တနင်္သာရီတိုင်းဒေသကြီးတွင် ကြက်ပေါင်စေးခေါ် ရော်ဘာစိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းအား ရှေးယခင်ကတည်းကပင်ဒေသခံတောင်သူများမှ မိရိုးဖလာ လုပ်ကိုင်ခဲ့ကြပြီး ပြည်တွင်း၊ပြည်ပကုန်သွယ် ရောင်းဝယ်ခဲ့သည်။ ရော်ဘာ၏ မူရင်းဒေသမှာဘရာဇီးနိုင်ငံဖြစ်ပြီး ၎င်းတို့နိုင်ငံအမေဇုန်မြစ်ဝှမ်း ဒေသမှရရှိသော ရော်ဘာမျိုးစေ့အား အင်္ဂလန်နိုင်ငံKew (The Royal Botanic Garden မှ တစ်ဆင့် အရှေ့တိုင်းပြည်များသို့ စမ်းသပ်စိုက်ပျိုးခဲ့ရာမြန်မာနိုင်ငံ၌ ၁၈၇၆ ခုနှစ်တွင် စတင်ရောက်ရှိခဲ့ပြီး ယင်းနှစ်တွင်စိုက်ပျိုးထားခဲ့သော အပင်များအနက်မှ ကျန်ရှိသည့် အပင်တစ်ပင်ကို မြိတ်မြို့ လေယာဉ်ကွင်း မြောက်ဘက်ထောင့်အနီးတွင် ယနေ့တိုင် တွေ့ရှိရသည်။၁၉၀၅ ခုနှစ်မှ စတင် စီးပွားဖြစ် ကျယ်ပြန့်စွာ စိုက်ပျိုးပြီး၁၉၀၉ ခုနှစ်တွင် ဧက ၉၉၀ဝ ကျော်၊ ၁၉၂၀ ပြည့်နှစ်တွင် ဧက၇၂၀ဝ၀ ကျော်စိုက်ပျိုးခဲ့ပြီး ၁၉၉၀ ပြည့်နှစ်ခန့်မှစတင်၍ မလေးရှားနိုင်ငံမှ မျိုးကောင်းမျိုးသန့်များအား ပြောင်းလဲစိုက်ပျိုးခဲ့ကာယခုအခါ ထားဝယ်ခရိုင်တွင် စိုက်ဧက ၁၃၉၁၂၃ ဧက၊ အစေးလှီးဧက ၅၄၁၅၇ ဧက၊ မြိတ်ခရိုင်တွင် စိုက်ဧက ၁၄၉၅၁၀၊ အစေးလှီးဧက ၁၃၉၂၂၇ ဧက၊ ကော့သောင်းခရိုင်တွင် စိုက်ဧက ၃၉၄၆၀၊အစေးလှီးဧက ၂၀၂၀ဝ၊ ဘုတ်ပြင်းခရိုင်တွင် စိုက်ဧက ၂၃၇၉၀၊အစေးလှီးဧက ၂၃၇၃ ဧကရှိပြီး တိုင်းဒေသကြီးတစ်ခုလုံးအနေဖြင့်စိုက်ဧက ၃၅၁၈၈၃ ဧက၊ အစေးလှီးဧက ၂၁၅၉၅၇ ဧက တိုးတက်စိုက်ပျိုးလာကာ တစ်ဧက အထွက်နှုန်း ၈၂၄ ဒသမ ၁၀ ပေါင်ဖြင့်
စစု ေု ပါငး် ၂၂၇၃၁၇၂၇၂ ပေါင်ထွက်ရှိပြီး ပြည်တွင်း၊ ပြည်ပ ကုန်သွယ်ရောင်းဝယ်လျက်ရှိကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးတွင် ရော်ဘာခြံစိုက်သူများအနေဖြင့် တစ်ဧကတွင် အပင် ၂၁၀ ခန့်စိုက်ပျိုးပြီး ရော်ဘာအစေးလှီးရာသီမှာ ပွင့်လင်းရာသီဖြစ်သော မိုးအကုန် ဆောင်းအကူးအောက်တိုဘာလမှစ၍ မိုးမကျမီ မတ်လအထိ အစေးလှီးယူကြသည်။အစေးလှီးယူပုံမှာ ဒေသအလိုက် ပုံစံမျိုးစုံရှိသော်လည်းအများအားဖြင့် ဒေသခံစိုက်ပျိုးတောင်သူများမှာ သုံးရက်လှီး၊ တစ်ရက်နားစနစ်ဖြင့် လှီးယူလျက်ရှိပြီး မိုးရွာပါက အစေးလှီးယူ၍ မရကြောင်း သိရသည်။ အစေးလှီးယူရာတွင် ရော်ဘာပင်များအားညဘက် ၁၂ နာရီနောက်ပိုင်းမှ စတင်လှီးယူပြီး ထွက်ရှိလာသောအစေးများအား ခွက်ဖြင့်ခံကာ နံနက် ၆ နာရီတွင် လိုက်လံသိမ်းဆည်းပြီး ရရှိလာသော ရော်ဘာစေးများအား ကန်ထဲတွင် စုပေါင်းထည့်၍ သတ်မှတ်အက်စစ်ပမာဏအားထည့်ကာ ပုံစံခွက်များတွင်ပြောင်းလဲထည့်သွင်းပြီး အချိန် ခြောက်နာရီခန့်ထားပါက စေးခဲသော ရော်ဘာအကြမ်း ဘလောက်တုံးများကို ရရှိသည်။ ၎င်းရော်ဘာဘလောက်တုံးများအား ကြိတ်စက်ဖြင့် သတ်မှတ် အထူ/အပါး ရရှိအောင် အဆင့်ဆင့် ကြိတ်ခွဲပြီး ရရှိလာသော ရော်ဘာအပြားမျာအား အချို့ ခြံစိုက်တောင်သူများမှ ခြံအတွင်း နေလှန်း၍သော်လည်းကောင်း၊ မှိုင်းခံ၍သော် လည်းကောင်း၊ တစ်ပတ်ခန့်ပြုလုပ်ပြီးလျှင် ရောင်းတန်းဝင် ရော်ဘာ အချောပြား RSS များကိုရရှိလာသည်။ ရရှိလာသောRSS အပြားများကို သန့်ရှင်းမှုအပေါ်တွင် မူတည်၍RSS-1,2,3,4,5 ဟုခွဲခြား၍ ဈေးကွက်သို့တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။အချို့ ခြံပိုင်ရှင်များအနေဖြင့် ရော်ဘာအစေးရည် အတိုင်းလည်း စက်ရုံ၊ ကုမ္ပဏီများသို့ တိုက်ရိုက်ရောင်းချလျက်ရှိသည်။အစေးလှီး လုပ်သား များအနေဖြင့် တစ်ဦးလျှင် တစ်ရက် ငါးဧကခန့် အစေးလှီးယူနိုင်ပြီး လုပ်သားခအနေနှင့် ထွက်ရှိလာသော
ရော်ဘာပြားများ ရောင်းရမှုအပေါ် ခြံရှင်တစ်ဝက်၊ လုပ်သားတစ်ဝက် (သို့) ခြံရှင်မှ ၆၀ ရာခိုင်နှုန်းနှင့် အစေးလှီး လုပ်သားမှ၄၀ ရာခိုင်နှုန်းရရှိကြောင်း သိရသည်။ဒေသခြံစိုက်ပျိုးသူ တောင်သူများအနေဖြင့် ရော်ဘာကိုစီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်သူများသော်လည်း အများစုမှာ ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ခြင်းမရှိဘဲ ဒေသတွင်းရှိ ကုမ္ပဏီများ၊ စက်ရုံများ၊ ထားဝယ်၊ မြိတ်၊ ကော့သောင်း၊ မွန်ပြည်နယ်များရှိအဝယ်ဒိုင်များသို့ တင်ပို့ရောင်းချလျက်ရှိကာ ထိုမှ တစ်ဆင့် ပြည်တွင်း၊ ပြည်ပဈေးကွက်များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်းသိရသည်။
ရော်ဘာဈေးနှုန်းများအနေဖြင့် ယခင်နှစ်က ပြည်တွင်းဈေးကွက်တွင် ရော်ဘာအစေးရည်အတိုင်း တစ်ပေါင် ကျပ် ၁၃၅၀၊ RSS 5 တစ်ပေါင် ကျပ် ၁၄၅၀၊RSS-3 တစ်ပေါင် ကျပ် ၁၆၅၀ရရှိခဲ့ပြီး ယခုနှစ်တွင် ရော်ဘာအစေးရည်အတိုင်း တစ်ပေါင် ကျပ်၂၅၀ဝ၊RSS-5 တစ်ပေါင် ကျပ် ၂၈၈၀၊RSS-3 တစ်ပေါင် ကျပ်၂၉၈၀ နှုန်း ဈေးကွက်အတွင်း ရရှိနေကြောင်း သိရသည်။တနင်္သာရီတိုင်းဒေသကြီးအနေဖြင့် ရော်ဘာတစ်ပေါင်လျှင်ကျပ် ၉၀ဝ ခန့်ရရှိနေပြီး အထွက်ပေါင် ပေါင်း ၂၂၇၃ သိန်းခန့်ထွက်ရှိသဖြင့် တိုင်းဒေသကြီးအတွက် ဝင်ငွေအများဆုံး ရရှိနေသော လုပ်ငန်းတစ်ခုဖြစ်ပြီး ဒေသခံ ခြံစိုက်တောင်သူများနှင့် လုပ်သားများအတွက်လည်း ဝင်ငွေအထူးရရှိနေသော လုပ်ငန်းတစ်ခုဖြစ်သည်။ သို့ရာတွင် တနင်္သာရီတိုင်းဒေသကြီး ခြံစိုက် တောင်သူများအနေဖြင့် အချို့သော အခက်အခဲများကြောင့် ပြည်ပသို့ တိုက်ရိုက်တင်ပို့ရောင်းချနိုင်မှု မရှိဘဲ တစ်ဆင့်ခံ တင်ပို့ရောင်း ချနေရသည်။အရည်အသွေးပိုမိုကောင်းမွန်အောင် ထုတ်လုပ်နိုင် မည့်စက်ရုံ/ အလုပ်ရုံ များအား တိုးချဲ့ရင်းနှီးမြှုပ်နှံပါက ဝင်ငွေ ပိုမိုရရှိနိုင်မည်ဖြစ်သည်။တနင်္သာရီတိုင်းဒေသကြီး ရော်ဘာစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသည့်လုပ်ငန်းသည် နိုင်ငံအတွင်း ရော်ဘာမှ ထုတ်လုပ်သည့် Valued Added တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်လာနိုင်ပြီးပြည်ပဈေးကွက်သို့လည်း ပိုမိုတင်ပို့ရောင်းချနိုင်မည်ဖြစ်သဖြင့်တနင်္သာရီတိုင်းဒေသကြီးမှ ထွက်ရှိသော ရော်ဘာ အချောပြားများသည် နိုင်ငံအတွက် အားထားရမည့် အဓိကလုပ်ငန်းတစ်ခုဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
စိုးဗြိ (ထားဝယ်)