ကုလားပဲ
ဧရာဝတီမြစ်ရိုးတစ်လျှောက် ကျေးရွာများရှိ ကိုင်းကျွန်းမြေ များတွင် အများဆုံးစိုက်ပျိုးကြောင်း၊ မိုးကြက်သွန်နီ(ဥစိုက်) တူး ဖော်ပြီး ခင်းလွတ်များတွင် သီးထပ်အဖြစ် စိုက်ပျိုးကြောင်း၊ ယခင် နှစ်များတွင် ကုလားပဲသီးနှံကို ဆောင်းတစ်ရာသီ တစ်ကြိမ်သာ စိုက်ပျိုးပြီး ယခုအခါ ကြက်သွန်နီ စိုက်ခင်းလွတ်များတွင် သီးထပ် အဖြစ် နှစ်ကြိမ် စိုက်ပျိုးလာကြောင်း သိရသည်။
ဆောင်းသီးနှံကုလားပဲ စိုက်ပျိုးမှုကို ဒီဇင်ဘာလနှင့် ဇန်န ဝါရီလများတွင် မိုးကြက်သွန်နီ (ဥစိုက်) စိုက်ခင်းများ မတူးဖော်မီ ၂၅ ရက်သားခန့်အလိုတွင် ကြက်သွန်ခင်းမြောင်းကြားတွင် ကုလားပဲ မျိုးစေ့များကို ပင်ကြား ငါးလက်မအကွာ စူးထိုးပြီး အစေ့ချ စိုက်ပျိုး ခြင်းနှင့် ကြက်သွန်တူးဖော်ပြီးချိန်တွင် နွားရှဉ်းဖြင့် ထယ်ချောင်းဆွဲ ဖြူးချစိုက်ပျိုးခြင်း နှစ်နည်းဖြင့် စိုက်ပျိုးကြောင်း၊ ရေသွင်း ရေဖျန်း စနစ်ဖြင့် စိုက်ပျိုးပြီး မတ်လကုန် ဧပြီလဆန်းပိုင်းတွင် သီးနှံရိတ် သိမ်းကြောင်း၊ တစ်ဧကလျှင် မျိုးစေ့နှစ်တင်းခန့်ကုန်ကျပြီး ကုလားပဲ လုံးကြီး(အဖြူ)မျိုးကို စိုက်ပျိုးကြောင်း၊ တောင်သူများအနေဖြင့် ကုန်ကျစရိတ်နည်းပြီး အကျိုးအမြတ်ရရှိ၍ ယခင်နှစ်က ဧက ၅၀ဝ ခန့်စိုက်ပျိုးပြီး ယခုနှစ်တွင် ဧက ၇၀ဝ အထိ တိုးချဲ့စိုက်ပျိုးမှု များ လာကြောင်း သိရသည်။
ယခင်နှစ်က ကုလားပဲအထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ပျမ်းမျှတင်း ၂၀ ခန့် ထွက်ရှိကြောင်း၊ သီးနှံပေါ်ချိန် ဒေသပေါက်ဈေး တစ်တင်း ကျပ် ၈၅၀ဝ၀-၉၀ဝ၀ဝ ခန့်ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ ကြောင်း သိရသည်။
ပဲစင်းငုံနီ
ပခုက္ကူဈေးကွက်သို့ ဒီဇင်ဘာလ ပထမပတ်မှစတင်၍ ပဲစင်း ငုံနီ(အသစ်)များ ဝင်ရောက်ခဲ့ပြီး ပိဿာ ၂၀ ဝင် တစ်တင်းလျှင် သီးနှံပေါ်စ ကျပ် ၁၂၆၅၀ဝ-၁၂၂၀ဝ၀ ဈေးဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ရာ ဖေဖော်ဝါရီလ စတုတ္ထပတ်ထိ ပဲစင်းငုံနီများ ဈေးကွက်သို့ လှိုင်လှိုင်ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ရေစကြို မြို့နယ်အတွင်းရှိ ကျေးရွာများ၊ စစ်ကိုင်းနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများမှ နေ့စဉ်ဝင်ရောက် လျက်ရှိပြီး ဖေဖော်ဝါရီလ စတုတ္ထပတ်တွင် တစ်ရက်လျှင် ပဲစင်းငုံနီ ပိဿာ ၃၀ ဝင် အိတ် ၇၀ဝ-၁၀ဝ၀၊ တစ်ပတ်အတွင်း အိတ်ရေ ၅၀ဝ၀ ခန့် ဝင်ရောက် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။
