Main menu

Background

ပခုက္ကူထွက် ကြက်သွန်နီနှင့် ပဲယဉ်းနီ

Tue, 06/03/2025 - 11:14 -- journal_editor

ကြက်သွန်နီ
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်၏ ကြက်သွန်နီ စိုက်ပျိုး ရာ ဒေသများဖြစ်သော ပေါက်၊ ဆိပ်ဖြူ၊ ကမ္မ၊ ရေပြာတို့မှ ဆောင်း စိုက် (ပင်စိုက်) ကြက်သွန်နီများကို စိုက်ပျိုးထုတ်လုပ်လျက်ရှိ သည်။ ပခုက္ကူ ကြက်သွန်နီကုန်စည်ဒိုင်သို့ ပခုက္ကူမြို့နယ်အတွင်းရှိ ကျွန်းနယ်များသာမက  ရေနံချောင်း၊ မန္တလေး၊ ညောင်ဦးခရိုင် အတွင်းရှိ ကျေးရွာများမှလည်း ဝင်ရောက်လျက်ရှိသည်။  ပခုက္ကူ ကြက်သွန်နီ ဈေးကွက်အနေဖြင် ယခုတစ်ပတ်တွင် ဈေးငြိမ်နေ ပြီး  တစ်ရက်လျှင် ကုန်ချိန် ပိဿာ ၈၀ဝ၀ဝ  မှ ၁၀ဝ၀ဝ၀ အထိ အရောင်းအဝယ် ဖြစ်သဖြင့် ယခင်ပတ်ထက် ကုန်ဝင်ရောက်မှုမှာ များလျက်ရှိကြောင်း သိရသည်။ 
မေလစတုတ္ထပတ်တွင် ကြက်သွန်နီကုန်စည်ဒိုင်၌ အရောင်း အဝယ်ဖြစ်ခဲ့သော  ဈေးနှုန်းမှာ  တစ်ပိဿာလျှင် ထိပ်စ ကျပ် ၁၃၀ဝ၊ အလတ် ကျပ် ၁၀ဝ၀၊ အနိမ့်စ ကျပ် ၈၀ဝ ဖြစ်ပြီး ယခင် ဧပြီလ စတုတ္ထပတ်တွင် အရောင်းအဝယ်ဖြစ်ခဲ့သော ဈေးနှုန်းမှာ တစ်ပိဿာလျှင် ထိပ်စ ကျပ် ၁၄၅၀၊ အလတ်စ ကျပ် ၁၁၀ဝ၊ အနိမ့်စ ကျပ် ၉၀ဝ ဖြစ်၍ တစ်လအတွင်း ကြက်သွန်နီတစ်ပိဿာ လျှင် ကျပ် ၁၅၀ ခန့်ဈေးနှုန်းကျဆင်းခဲ့ကြောင်းသိရသည်။  တစ် ပတ်အတွင်း ပိဿာချိန် ၄၇၀ဝ၀ဝ ခန့်ဖြစ်ပြီး တင်ပို့မှုအနေဖြင့် ရန်ကုန်၊ ဟင်္သာတနှင့် မြဝတီမြို့များသို့  နေ့စဉ်တင်ပို့ကြောင်း သိရသည်။ 
ပခုက္ကူမြို့မစည်ပင်ဈေးနှင့် အမှတ်(၂)ဈေးတွင် ရောင်းချ နေသော ကြက်သွန်နီ လက်လီဈေးမှာ တစ်ပိဿာလျှင် အမြင့် ဈေး ကျပ် ၁၆၀ဝ မှ အနိမ့်ဈေး ကျပ် ၁၀ဝ၀ ထိ အရောင်းအဝယ် လျက်ရှိသည်။ 
ပဲယဉ်းနီ
ပခုက္ကူမြို့နယ်တွင် ပဲယဉ်းသီးနှံကို မြစ်ခြေနှင့် ရေစကြို မြို့နယ်များတွင် အဓိကစိုက်ပျိုးလျက်ရှိသည်။ ပခုက္ကူ ကုန်စည် ဒိုင်တွင်  မြစ်ခြေဒေသမှ စိုက်ပျိုးသော ပဲယဉ်းနီများ အရောင်း အဝယ်ဖြစ်လျက်ရှိသည်။  ပခုက္ကူမြို့ နယ်တွင် ပဲယဉ်းနီ စိုက်ပျိုး ဧက ၈၀ဝ ရှိပြီး  ပဲယဉ်းနီကို အောက်တိုဘာလကုန် နိုဝင်ဘာလ တွင် စတင်စိုက်ပျိုးကြပြီး  ဖေဖော်ဝါရီလတွင် စတင်ရိတ်သိမ်း ကြသည်။  
မေလ   တတိယပတ်တွင် အရောင်းအဝယ်ဖြစ်ခဲ့သော ပဲယဉ်းနီ မြစ်ခြေဈေးနှုန်းမှာ တစ်တင်းလျှင် ကျပ် ၇၈၀ဝ၀၊ ပဲယဉ်း နီ (ယော)တစ်တင်းလျှင်ကျပ် ၈၇၇၀ဝ ဖြစ်၍ မေလ စတုတ္ထပတ် တွင် ပဲယဉ်းနီ မြစ်ခြေ တစ်တင်းလျှင် ကျပ် ၇၈၀ဝ၀၊ ပဲယဉ်းနီ တစ်တင်းလျှင် ကျပ် ၉၁၅၀ဝ ဖြစ်ပြီး မေလ တတိယပတ်နှင့် နှိုင်း ယှဉ်ပါက  ပဲယဉ်းနီတစ်တင်းလျှင် ကျပ် ၃၈၀ဝ ခန့် ဈေးတက်နေ ကြောင်း၊ အရောင်းအဝယ်ဖြစ်မှု အိတ်ရေမှာ တစ်ရက်လျှင် အိတ် ၅၀ မှ ၁၀ဝ ထိရှိနေကြောင်း ကုန်စည်ဒိုင်မှ သိရသည်။ 

လှိုင်ဥမ္မာဦး(ပခုက္ကူ)