Main menu

Background

ပြင်ဦးလွင် ဆောင်းရာသီဒေသထွက် စတော်ဘယ်ရီသီး

Wed, 02/05/2025 - 11:39 -- journal_editor

မြန်မာနိုင်ငံ၏ တောင်ပေါ်မြို့တစ်မြို့ဖြစ် သည့် ပြင်ဦးလွင်မြို့သည် ပင်လယ်ရေမျက်နှာပြင် အထက် ပေပေါင်း ၃၅၃၈ ပေမြင့်ပြီး သဘာဝတရား မှ ချီးမြှင့်ထားသည့် မြေဆီသြဇာကောင်းမွန်မှုနှင့် သင့်တင့်အေးမြသော  ရာသီဥတုတို့ကို ပိုင်ဆိုင် ထားရှိမှုတို့ကြောင့် သစ်သီးဝလံ ပန်းမန်များကို စိုက်ပျိုးထုတ်လုပ်ရောင်းချသူ ဒေသခံ တောင်သူ များအတွက် အဖိုးမဖြတ်နိုင်သည့် မြို့တစ်မြို့ဖြစ် သည်။ 
ယင်းသို့  သစ်သီးဝလံပန်းမန်များ စိုက်ပျိုး ကောင်းမွန်သည့်မြေတွင်   မြို့ခံလူအများသည် နှစ်ရှည်သီးနှံပင်နှင့်   ရာသီစာသီးနှံပင်များကို စိုက်ပျိုးခြင်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုလျက်  ရှိရာ  ၎င်းသီးနှံများထဲမှ စတော်ဘယ်ရီသီးနှံကို လည်း စီးပွားဖြစ် စိုက်ပျိုးကြသည်။ 
မန္တလေးနှင့် ထိုးမုန့်ဆိုသကဲ့သို့ ပြင်ဦးလွင် နှင့်စတော်ဘယ်ရီမှာလည်း ခွဲခြားမရပါ။ စတော် ဘယ်ရီသီး အမျိုးအစားသည်  ပြင်ဦးလွင်မြို့၏ဆောင်းရာသီ ဒေသထွက်ကုန်တစ်ခု  ဖြစ်သည်။ ရုက္ခဗေဒမျိုးစုအမည်ရ ]ဖာဂေးရီးယား}ဟု အမည် တွင်၍   မြန်မာအခေါ်အဝေါ်အရ ]ရှမ်းဆီး}ဟု အမည်တွင်သည်။  စတော်ဘယ်ရီသီးပင်များ သည် အေးမြသော ရာသီဥတုကို အထူးနှစ်သက် ပြီးမြေ ပေါ်တွင်ကပ်၍ ပေါက်ရောက်သောမြေ လျှောက်ပင် (ျွကညညနမ) အမျိုးအစားဖြစ်သည်။ဘောင်များဖြင့်စိုက်ပျိုးနိုင်၍ တစ်ဘောင်လျှင် ပေ ၁၅၀ ရှိပြီး တစ်ဘောင်နှင့် တစ်ဘောင်ကြား ၃ ဒသမ ၅ ပေခြားစိုက်ပျိုးပြီး တစ်ဘောင်လျှင် အပင် ရေ ၂၅၀ ခန့် စိုက်ပျိုးနိုင်သည်။  စတော်ဘယ်ရီ သီးပင်များကို အောက်တိုဘာလနှင့် နိုဝင်ဘာလ တွင် စတင်စိုက်ပျိုးကြပြီး  ဇန်နဝါရီလမှ ဧပြီလ အတွင်း ထွက်ရှိသည်။ လက်ရှိ စတော်ဘယ်ရီသီး များသည် ဇန်နဝါရီလတွင် ထိုင်ဝမ်၊ ျွသပေူ-၁-၈၀ ထိုင်ဝမ် (အကျွတ်)မျိုး ထွက်ရှိပြီး ဖေဖော်ဝါရီလကုန်တွင်ဒေသမျိုးများထွက်ရှိသည်။ အထွက်နှုန်း အနေဖြင့်တစ်ဧကလျှင် ပျမ်းမျှ ပိဿာ ၃၀ဝ၀မှ ၄၀ဝ၀ ခန့်ထွက်ရှိသည်။  ဈေးနှုန်းအနေဖြင့် တစ် ပိဿာလျှင် ကျပ် ၁၅၀ဝ၀ ၊ အလတ်စားဘူးတစ်ဘူး လျှင်  ကျပ် ၅၀ဝ၀၊  အသေးစားနှီးခြင်းတစ်ခြင်းလျှင် ကျပ် ၂၅၀ဝ ဖြင့် ရောင်းချလျက်ရှိကြောင်း သိရ သည်။ နေရာဒေသနှင့် အရည်အသွေးပေါ် မူတည် ၍ ဈေးများ ကွာခြားလျက်ရှိသည်။ 
