ဖျာပုံမြို့တွင် ဆန်စက်များမှ ဆန်စပါးကြိတ်ခွဲထုတ်လုပ် ခြင်းမှ ထွက်ရှိလာသည့် စပါးခွံ များအား ထင်းအစားထိုးလောင် စာများအဖြစ် ထုတ်လုပ်လျက်ရှိသည်။ ပုဂ္ဂလိကဆန်စက် လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရေး၊ ထုတ်ကုန်များ ဈေးကွက် အတွင်း ကျယ်ကျယ်ပြန့်ပြန့် ထိုးဖောက်ဖြန့်ဖြူးနိုင်စေရန် နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိကာ တန်ဖိုးမြင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန် ရည်ရွယ်၍ ဆန်စက်များမှ ထွက်ရှိလာသော စပါးခွံများအား ထင်းအစားထိုး လောင်စာ တောင့်အဖြစ် စပါးခွံ မီးသွေးတောင့်လောင်စာများ ထုတ်လုပ် လျက်ရှိသည်။
ဖျာပုံမြို့နယ်တွင် စပါးခွံလောင်စာတောင့် ထုတ်လုပ် သည့်စက်ရုံလေးရုံရှိသည်။ လောင်စာတောင့် စက်ရုံတစ်ရုံ တွင် စပါးခွံ ၁၇ ပိဿာ ၅၀ ကျပ်သားမှ မီးသွေးတောင့် ၁၆ ပိဿာထွက်ရှိပြီး တစ်ရက်လျှင် ၂၀ ပိဿာဝင်အိတ် ၇၀ အိတ်ခန့်ထွက်ရှိသည်။ ပိဿာ၂၀ အိတ် တစ်အိတ်လျှင် ယခင်နှစ်ဈေးနှုန်းမှာ ကျပ် ၅၅၀ဝ ဈေးရှိပြီး ယခုနှစ်တွင် ကျပ် ၈၅၀ဝ ဖြင့် ရောင်းချလျက်ရှိသည်။
စက်ရုံတစ်ရုံလျှင် လုပ်သားအင်အား ခြောက်ဦးခန့်ရှိ သည်။ တစ်ဦးလျှင် တစ်လ ကျပ် ၁၅၀ဝ၀ဝ မှ ကျပ် ၂၀ဝ၀ဝ၀ ခန့်အထိရရှိသည်။ ဈေးကွက်အနေဖြင့် ဒေသအတွင်းနှင့် ပင်လယ် ပိုင်းဒေသဖြစ်သော ဒေါ်ညိမ်း၊ နောက်မီး၊ ကပြတ်၊ ကုလားထိပ် စသည့်ကျေးရွာများသို့ ဖြန့်ဖြူးရောင်းချလျက်ရှိ သည်။ ယခုကာလသည် ပင်လယ်ငါးဖမ်းရေယာဉ်များက အဝယ်လိုက်သော ကာလဖြစ်သဖြင့် အရောင်းသွက်လျက်ရှိ ကြောင်း သိရသည်။
မင်းဇော်မွန် (ဖျာပုံ)