ဈေးနှုန်းအနေဖြင့် ပဲစင်းငုံနီ တစ်တင်းလျှင် ဖေဖော် ဝါရီလ စတုတ္ထပတ်တွင် ကျပ် ၉၅၆၀ဝ-၉၇၀ဝ၀ ဈေးဖြင့် အရောင်းအဝယ် ဖြစ်ပြီး ဈေးအနည်းငယ် မြင့်တက်လာကြောင်း သိရသည်။
မြေပဲ
ပခုက္ကူမြို့ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံမျိုးစုံရောင်းဝယ်ရေး ဈေး ကွက်တွင် ဆီထွက်သီးနှံ မြေပဲများ နေ့စဉ်အရောင်းအဝယ်ဖြစ်လျက် ရှိရာ စိုက်ပျိုးမှုများသော ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ရေစကြို၊ ဆိပ်ဖြူ၊ ယောနယ်ဒေသများ၊ စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ကျေးရွာများမှထွက်ရှိသော မိုးမြေပဲ အတောင့်အဆန်များ ဝင်ရောက် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။ ယခုအချိန် တွင် ဂန့်ဂေါခရိုင်အတွင်းရှိ ယောနယ်ဒေသများမှ (၃) လ ပင်ပြန့် မြေပဲများ လှိုင်လှိုင်တူးဖော်ရိတ်သိမ်းချိန်ဖြစ်၍ ဈေးကွက်သို့ သီးနှံ ဝင်ရောက်မှုများကြောင်း၊ မြေပဲအသစ်၊ မြေပဲဆန်နှင့် မြေပဲအတောင့် များ ဝယ်လိုအား ကောင်းပြီး အရောင်းအဝယ် သွက်နေကြောင်း သိရသည်။ ဈေးကွက်သို့ ဝင်ရောက်လာသော မြေပဲအတောင့်နှင့် အဆန်များကို မြို့ပေါ်ရှိ လှောင်လက်သမားများ၊ ဆီစက်လုပ်ငန်း ရှင်များ အဝယ်လိုက်ခြင်းအပြင် ပြည်ပနိုင်ငံမှလည်း အဝယ်လိုက်၍ ဈေးနှုန်းမြင့်တက်ကြောင်း၊ မြေပဲတောင့်/အဆန် အရည်အသွေး နှင့် ဝယ်လိုအားပေါ် မူတည်၍ ဈေး အနိမ့်၊ အမြင့် ရှိကြောင်း သိရှိရ သည်။
စားတော်ပဲ
ပခုက္ကူမြို့ ပဲဈေးကွက်တွင် ပြည်တွင်းစားသုံးမှုမြင့်မားလျက် ရှိသော စားတော်ပဲများ အရောင်းအဝယ်ဖြစ်ခဲ့ရာ ဖေဖော်ဝါရီလ စတုတ္ထပတ် အစောပိုင်းမှစ၍ ယောနယ်ဒေသထွက် ကျွန်းစား တော်ပဲ (အသစ်)များ ပွဲရုံဈေးကွက်တွင် စတင်ဝင်ရောက်လျက်ရှိ သည်။ ဈေးကွက်သို့ စိုက်ပျိုးမှုများသော ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ကျောက်ထု၊ လောင်းရှည်ဒေသများနှင့် ပေါက်၊ ဆိပ်ဖြူမြို့မှ ထွက်ရှိ သော စားတော်ပဲများ ပွဲရုံများသို့ စတင်ဝင်ရောက်ကြောင်း၊ သီးနှံ (အသစ်)ပေါ်ချိန်ဖြစ်၍ ဈေးအနည်းငယ် ကျဆင်းပြီး အရောင်း အဝယ်ဖြစ်ကြောင်း၊ ပွဲရုံများမှတစ်ဆင့် ဒေသတွင်း စားသုံးသူများသို့ တစ်ဆင့် ပြန်လည်ရောင်းချကြောင်း သိရသည်။ ဈေးနှုန်းအနေဖြင့် ဖေဖော်ဝါရီလ စတုတ္ထပတ်တွင် သီးနှံပေါ်စ ကျွန်းစားတော်ပဲ တစ် တင်းလျှင် သီးနှံအရည်အသွေးလိုက်၍ ကျပ် ၁၂၀ဝ၀ဝ-၁၁၅၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခင်ဇန်နဝါရီ စတုတ္ထပတ်တွင် ကျွန်းစားတော်ပဲ သီးနှံ(အဟောင်း) တစ်တင်းလျှင် ကျပ် ၁၅၀ဝ၀ဝ ဈေးဖြစ်သဖြင့် စားတော်ပဲ တစ်တင်းလျှင် ကျပ် ၃၀ဝ၀ဝ ဈေးကျ ဆင်းခဲ့သည်။ ဈေးကွက်သို့ ကျွန်းစားတော်ပဲ(အသစ်)များ ဝင် ရောက်၍ ဈေးကျဆင်းကြောင်း၊ ပွဲရုံဈေးကွက်သို့ စားတော်ပဲသီးနှံ ပိဿာ ၃၀ ဝင် အိတ် ၃၀ မှ ၅၀ အထိ ဝင်ရောက် အရောင်းအဝယ် ဖြစ်ကြောင်း သိရှိရသည်။
နှမ်းနက်
ဖေဖော်ဝါရီလ စတုတ္ထပတ်တွင် နှမ်းရာသီပေါ်ချိန်မဟုတ်၍ ဈေးကွက်သို့ ကုန်ဝင်ရောက်မှု နည်းပြီး သီးနှံအဟောင်းများသာ အရောင်းအဝယ်ဖြစ်ကြောင်း၊ မြိုင်မြို့နယ်ဒေသထွက် နှမ်းနက် (စမုန်)များ ကုန်ချိန်အများဆုံး ဝင်ရောက်ကြောင်း၊ တစ်ရက်လျှင် ပိဿာ ၃၀ ဝင်အိတ် ၂၀ဝ - ၃၀ဝ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ပြည်တွင်းသုံးစွဲမှုအပြင် ပြည်ပအဝယ်လိုက်၍ ကုန်ဝင်သလောက် အရောင်းအဝယ်ဖြစ်ကြောင်း ဈေးကွက်မှ သိရသည်။
ဈေးနှုန်းအနေဖြင့် ဖေဖော်ဝါရီလ စတုတ္ထပတ်တွင် နှမ်း အမျိုးအစားနှင့် အရည်အသွေးလိုက်၍ နှမ်းနက်(စမုန်) တစ်တင်း လျှင် ကျပ် ၂၄၅၀ဝ၀-၂၁၀ဝ၀ဝ၊ နှမ်းဖြူ တစ်တင်းလျှင် ကျပ် ၁၂၄၀ဝ၀-၁၁၉၀ဝ၀-၁၀၈၀ဝ၀၊ နှမ်းဝါ တစ်တင်းလျှင် ကျပ် ၁၀၅၀ဝ၀-၁၀၃၀ဝ၀-၁၀ဝ၀ဝ၀ အရောင်းအဝယ်ဖြစ်ပြီး နှမ်းဖြူ တစ်တင်းလျှင် ကျပ် ၁၂၆၀ဝ၀-၁၂၁၀ဝ၀-၁၁၀ဝ၀ဝ၊ နှမ်းဝါ တစ် တင်းလျှင် ကျပ် ၁၁၁၀ဝ၀-၁၀၉၀ဝ၀-၁၀၆၀ဝ၀ အရောင်းအဝယ် ဖြစ်ခဲ့သည်။
ကြက်သွန်နီ
ပခုက္ကူခရိုင်အတွင်းရှိ ဆိပ်ဖြူမြို့နယ်တွင် မိုးကြက်သွန်နီ (ဥစိုက်)ကို အောက်တိုဘာလဆန်းမှ နိုဝင်ဘာလကုန်အထိ စိုက် ပျိုးပြီး ဒီဇင်ဘာလလယ်ခန့်တွင် တူးဖော်သည်။ ယခုနှစ်တွင် ဧက ၉၀ဝ ခန့်စိုက်ပျိုးထားပြီး တစ်ဧကလျှင် ပျမ်းမျှ တင်း ၃၀ဝ၀ မှ ၄၅၀ဝ အထိ ထွက်ရှိသည်။ သီးနှံပေါ်စဒေသတွင်း ဈေးကွက်၌ ဒီဇင်ဘာလတွင် အမြင့်ဈေး တစ်ပိဿာလျှင် ကျပ် ၃၂၀ဝ၊ ဇန်န ဝါရီလဆန်းပိုင်းတွင် ကျပ် ၂၉၀ဝ မှ ၂၀ဝ၀ ပေါက်ဈေးရှိကြောင်း၊ ယခင်နှစ် မိုးကြက်သွန်နီပေါ်ချိန်တွင် တစ်ပိဿာလျှင် အမြင့်ဈေး ကျပ် ၂၈၀ဝ ပေါက် ဈေးရှိခဲ့ကြောင်း၊ ယခုနှစ်တွင် မိုးကြက်သွန်နီ ဈေးကွက်ကောင်း၍ အကျိုးအမြတ်များစွာ ရရှိကြောင်း သိရှိရ သည်။
မြင့်မြင့်သန်း (ပခုက္ကူ)