ဇူလိုင်လ စတုတ္ထပတ်အတွင်း ကရင်ပြည်နယ် ဘားအံ မြို့ပေါ် ဈေးများတွင် ရေချိုငါးတစ်မျိုးဖြစ်သည့် ငါးသစ်တုံးငါးများ ဈေး ကောင်းရကာ အရောင်းသွက်လျက်ရှိကြောင်း သိရသည်။
ငါးသစ်တုံးငါးများသည် ရေချိုပိုင်းဖြစ်သည့် မြစ်၊ ချောင်း၊ အင်း အိုင်၊ချောင်းမြောင်းများတွင် သာအများဆုံးတွေ့ရသည်။ မိုးကာလ ဇူလိုင်လ၊ သြဂုတ်နှင့် စက်တင်ဘာလအထိသာ ငါးသစ်တုံးပေါ်ချိန် ဖြစ်သည်ဟုဆိုကြသည်။ ဒေသခံစားသုံးသူများက ငါးသစ်တုံးငါးကို ဆီပြန်ဟင်း၊ အြွကပ်ကြော်၊ ငါးအိုးကပ်စသည်ဖြင့် ပြုလုပ် စားသောက် ကြသည်။ ငါးသစ်တုံး ငါးလေးများသည် အရိုးပါဝါးစားရသော ငါး မျိုးဖြစ်သည်။ ငါးသစ်တုံးငါးလေးများ စားပေးခြင်းသည် အရိုးပွ ရောဂါဖြစ်ပွားခြင်းမှ ကြိုတင်ကာကွယ်ပေးနိုင်သည်။ ငါးသစ်တုံးငါး လေးများ၏ ဈေးနှုန်းများမှာ လက်ကားဈေးနှုန်းတစ်ပိဿာလျှင် ကျပ် ၁၇၀ဝ၀ နှင့် လက်လီဈေးနှုန်း တစ်ပိဿာလျှင် ကျပ် ၂၀ဝ၀ဝ - ၂၅၀ဝ၀ တို့ဖြင့် ဈေးကောင်းလျက်ရှိကြောင်း သိရသည်။
ကရင်ပြည်နယ်သည် သံလွင်မြစ်၊ ဂျိုင်းမြစ်၊ သောင်းရင်းမြစ်ကို အခြေခံ၍ မြစ်လက်တက်၊ ချောင်းလက်တက်များ ပေါများပြီး ဒေသ ထွက်ရေချိုငါးများထွက်ရှိသည်။ ဘားအံမြို့အနီးတစ်ဝိုက် ကျေးရွာ များရှိ ဒေသခံအချို့သည် သံလွင်မြစ်ကိုအမှီသဟဲပြု၍ တံငါအလုပ် ဖြင့် အသက်မွေးကြကာ ရေချိုငါးဖမ်းလုပ်ငန်းများ တစ်နိုင်တစ်ပိုင် လုပ်ကိုင်ကြပြီး ဘားအံမြို့ပေါ်ဈေးများတို့ အဓိကထား လာရောက် ရောင်းချကြောင်း သိရသည်။
ကရင်ပြည်နယ် ဘားအံမြို့ဈေးတွင် ဒေသထွက်ကုန်သာမက အခြားဒေသမှ ထွက်ရှိသော ဖရဲသီးများ ဈေးကွက်သို့ ဝင်ရောက် လျက်ရှိကြောင်းနှင့် ကုန်သည်လောကအခေါ် ဒုံးပျံ ဖရဲသီး အမျိုး အစားဖြစ်ကြောင်း သိရသည်။ ဖရဲသီးအလုံးရေ ၅၀ဝ၀-၆၀ဝ၀ ပါ ၁၂ ဘီးကားတစ်စီးလျှင် ကျပ် ၁၂ သိန်း ကုန်ကျစရိတ်ရှိကြောင်းနှင့် ဖရဲသီးကို ထွက်ရှိရာဒေသများ၌ အခင်းပြတ်စနစ်ဖြင့် ဝယ်ယူ၍ သယ်ယူပို့ဆောင်ခ လုပ်သားခ၊ အခြားကုန်ကျစရိတ်များ အပါအဝင် အကြီးအသေး သောင်းပြောင်း တစ်လုံးလျှင် ကျပ် ၂၀ဝ၀ ခန့်ကျသင့် ကြောင်း ဖောက်သည်ဈေးအနေဖြင့် အကြီးအသေး ကျပ် ၄၅၀ဝ တို့ဖြင့် ဖြန့်ဖြူးကြောင်း၊ ပယ်သီးနှင့် အလေအလွင့် ၅ရာခိုင်နှုန်းခန့် ထွက်ရှိကြောင်း သိရသည်။
ကရင်ပြည်နယ် ဘားအံမြို့ပေါ်ဈေးများတွင် ဖရဲသီးဈေးနှုန်း မှာ အကြီးတစ်လုံးလျှင် ကျပ် ၅၀ဝ၀၊ အလတ်တစ်လုံးလျှင် ကျပ် ၃၀ဝ၀-၄၀ဝ၀ နှင့် အသေးတစ်လုံးလျှင် ကျပ် ၁၅၀ဝ-၂၅၀ဝ နှုန်း တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
သီတာဌေး (ကရင်/သုနည်း)