စတော်ဘယ်ရီသီးများမှာလည်း   နေ့စဉ် ပုံမှန် ဆွတ်ခူးရောင်းချနိုင်သော်လည်း ငါးရက် တစ်ကြိမ် ဆွတ်ခူးပါက ပိုမိုကောင်းမွန်၍  အသင့် လျော်ဆုံး  ခူးဆွတ်ချိန်မှာ အသီးများ အနီရောင် မရင့်မှည့်မီ အချိန်တွင် ခူး ဆွတ်ခြင်းက အရောင် အသွေးလှပ၊ အရသာပြည့်စုံ၊ အရည်အသွေးလှပ သော   အသီးများရ၍   ဈေးကောင်းများရရှိနိုင် သည်။
စတော်ဘယ်ရီသီးနှံမှာ အလွယ်တကူ စား သုံးရသောသီးနှံဖြစ်၍ လူကြိုက်များပြီး ရောင်း အားသွက်လျက်ရှိသည်။နှစ်စဉ် စတော်ဘယ်ရီသီး ထွက်ပေါ်စချိန်တွင် ဈေးကောင်းရရှိပြီး သီးနှံလှိုင် လှိုင် ထွက်ပေါ်ချိန်တွင် တောင်သူများ အပြိုင် အဆိုင် ရောင်းချမှုကြောင့် ဝယ်လိုအားထက်ရောင်း လိုအားများ၍  ဈေးကွက်သဘာဝအရ ဈေးနှုန်း များ ကျဆင်းတတ်ကြောင်း သိရသည်။ စားသုံးသူ များမှာလည်း  နို့ဆီ၊ သကြား မလိုဘဲ  အရသာကောင်းမွန်ပြီး အချိုဓာတ်ပါဝင်မှု များသည့် အြွကပ်မျိုးကိုသာ ပိုမိုကြိုက်နှစ်သက် ကြသည်။ ဒေသမျိုးရင်းမှာ အချဉ်ဓာတ် ပါဝင်မှု များပြား၍ ပြင်ဦးလွင်ဒေသထွက် ဒေသသီးများ ကို စတော်ဘယ်ရီဖျော်ရည်၊ စတော်ဘယ်ရီဝိုင် လုပ်ငန်း၊  ယိုလုပ်ငန်းများတွင် တန်ဖိုးမြှင့်ကုန် ချောများ ထုတ်လုပ်၍  ပြည်တွင်းဈေးကွက်တွင် ဖြန့်ဖြူးရောင်းချလျက်ရှိသည်။  
ပြည်တွင်းတွင် မျိုး၊ မြေ၊ နည်း ဟူသော စနစ်များဖြင့် အရည်အသွေးကောင်းသည့်  မျိုး၊ ကောင်းမွန်သည့်‌မြေတွင်မြင့်မားသော နည်းပညာ များဖြင့် စိုက်ပျိုးမှုကြောင့် အထွက်နှုန်းနှင့် အရည် အ သွေးမြင့်မားလာသည်။ ပြင်ဦးလွင်ဒေသထွက် စတော်ဘယ်ရီ အသီးများကို ပြည်တွင်းတင်ပို့မှု အနေဖြင့်ရန်ကုန်၊ မန္တလေး နီးစပ်ရာ မြို့ကြီးများသို့ တင်ပို့ရောင်းချခြင်း၊ ဒေသတွင်းစားသုံးမှုနှင့် ခရီး သွား လက်ဆောင်အဖြစ် ဝယ်ယူသူများပြားခြင်း တို့ကြောင့် တောင်သူများ စီးပွားဖြစ်ထွန်းလျက်ရှိ သည်။ 
ခရီးသွားပြည်သူများအနေဖြင့်လည်း ပြင်ဦးလွင်မြို့ စတော်ဘယ်ရီခြံစိုက်ခင်းများတွင် ကိုယ်တိုင်ခူးယူ ဝယ်ယူနိုင်သကဲ့သို့ ပြင်ဦးလွင်မြို့ ၏  သဘာဝအလှများကို   ခံစားနိုင်ရန်အတွက် အလည်လာရန် ဖိတ်ခေါ်လိုက်ရပါသည်။

နွေးစုခိုင်(MDY DOCA)