
ရှေးဘုရင်များလက်ထက်က စက်မှုလုပ်ငန်း များ မထွန်းကားချိန် အိမ်တွင်းလက်မှု လုပ်ငန်းများ ဖြင့် တောင်း၊ ပလုံး၊ ဖျာရက်ခြင်း၊ အိုးဖုတ်ခြင်း၊ ပန်းထိမ်၊ ပန်းပု၊ ယွန်းထည်လုပ်ငန်း၊ အိမ်တွင်း ရိုးရာ လက်မှုလုပ်ငန်းများ ထွန်းကားလာသည်။ ခေတ်အဆက်ဆက် ရိုးရာလက်မှုအမွေအနှစ်များ ကို ယနေ့အချိန်အထိ လက်ဆင့်ကမ်း လုပ်ကိုင်လာ ကြသည်။ ဧရာဝတီတိုင်းဒေသကြီးတွင် ပုသိမ်ထီး လုပ်ငန်း၊ ကယားရိုးရာ ပလိုင်းများ၊ ကရင်ရိုးရာ ရက်ကန်း အထည်လုပ်ငန်းများ၊ မွန်ပြည်နယ်တွင် လည်း စက်ရက်ကန်းအထည်လုပ်ငန်း၊ မြန်မာ့ရိုးရာ ပန်းပုလုပ်ငန်း၊ ပုဂံယွန်းထည် လုပ်ငန်းများ၊ ရခိုင် ရိုးရာ မြေထည်လုပ်ငန်းများ၊ တိုင်းရင်းသားရိုးရာအဝတ်အထည်လုပ်ငန်းများ ဖြစ်ကြသည်။
ဧရာဝတီတိုင်းဒေသကြီးရှိ ပန်းတနော်မြို့ ထွက် သင်ဖြူးဖျာများသည် မြန်မာနိုင်ငံ ရာသီဥတု နှင့် ကိုက်ညီ၍ ကျန်းမာရေးနှင့် ညီညွတ်သည့် အတွက် လူကြိုက်များ၍ နာမည်ကြီးသည်။ ပန်း တနော်မြို့နယ်တွင်ရှိသော လူဦးရေ ၈၀ ရာနှုန်း သည် သင်ဖြူးဖျာ ရက်လုပ်ခြင်း လုပ်ငန်းကို လုပ် ကိုင်ပြီး အနောက်ပိုင်း ရပ်ကွက်နှင့် ကျေးရွာများ တွင် အများဆုံးရက်လုပ်ကြောင်း တွေ့ရသည်။
သင်ပင်များကို မြန်မာနိုင်ငံ အောက်ပိုင်း ဧရာဝတီမြစ်ဝကျွန်းပေါ်နှင့် တနင်္သာရီတိုင်းဒေသ ကြီးရှိ ရွှံ့နွံထူထပ်သော စိမ့်မြေများ၌ စိုက်ပျိုးကြ သည်။ သက်တမ်းရင့် သင်ပင်များခုတ်၍ သင် ချောင်းများကို လိုချင်သော အရှည်ကို အညီအမျှ ဖြတ်ယူကာ ကြီးငယ်အလိုက် အလယ်အူတိုင်ကို ချန်လှပ်ပြီး သုံးခြမ်းမှ ငါးခြမ်းအထိဓားဖြင့် ခွဲစိတ် ထုတ်ယူကြရသည်။ ခွဲစိတ်ခြမ်းထားသော အူလှီး ပြီးသောသင်များကို သုံးရက်ခန့်နေလှန်း၍ခြောက် သွေ့သွားသောအခါ သင်စိတ်များလိပ်၍တက်လာ ပြီး အစိမ်းရောင်မှ အညိုရောင်သို့ ပြောင်းသွား သည်။ ခြောက်သွေ့သွားသော သင်ချောင်းများကို အချောင်း ၄၀ဝ၊ ၅၀ဝ ရေတွက်၍ အစည်း စည်းပုံ ထားခြင်းကို သင်မသည်ဟုခေါ်သည်။ ဖျာတစ်ချပ် ရက်လျှင် သင်ချောင်း ၄၀ဝ စည်း နှစ်စည်းခန့်ကုန် သည်။ ခွာထုတ်ပြီးသော သင်ကြောများသည် ဖျာ ရက်ရန် အသင့်ရှိပြီဟုဆိုသော်လည်း ဝါးလုံးတန်း များတွင် တစ်ရက်နေလှန်းပေးရသေးသည်။ခြောက် သွေ့သွားသော သင်ချောင်းများ အရောင်ဖွေးလာ ပါက ပုံစံကွက်ဖော်၍ ရက်လုပ်ရန် အရောင်ဆိုးသူ များလည်း ရှိကြသည်။
