Main menu

Background

ဗေဒါနှင့် ငှက်ပျော စွန့်ပစ်ပစ္စည်းများမှ လူသုံးကုန်များထုတ်လုပ်

Tue, 01/07/2025 - 11:16 -- journal_editor

ပြည်ခရိုင်သဲကုန်းမြို့နယ် အင်းမ မြို့ရှိ တံခွန်တိုင်ရွာတွင် ဗေဒါရိုးမှ တစ်ဆင့် တန်ဖိုးမြှင့်  ထုတ်ကုန်များ ထုတ်လုပ်ရောင်းချကြောင်း သိရသည်။ ထိုလုပ်ငန်းကို နွေရာသီတွင်လုပ်ကိုင်ပြီး မိုးရာသီတွင်    အလုပ်နားကြောင်း သိရသည်။ မိုးရာသီတွင် လုပ်ငန်းများ နားရခြင်းမှာ နေပူလှန်း၍ မရခြင်း၊ မှို တက်တတ်ခြင်းတို့ကြောင့်ဖြစ်သည်။ ဗေဒါထုတ်ကုန်ပစ္စည်းများကို   ထုတ် လုပ်ပုံမှာ ဗေဒါကို အခြောက်လှန်းပြီး ဗေဒါအလယ်ရိုးကို  ထုတ်ယူ၍ ကြိုး ကျစ်ပြီး လိုချင်သော လူအသုံးအဆောင် ပစ္စည်းများကို ပြုလုပ်ကြသည်။ 
ထို လုပ်ငန်းကို မိသားစု တစ်နိုင် တစ်ပိုင်အပြင် စီးပွားဖြစ်လည်း ထုတ် လုပ်ရောင်းချသည်။ ဗေဒါရိုးဖြင့်ထုတ် လုပ်သော   ထုတ်ကုန်ပစ္စည်းများမှာ ဦးထုပ်၊ ဖိနပ်၊ လက်ကိုင်အိတ်၊ လက် ဆွဲခြင်းနှင့် ဖျာတို့ဖြစ်ကြသည်။ ဦးထုပ်၊ ဖိနပ်၊ လက်ကိုင်အိတ်နှင့် လက်ဆွဲခြင်း တို့ကို လိုချင်သော  ဆေးရောင်များကို လှပအောင်၊ ရောင်းတန်းဝင်အောင် ပြု လုပ်ကြသည်။ ဖျာတစ်မျိုးတည်းကိုသာ သဘာဝအရောင်ဖြင့် ပြုလုပ်၍ ရောင်း ချကြသည်။ 
ရောင်းချသော ဈေးကွက်များမှာ အင်းမမြို့၊ တိုက်ကြီး၊ ရန်ကုန်၊ မန္တလေး နှင့် ပြည်မြို့တို့သို့ တင်ပို့ရောင်းချကြ သည်။ ဈေးနှုန်းအနေဖြင့် ဦးထုပ်တစ် လုံးလျှင် ကျပ် ၄၅၀ဝ၊   လက်ဆွဲခြင်း တစ်ခြင်းလျှင် ကျပ် ၇၅၀ဝ၊ လက်ကိုင် အိတ်အသေး တစ်လုံးလျှင် ကျပ် ၁၀ဝ၀ဝ၊ လက်ကိုင်အိတ် အကြီး တစ်လုံးလျှင် ကျပ် ၁၅၀ဝ၀၊ ဖျာတစ်ချပ်လျှင် ကျပ် ၅၅၀ဝ၊ ယောကျာ်းစီးဖိနပ် တစ်ရန်လျှင် ကျပ် ၈၅၀ဝ၊ မိန်းမစီးဖိနပ် တစ်ရန်လျှင် ကျပ် ၆၀ဝ၀ ဖြင့်   ရောင်းချကြောင်း သိရသည်။ 
အလားတူ   ငှက်ပျောပင်စည်မှ လည်း လူသုံးကုန်ပစ္စည်းများ ထုတ်လုပ် လျက်ရှိသည်။  အမျှင်များကိုထုတ်ယူပြီး ချည်အဖြစ်သို့ ရောက်ရှိအောင် ပြုလုပ် ပြီး ချည်ငင်စက်ဖြင့်  ချည်ငင်၍ ရက် ကန်းစင်တွင် အဝတ်အထည်များ ရက် လုပ်ကြသည်။  ထို့အပြင် အခြား လူသုံး ကုန်ပစ္စည်းများဖြစ်သော ဦးထုပ်၊ ဖိနပ် နှင့် ပိုက်ဆံအိတ်၊ လွယ်အိတ်  စသည့် လူသုံးကုန်ပစ္စည်းများလည်း ထုတ်လုပ် ကြသည်။
ကန်များ၊ မြစ်များထဲ၌ အလေ့ကျ ပေါက်ရောက်သော   ဗေဒါနှင့် အသီး သီးပြီး စွန့်ပစ်ရမည့် ငှက်ပျောပင်စည်ကို အမှိုက်အဖြစ်    စွန့်ပစ်စရာမလိုဘဲ အသုံးအဆောင်     ပစ္စည်းများအဖြစ် ထုတ်လုပ်ရောင်းချပြီး  တွင်ကျယ်စွာ ထုတ်လုပ်လာနိုင်ပါက အလုပ်အကိုင် အခွင့်အလမ်းများ  ရရှိလာနိုင်မည်ဖြစ် သည်။  
တန်ဖိုးမြှင့်ထုတ်ကုန် ပြုလုပ်လာ နိုင်မည်ဆိုပါက ပြည်ပနိုင်ငံများထိပါ ထိုးဖောက်နိုင်ပြီး   ပြည်ပဝင်ငွေများ လည်း ရရှိလာနိုင်မည်ဖြစ်သည်။ ထို့ကြောင့် အသေးစား၊ အငယ် စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်  ပံ့ပိုးပေး စေလိုကြောင်း တင်ပြလိုက်ရပါသည်။

ဝေဝေမင်း(ပြည်)