၀ါဂွမ်း
ပခုက္ကူမြို့နယ်တွင် ဝါကို ကံတော်၊ ကံလှ၊ ကံတိန်၊ ကံရက်၊ ကံမြင့်ကုန်း၊ မြိုင်နှင့် ရေစကြိုမြို့နယ်အတွင်းရှိ ရွာ များတွင် အဓိကစိုက်ပျိုးကြသည်။ ပခုက္ကူမြို့ ဝါစိုက်ဧကမှာ ယခင်က ၅၀ဝ၀ မှ ၆၀ဝ၀ ရှိခဲ့ ပြီး ယခုအခါတွင် စိုက်ဧကမှာ အလွန် နည်းပါးလျက်ရှိသည်။ အဓိက စိုက်ပျိုးသောဝါများ မှာ ချည်မျှင်ရှည်ဝါနှင့် ချည်မျှင်တိုဝါများကို စိုက်ပျိုးဖြစ်သည်။ ဝါစတင် ပေါ်စတွင် အစေ့ပါ တစ်ပိဿာလျှင် ကျပ် ၃၈၀ဝ ဖြစ်ခဲ့သည်။
ဈေးနှုန်းဈေးကွက်အနေဖြင့် ပခုက္ကူမြို့နယ်မှ ထွက်ရှိ သောဝါများကို မန္တလေးတိုင်းဒေသကြီး နှင့် သရက်၊ အောင်လံ ခရိုင်များသို့လည်း တင်ပို့ရောင်းဝယ်လျက်ရှိသည်။ ယခင် မတ်လက ဝါဝင်ရောက်မှုမှာ တစ်ရက်လျှင် ပိဿာချိန် ၅၀ဝ မှ ၁၀ဝ၀ ထိ ဝင်ရောက်ဈေးနှုန်းအနေဖြင့် ချည်မျှင်ရှည်ဝါ တစ်ပိဿာလျှင် ကျပ် ၃၅၀ဝ၊ ချည်မျှင်တိုဝါ တစ်ပိဿာလျှင် ကျပ် ၃၂၀ဝ ရှိပြီး ဧပြီလ စတုတ္ထပတ်တွင် ဝါဝင်ရောက်မှုမှာ နည်းပါးပြီး တစ်ရက်လျှင် ပိဿာချိန် ၂၀ဝ မှ ၃၀ဝ ဖြစ်၍ ချည်မျှင်ရှည် ဝါဂွမ်းအစေ့ပါ တစ်ပိဿာလျှင် ကျပ် ၃၀ဝ၀ မှ ၃၁၀ဝ ၊ ချည်မျှင် တိုဝါတစ်ပိ ဿာလျှင်ကျပ် ၂၈၀ဝ ဖြစ်သည်။ ယခင်လနှင့်နှိုင်းယှဉ်ပါက တစ် ပိဿာလျှင် ကျပ် ၄၀ဝ ခန့် ကျနေပြီး တစ်ပတ်လျှင် ကုန်ချိန်ပိဿာချိန် ၁၅၀ဝ-၂၀ဝ၀ ခန့် ဝင်ရောက်နေကြောင်း ဝါကုန်သည်များထံမှ သိရသည်။
ထောပတ်ပဲ
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်အတွင်း ထောပတ်ပဲ ကို ပခုက္ကူကျွန်း၊ ရေစကြိုကျွန်းနယ်များ၊ မြင်းကျွန်း၊ လေးလံ ကျွန်းနှင့် ဂန့်ဂေါခရိုင်အတွင်းရှိ ထီးလင်း၊ ဆော၊ ကျောက်ထု၊ မောက်၊ ကျွဲနန်းကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြပြီး ဖေဖော်ဝါရီလ စတုတ္ထပတ်မှစ၍ ထောပတ်ပဲများ စတင်ရိတ် သိမ်းကြသည်။ ပခုက္ကူကုန်စည်ဒိုင်နှင့် မြို့ပေါ်ရှိပွဲရုံများသို့ ထောပတ်ပဲဖြူများ အခြားမြို့နယ်များမှလည်း ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ ယခုနှစ် ဧပြီပထမပတ်တွင် ထောပတ်ပဲဖြူ (ယော)တစ်တင်းလျှင် ကျပ် ၉၂၀ဝ၀၊ ထောပတ်ပဲဖြူ(ကျွန်း) တစ်တင်း လျှင်ကျပ် ၈၆၀ဝ၀ ဖြစ်ခဲ့ပြီး ဧပြီလ စတုတ္ထပတ်တွင် ထောပတ် ပဲဖြူ (ယော)တစ်တင်းလျှင် ကျပ် ၉၈၀ဝ၀၊ ထောပတ်ပဲဖြူ (ကျွန်း) တစ်တင်းလျှင် ကျပ် ၉၀ဝ၀ဝ ဖြစ်၍ ဧပြီပထမပတ်နှင့် နှင့်နှိုင်းယှဉ်ပါက တစ်တင်း လျှင်ကျပ် ၆၀ဝ၀ ခန့် ဈေးတက်နေ ပြီး အရောင်းအဝယ်ဖြစ်မှု အိတ်ရေမှာ တစ်နေ့လျှင် အိတ်ရေ ၃၀ဝ မှ ၆၀ဝ ထိဖြစ်နေကြောင်း ကုန်စည်ဒိုင်မှ သိရသည်။
ကြက်သွန်နီ
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်အတွင်း ပေါက်၊ ဆိပ်ဖြူ၊ ကံမ၊ ရေပြာတို့တွင် မိုးစိုက်(ဥစိုက်) ကြက်သွန်နီများကို စိုက်ပျိုးလျက်ရှိသည်။ ပခုက္ကူ ကြက်သွန်နီကုန်စည်ဒိုင်သို့ ပခုက္ကူမြို့နယ်အတွင်းရှိ ကျွန်းနယ်များသာမက ရေနံချောင်း၊ မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အတွင်းရှိ ကျေးရွာ များမှလည်း ဥပုသ်နေ့မှလွဲ၍ အရောင်းအဝယ် ဖြစ်လျက်ရှိ သည်။ ပခုက္ကူကြက်သွန်နီ ဈေးကွက်အနေဖြင့် ဈေးနှုန်းများမှ ယခုတစ်ပတ်တွင် ပြန်လည်မြင့်တက်လာပြီး တစ်ရက်လျှင် ကုန်ချိန် ၄၀ဝ၀ဝ ကျော် ၅၀ဝ၀ဝ အရောင်းအဝယ်ဖြစ် ကြောင်း ဈေးကွက်သို့ ယခင်တစ်ပတ်ကထက် ကုန်ဝင်ရောက် မှုနည်းလာကြောင်း သိရ သည်။
ဧပြီလစတုတ္ထပတ်တွင် ကြက်သွန်နီ ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်ခဲ့သော ဈေးနှုန်းမှာ တစ်ပိဿာလျှင် ထိပ်စ ကျပ် ၁၅၀ဝ၊ အလတ် ကျပ် ၁၃၀ဝ၊ အနိမ့်စ ကျပ် ၈၀ဝ ဖြစ်ပြီး ယခင်မတ်လ စတုတ္ထပတ်က တစ်ပိဿာလျှင် ထိပ်စ ကျပ် ၁၃၅၀၊ အလတ်စ ကျပ် ၁၀ဝ၀၊ အနိမ့်စ ကျပ် ၈၀ဝ ဖြစ်၍ တစ်ပိဿာလျှင် ကျပ် ၁၅၀ ခန့် ဈေးတက်လာခဲ့သည်။ တစ် ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုမှာ ပိဿာချိန် ၅၀ဝ၀ဝ ကျော်ဖြစ်ပြီး တင်ပို့မှုအနေဖြင့် ရန်ကုန်၊ ဟင်္သာတနှင့် မြဝတီ မြို့များသို့ နေစဉ်တင်ပို့နေကြောင်း သိရသည်။
ပခုက္ကူမြို့မစည်ပင်ဈေးနှင့် အမှတ်(၂)ဈေးတွင် ရောင်း ချနေသော ကြက်သွန်နီ လက်လီဈေးမှာ တစ်ပိဿာလျှင် အမြင့်ဈေး ကျပ် ၁၈၀ဝ မှ အနိမ့်ဈေး ကျပ် ၁၃၀ဝ အထိ အရောင်းအဝယ်လျက်ရှိသည်။
လှိုင်ဥမ္မာဦး (ပခုက္ကူ)