သင်ဖြူးဖျာသည် မြန်မာနိုင်ငံ ရာသီဥတုနှင့် ကိုက်ညီ၍ ကျန်းမာရေးနှင့်ညီညွတ်သည်။ သင်ဖြူး ဖျာသည် ရေရှည်အသုံးခံပြီး ကျန်းမာရေးနှင့် ညီညွတ်သဖြင့် ရှေးယခင်နှစ်များစွာမှစ၍ ယနေ့ တိုင်အောင် ကာလကြာရှည်စွာ တည်တံ့လျက်ရှိ သည်။ သင်ဖျာများကို မြို့နယ် အနှံ့တင်ပို့ပြီး အလှူ မင်္ဂလာအခမ်းအနား၊ ရှင်ပြရဟန်းခံများတွင် မပါ မဖြစ် အသုံးပြုလျက်ရှိသည်။
ပန်းတနော်မြို့နယ်တွင် သင်ဖျာရောင်းချ ခြင်းလုပ်ငန်း ၂၀ ခန့်ရှိကြောင်း၊ မအူပင်မြို့တွင် သင်ဖျာအရောင်းဆိုင် ၁၀ ဆိုင် ဓနုဖြူ မြို့နယ်တွင် သင်ဖျာ အရောင်းဆိုင် ၁၅ ဆိုင်ရှိကြောင်း သိရ သည်။ သင်ကုန်ကြမ်းများကို ပန်းတနော်မြို့မှ မှာယူ၍ မအူပင် ဓနုဖြူမြို့နယ်တို့မှ ရက်လုပ်ကြီး၊ အခြားဒေသများသို့ တင်ပို့ဖြန့်ဖြူးရောင်းချကြောင်း သိရသည်။ ပန်းတနော်မြို့နယ်မှ သင်ဖျာ အရောင်း ဆိုင်များသည် ရန်ကုန်-ပုသိမ်ကားလမ်းဘေးတွင် ရောင်းချလျက်ရှိသည်။ ထိုင်ဖျာတစ်ခုကို ထိုင်ရ သက်သာစေရန် ၃ လက်မထု ဖော့တုံးဖြင့် ကတ္တီပါ အနီအနားကွပ်၍ ချုပ်လုပ်ကာရောင်းချကြောင်း သိရသည်။
ရောင်းချနေသော အမျိုးအစားအလိုက် ဈေးနှုန်းအနေဖြင့် ကားစတီခုံအခင်း (အဝိုင်း၊ လေးထောင့်) ကျပ် ၈၀ဝ၀၊ နှစ်ပေပတ်လည်ဖျာ ကျပ် ၂၀ဝ၀ဝ၊ ၁၈ လက်မ ပတ်လည်ဖျာ ကျပ် ၃၀ဝ၀ဝ၊ ခြောက်ပေ သုံးပေ တစ်ဖက်ချောဖျာ ကျပ် ၈၀ဝ၀ဝ၊ ခြောက်ပေ သုံးပေ နှစ်ဖက်ချောဖျာ ကျပ် ၇၀ဝ၀ဝ၊ ခြောက်ပေခွဲ ငါးပေ သုံးလက်မ တစ်ဖက် ချော ဖျာ ကျပ် ၉၀ဝ၀ဝ၊ ခြောက်ပေခွဲ ငါးပေသုံး လက်မ နှစ်ဖက်ချောဖျာ ကျပ် ၁၀ဝ၀ဝ၀၊ ငါးပေ လေးလက်မ နှစ်ပေဖျာ ကျပ် ၂၅၀ဝ၀၊ ငါးပေ လေးလက်မ လေးပေ ၂လက်မ ဖျာ ကျပ် ၃၈၀ဝ၀၊ ခြောက်ပေ သုံးပေ ကိုးလက်မဖျာ ကျပ် ၈၀ဝ၀ဝ၊ ခြောက်ပေ နှစ်ပေ ၁၀ လက်မဖျာ ကျပ် ၇၀ဝ၀ဝ၊ ခြောက်ပေ သုံးပေ ကျပ် ၆၅၀ဝ၀၊ ခြောက်ပေ လေး ပေ လေးလက်မဖျာ ကျပ် ၇၅၀ဝ၀ ဖြင့် ရောင်းချ နေကြောင်း သိရသည်။
ပန်းတနော် သင်ဖျာများကို တိုင်းဒေသကြီး ကုန်စည်ပြပွဲ၊ အရောင်းခန်းမများတွင် ပြသခြင်း များ၊ အခြားဒေသများသို့ တင်ပို့ရောင်းချခြင်းများ အညာဒေသဘုရားပွဲများတွင် အရောင်းဆိုင်များ ဖွင့်လှစ်၍ ရောင်းချခြင်းများဖြင့် ဈေးကွက် ကျယ် ပြန့်လျက်ရှိသည်။
အိမ်တွင်းလက်မှုလုပ်ငန်းဖြစ်၍ ဖျာကို လက် ဖြင့် ချုပ်ခြင်းဖြင့် လှပသော လှိုင်းအနားတွန့်ထွက်ရှိ ပြီး သေသပ်သော ဖျာတစ်ချပ်ရရှိကြောင်း သိရ သည်။ လက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် အတွက် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် DOCA (ဧရာဝတီ)