Main menu

Background

မြစ်သားမြို့နယ်၌ ချည်မျှင်ရှည်ဝါများ စတင်ထွက်ရှိ

Mon, 07/07/2025 - 13:26 -- journal_editor

မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်အတွင်း တွင် စပါး၊ ပဲ၊ ပြောင်း၊ ကြက်သွန်နှင့် ငရုတ် သီးနှံများအပြင် ဈေးကွက်ဝယ်လိုအားရှိပြီး လူအသုံးအဆောင်ဖြစ်သော အဝတ်အထည်များ ရက်လုပ်ရန်အတွက် ဝါသီးနှံကိုလည်း စိုက်ပျိုးလျက်ရှိသည်။ခရိုင်အတွင်း ဝါ ကို ၅၇၆၁ ဧက စိုက်ပျိုး ခဲ့ပြီး မြစ်သားမြို့နယ်တွင် ချည်မျှင်ရှည်ဝါ ၄၁၆၁ ဧက စိုက်ပျိုး မှုရှိကြောင်း ဇွန်လ တတိယပတ်မှစတင်၍ ဝါများ စတင် ထွက်ရှိနေပြီဖြစ်ကြောင်း သိရသည်။ 
ဝါစိုက်ထွက်ရှိသောရွာများမှာ က္ခရာ၊ ဆင်သည်၊ သပြေ တောင်းရွာများဖြစ်ပြီး ဝါစိုက်ပျိုးမှုအနေဖြင့် ဘောင်စနစ်ဖြင့် အတန်းလိုက်စိုက်ပျိုးကျကြောင်း၊ ဝါစိုက်ပျိုးမှုတွင် မျိုးအနေ ဖြင့် ငွေချည်-၆၊ ရွှေတောင် - ၈ မျိုးများကို အများဆုံး စိုက်ပျိုး ကြပြီး တစ်ဧကလျှင် မျိုးထုပ်(၂-၃)ထုပ်အထိ ကုန်ကျကြောင်း၊ မျိုးတစ်ထုပ်ဈေးနှုန်းမှာ ကျပ် ၆၅၀ဝ၀-၇၀ဝ၀ ဈေးဖြင့် ဝယ်ယူ စိုက်ပျိုးရကြောင်း ၊ စိုက်ပျိုးစရိတ် အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း ကျပ် ၅၀ဝ၀ဝ၀ ခန့် ကုန်ကျ ကြောင်း သိရ သည်။ 
ယခင်နှစ်  အထွက်နှုန်းအနေဖြင့် ပိဿာ ၃၀ဝ-၄၀ဝ ခန့်ထွက်ရှိခဲ့ပြီး ဝါတစ်ပိဿာလျှင် ကျပ် ၃၂၀ဝ ဖြင့် ရောင်း ချခဲ့သောကြောင့် စိုက်ပျိုး စရိတ်နုတ်ပြီး ကျပ် ၆၂၀ဝ၀ဝ ဝန်း ကျင်ခန့် မြတ်ခဲ့ကြောင်း၊ ဝါဈေးနှုန်းအနေဖြင့် ယခုလက်ရှိ ပေါက်ဈေး ဝါအသစ် တစ်ပိဿာလျှင် ကျပ် ၃၂၀ဝ-၃၅၀ဝ၊ ဂွမ်းအသစ် တစ်ပိဿာလျှင် ကျပ် ၇၅၀ဝ-၈၀ဝ၀၊ ဝါအဟောင်း တစ်ပိဿာလျှင် ကျပ် ၄၀ဝ၀၊ ဂွမ်းအဟောင်းတစ်ပိဿာလျှင် ကျပ် ၉၈၀ဝ-၁၀ဝ၀ဝ တို့ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ဈေး ကွက်အနေဖြင့် မြို့ပေါ် ပွဲရုံများ တိုက်ရိုက်တင်ပို့ရောင်းချကြကြောင်း ၊ ပွဲရုံများမှတစ်ဆင့် ဝါစက်များ၊ ရုံများနှင့် မန္တလေး စက်မှုဇုန်(၁)သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။  
ဝါအထွက်နှုန်း ကောင်းမွန်ရန်နှင့် တောင်သူအကျိုး အမြတ်ပိုမိုဖြစ်ထွန်းရန်အတွက် မျိုးရိုးဗီဇ မှန်ကန်‌သောမျိုးများ နှင့် ဝါဖျက်ပိုးဒဏ်ခံနိုင်သောမျိုးများ အာမခံချက်ပေးနိုင်ရန် သက်ဆိုင်ရာဌာန၏ ပံ့ပိုးမှုများ လိုအပ်လျက်ရှိကြောင်း ဝါ စိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရ သည်။                                         ြိပိသခေ ၊ မော်မော်အောင်