ငလျင်ဒဏ်သင့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ စက်ရုံအချို့မှာ ယခုအချိန်တွင် ပြန်လည် လည်ပတ်နေပြီဖြစ်သည်။ မုံရွာမြို့ရှိ လက်ဖက် လုပ်ငန်းလုပ်ကိုင်သည့် စက်ရုံမှာလည်း လုပ်ငန်း များ ပြန်လည်လုပ်ကိုင်နေပြီဖြစ်သည်။ ၎င်း လက်ဖက်လုပ်ငန်းသည် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ မြို့သစ်ရပ်တွင် ၂၀၁၇ ခုနှစ်က စက်ရုံ တည်ထားခဲ့ပြီး မြန်မာနိုင်ငံ အနှံ့အပြားသာမက ပြည်ပနိုင်ငံများသို့ ဂုဏ်ယူစွာဖြင့် ဖြန့်ဖြူးရောင်း ချနေသော ဒေသထွက် မြန်မာ့ရိုးရာ ပြည်တွင်း စားသောက်ကုန်ထုတ်လုပ်သည့် လုပ်ငန်းဖြစ် သည်။
၎င်းလက်ဖက်လုပ်ငန်းသည် ကုမ္ပဏီ လိုင်စင်၊ ပုဂ္ဂလိက စက်မှုလုပ်ငန်းမှတ်ပုံတင်၊ ကုန် သွယ်လုပ်ငန်း မှတ်ပုံတင်ခြင်း၊ ပါဝင်ပစ္စည်းများ ကုန်ညွှန်းအမှတ်အသားပြည့်စုံခြင်း၊ ကုန်အမှတ် တံဆိပ် မှတ်ပုံတင်ခြင်းနှင့် အိတ်ခွံဒီဇိုင်းမှတ်ပုံ တင်ခြင်း၊ ငီ်္ဗ ၏ အသိအမှတ်ပြုထောက်ခံချက် လက်မှတ်ကို ရရှိထားပြီး စံချိန်စံညွှန်းများနှင့်အညီ သန့်ရှင်းသပ်ရပ်စွာ၊ ကျန်းမာရေးနှင့် ညီညွတ်စွာ စနစ်တကျ စီစဉ်ပြုလုပ်၍ ကိုယ်ပိုင်စိတ်ကူး Óဏ်ဖြင့် လက်ဖက်ဘူးများ ပြုလုပ်ဖန်တီးထုတ် လုပ်ထားခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် အရည်အသွေးပြည့်မီကောင်းမွန်ပြီး စစ်မှန်သော ကုန်ကြမ်းများဖြင့်သာ ကျန်းမာရေး နှင့် ညီညွတ်အောင် ထုတ်လုပ်ထားခြင်းကြောင့် ယုံကြည်စိတ်ချစွာ စားသုံးနိုင်ရန် လက်ဖက်နှင့် ပဲစုံကြော် အသင့်စားအထုပ်များ၊ လက်ဖက်နှပ်သီး သန့်၊ ပဲစုံ နှစ်ပြန်ကြော်သီးသန့်၊ လက်ဖက်ထောင်း ချဉ်စပ်၊ လက်ဖက်ပုစွန်ငပိထောင်း၊ လှော်သင်းရနံ့ ရေနွေးကြမ်းနှင့် အဆင့်မြင့် လက်ဖက်ပွဲ ဘူးကြီး များ ထုတ်လုပ်ထားသည်။
ပြည်တွင်း စားသုံးမှုများအနေဖြင့် မြန်မာ့ ရိုးရာ လက်ဖက်ပွဲစစ်စစ်ကို တစ်ထုပ်တည်းနှင့် ပြီးပြည့်စုံစွာ ပြည်သူများ ခံစားနိုင်ခြင်း၊ ဒေသထွက် ကုန်ကြမ်းများကို အများဆုံး အသုံးပြုထားသည့် အတွက် ဈေးနှုန်းချိုသာပြီး လူတိုင်း စားသုံးနိုင်ခြင်း၊ သဘာဝကုန်ကြမ်းများကိုသာ အသုံးပြုထားပြီး ကျန်းမာရေးနှင့် ညီညွတ်ခြင်း အစရှိ သော အကျိုး များရရှိစေသည့်အပြင် အဆင့်မြင့် အရည်အသွေး၊ အဆင့်မြင့် ထုပ်ပိုးမှုပုံစံဖြင့် ထုတ်လုပ်သည့် အတွက် မြန်မာ့ရိုးရာလက်ဖက်ကို ပြည်တွင်း၌ သာမက ပြည်ပနိုင်ငံများထိပါ တင်ပို့ရောင်းချ သည်။
ပဲမျိုးစုံ၊ နှမ်း၊ ကြက်သွန်ကြော်၊ စောင်း လျားသီး၊ ငရုတ်သီး၊ သံပရာသီးစသည့် ကုန်ကြမ်း အများစုကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ သက်ဆိုင်ရာ ဒေသများမှ ရရှိအသုံးပြုထားပြီး လက်ဖက်အညွန့် ကုန်ကြမ်းများကို ရှမ်းတောင် ဒေသမှ ရယူအသုံးပြုထားခြင်းဖြစ်သည်။
ထုပ်ပိုးမှု အနေဖြင့် ငီ်္ဗ စံနှုန်းများနှင့်အညီ သန့်ရှင်းလတ်ဆတ်သော ကုန်ချောများ စနစ် တကျ ထုတ်ပိုးခြင်း၊ ပါဝင်ပစ္စည်းအားလုံးကို စားသုံးသူများအတွက် ကျန်းမာရေးနှင့် ညီညွတ် စေရန် လုံခြုံစိတ်ချရသော ထုပ်ပိုးနည်းစနစ်များ ကို ခေတ်မီစက်ပစ္စည်းအင်အား၊ လူအင်အားများ အသုံးပြု၍ သန့်ရှင်းသပ်ရပ်သော အဆင့်မြင့် ထုပ်ပိုးမှုပုံစံများဖြင့် စနစ်တကျ ထုပ်ပိုးထားခြင်း နှင့် စနစ်တကျ ထားသို သိုလှောင်သိမ်းဆည်း ထားကြောင်း သိရသည်။ ဖြန့်ဖြူးရောင်းချရာတွင် မြန်မာပြည်အနှံ့သာမက ပြည်ပနိုင်ငံများသို့ပါ ပို့ဆောင်လျက်ရှိသည်။
ထို့ကြောင့် ပြည်ပသွင်းကုန်အစားထိုး ပြည်တွင်း စားသောက်ကုန်ဖြန့်ဖြူးရောင်းချခြင်း ဖြင့် ပြည်တွင်းတွင် အလုပ်အကိုင် အခွင့်အလမ်း များဖန်တီးပေးခြင်း၊ ပြည်ပ အသုံးစရိတ် လျော့ကျ စေခြင်း၊ ဒေသထွက်ကုန်စည်ပြပွဲများတွင် မြန်မာ့ ရိုးရာ အစားအစာအဖြစ် ဂုဏ်ယူဝငြွ့်ကားစွာ ပြသ နိုင်ခြင်း၊ မြန်မာ့ရိုးရာ လက်ဖက်ကို ပြည်ပနိုင်ငံ များသို့ပါ ပို့ဆောင်နိုင်ခြင်း အစရှိသည့် အကျိုး ကျေးဇူးများကို ရရှိစေသည်။
သင်းသင်းအေး (မုံရွာ)