ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဟင်္သာတမြို့နယ် နတ်မော်တိုက်နယ် သိမ်ကုန်း ကျေးရွာရှိ တောင်သူများသည် လယ်ယာလုပ်ငန်း အပြင် တစ်နိုင်တစ်ပိုင် အိမ်တွင်းမှုလုပ်ငန်းအဖြစ် ဘေ ထုပ်ကြိုးများကို လူအသုံးအဆောင်ပစ္စည်း များ ပြုလုပ်၍ ရောင်းချခြင်းကို ဆောင်ရွက်လျက် ရှိကြသည်။ သိမ်ကုန်းရွာသည် အိမ်ခြေ ၂၀ဝ ကျော်ရှိပြီး အိမ်ခြေ ၈၀ ခန့်သည် အဆိုပါ အိမ် တွင်းမှုလုပ်ငန်းကို လုပ်ကိုင်ကြသည်။ အဆိုပါအိမ် တွင်းလက်မှုလုပ်ငန်းလေးများသည်MSME လုပ် ငန်းများ တိုးတက်ပြန့်ပွားစေရေးအတွက် အခန်း ကဏ္ဍတစ်ရပ်အနေဖြင့် ပါဝင်လျက်ရှိသည်။
ဘေထုပ်ကြိုးသည် ပြည်ပမှ တင်သွင်းလာ သော လေဘေထည်များ၊ ကုန်စည်အထုပ်များ ထုပ်ပိုးရာတွင် အသုံးပြုသော ထုပ်ပိုးလုပ်ငန်းသုံး ပလတ်စတစ်ကြိုးဖြစ်ပြီး ထုပ်ပိုးပစ္စည်း ပေါ်လိုက် ၍ အရွယ်အစားမျိုးစုံရှိသည်။ ၎င်းဘေထုပ်ကြိုး များကို အသုံးပြု၍ အိမ်အသုံးအဆောင်ပစ္စည်းများ ဖြစ်သော ဆွဲခြင်း၊ ပလုံး၊ ခြင်းတောင်း၊ တင်း တောင်း၊ ခွဲတောင်း၊ စိတ်တောင်းများ ရက်လုပ်၍ ဈေးကွက်တင် ရောင်းချကြသည်။
ကုန်ကြမ်းပစ္စည်း ဘေထုပ်ကြိုးများကို အလေးချိန်ဖြင့် ဝယ်ယူရပြီး တစ်ပိဿာလျှင် ကျပ် ၃၈၀ဝ ဖြင့် ဝယ်ယူရသည်။ ကြိုးအရွယ်အစား အလိုက် အသေး၊ အလတ်၊ အကြီးဟူ၍ သုံးမျိုးရှိပြီး ပြုလုပ်မည့် ပစ္စည်းအရွယ်အစားအလိုက် အသုံးပြု ကြသည်။ ၁၆ လက်မအရွယ် ဆွဲခြင်းတစ်လုံးလျှင် ဘေထုပ်ကြိုး ၂၅ ကျပ်သားခန့်အသုံးပြုရပြီး လူ တစ်ဦးလျှင် တစ်ရက်လျှင် ဆွဲခြင်းသုံးလုံးခန့် ရက် လုပ်နိုင်သည်။ ၁၆ လက်မ ဆွဲခြင်းသုံးလုံးတစ်စုံ ရက်လုပ်ခြင်းအတွက် ဘေထုပ်ကြိုး ၇၅ ကျပ်သား နှင့် လုပ်သားတစ်ဦး အသုံးပြုရသည့်အတွက် ကြိုးဖိုး ၂၈၅၀ ခန့်နှင့် လုပ်သားခ ကျပ် ၇၀ဝ၀ စုစု ပေါင်း ကျပ် ၉၈၅၀ ခန့် ကုန်ကျပြီး ဆွဲခြင်းတစ်လုံး တန်ဖိုးမှာ ကျပ် ၃၃၀ဝ ခန့် ကျသင့်သည်။
၁၆ လက်မ ဆွဲခြင်းတစ်လုံးလျှင် ဖောက် သည်ဈေး ကျပ် ၅၅၀ဝ ခန့်နှင့် ရောင်းချရပြီး တစ် လုံးလျှင် ပျမ်းမျှ ၁၈၀ဝ ကျပ် ခန့် အမြတ်ရရှိသည်။ ဝယ်သူ အကြိုက်အရွယ်အစား အမျိုးမျိုးရှိသော ဆွဲခြင်းနှင့် တောင်းများကို ရက်လုပ်ကြပြီး ထွက်ရှိ သည့်ပစ္စည်းများကို ဟင်္သာတမြို့ ဈေးများရှိ အိမ် အသုံးအဆောင်ပစ္စည်းဆိုင်များသို့ တင်ပို့ရောင်း ချခြင်း၊ တစ်ဆင့်ရောင်းချသူများထံသို့ ဖောက် သည်ပေးခြင်း၊ ဆိုင်ကြီးများ၏ အမှာများအတွက် ရက်လုပ်ပေးခြင်းတို့ကို လုပ်ကိုင်လျက်ရှိသည်။ သိမ်ကုန်းတစ်ရွာလုံးရှိ မိသားစုဝင်များအနေဖြင့် လယ်ယာလုပ်ငန်း အားလပ်ချိန်တွင် ခြင်းရက် ခြင်း၊ တောင်းရက်ခြင်းများကိုလက်ခစားဖြင့် ရက် လုပ်ခြင်းအတွက် အပိုဝင်ငွေရလျက်ရှိပြီး ဘေး ထွက်ပစ္စည်းဖြစ်သော ဘေထုပ်ကြိုးကို တန်ဖိုးမြှင့် လူသုံးကုန်အဖြစ် ပြောင်းလဲထုတ်လုပ်နိုင်သည့် အတွက် ပြည်ပသွင်းကုန် အစားထိုးအိမ်တွင်းလက် မှုလုပ်ငန်းတစ်ခုအဖြစ် ရပ်တည်လျက်ရှိကြောင်း သိရသည်။
အိရတနာစိုး