေနှစ်ထပ်၊ သုံးထပ် လဲလှယ် ၍ ငါးရှဉ့်အသေးများကို ဖယ်ထုတ်ပြီး ဖော့ပုံး၊ ပလတ်စတစ်ပုံးများတွင် ၂၀-၂၅ ပိဿာ ထည့်သွင်း၍ ရန်ကုန်မြို့ရှိ စံပြဈေး၊ လှိုင်သာယာဈေးနှင့် အင်းစိန်မြို့နယ်ရှိ ကြို့ကုန်း ငါးရှဉ့်အဝယ်ဒိုင်များသို့ တင်ပို့လျက်ရှိသည်။ ရန်ကုန်မှတစ်ဆင့် ပြည်ပ နိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း ပုသိမ်မြို့ ငါးရှဉ့်လုပ်ငန်းရှင်ထံမှ သိရ သည်။                                                                                          

မင်းမင်းဦး (ပသ)