မင်းကွတ်သီး
မွန်ပြည်နယ် မော်လမြိုင်မြို့ မြို့မဈေးကွက်တွင် ဈေးကောင်းရရှိပြီး စားသုံးသူ များပြားသော ဒေသစာ၊ ရာသီစာဖြစ်သော မင်းကွတ်သီးများ ယခုနှစ်အတွင်း အရောင်းအဝယ်ကောင်း၊ အထွက်နှုန်း ကောင်းကြောင်း သိရှိရသည်။မင်းကွတ်သီး ဈေးနှုန်းများမှာ ပေါ်ဦးပေါ်စတွင် ဈေးကောင်းရရှိပြီး အသီး အရွယ်အစားနှင့် အထွက်နှုန်းပေါ်မူတည်၍ ဈေးနှုန်းကွာဟမှုရှိသည်။
ဇွန်လတွင် မင်းကွတ်သီးဈေးနှုန်းမှာ အကြီးတစ်လုံးလျှင် ကျပ် ၇၀ဝ၊ မင်းကွတ်သီး (အလတ်) တစ် လုံးလျှင် ကျပ် ၅၅၀ နှင့် မင်းကွတ်သီး (အသေး) တစ်လုံးလျှင် ကျပ် ၃၀ဝ ခန့်ရရှိခဲ့ရာမှ ဇူလိုင်နောက်ဆုံး ပတ်တွင် မင်းကွတ်သီးအကြီးတစ်လုံးလျှင် ကျပ် ၅၀ဝ၊ မင်းကွတ်သီး (အလတ်) တစ်လုံးလျှင် ကျပ် ၃၅၀ နှင့် အသေးတစ်လုံးလျှင် ကျပ် ၂၅၀ ခန့် ဖြစ်၍ ကျပ် ၂၀ဝ မှ ၁၀ဝ ခန့် ဈေးကျသွားကြောင်း တွေ့ရသည်။ မွန်ပြည်နယ်အတွင်း ထွက်ရှိသည့် မင်းကွတ်သီးများကို တိုင်းဒေသကြီးများနှင့် ပြည်နယ်များသို့ တင် ပို့လျက်ရှိသည်။
အသီးထွက်နှုန်းအနေဖြင့် ယခင်နှစ်ထက် ယခုနှစ်မှာ အသီး ထွက် နှုန်းကောင်း၍ မင်းကွတ်ခြံရှင်များ အကျိုးအမြတ် ပိုမိုရရှိကြသည်။ မွန်ပြည်နယ်အတွင်း မင်းကွတ်သီးစိုက်ပျိုးသည့် ဧက ၆၀ဝ၀ ကျော်ရှိပြီး မင်းကွတ်သီးစိုက်ပျိုးရာတွင် အရင်းအနှီးနည်းပါး၍ အပင်ကို ရေပုံမှန်ပေးခြင်း၊ ပိုးမွှားရှင်းလင်းပေးခြင်းဖြင့် အသီး အလုံးကောင်းပြီး အထွက်နှုန်းကောင်းကြောင်း မင်းကွတ်သီး စိုက်ပျိုးသည့် ခြံရှင်ထံမှ သိရသည်။
ကွမ်းသီး
မွန်ပြည်နယ်ဒေသတွင် ကွမ်းသီးကိုအနုနှင့် ကွမ်းသီးအရင့် ခွဲခြား၍ အရောင်းအဝယ်ရှိသည်။ ကွမ်းသီးနု ကို ဈေးကောင်းပေးဝယ်လျက် အရောင်းအဝယ်ရှိကြသည်။ ကွမ်းသီးနုစိမ်းကို မော်လမြိုင်မြို့၊ ရေးမြို့ရှိ ရပ်ကွက်/ကျေးရွာတို့၌ ကွမ်းသီးခြံများသို့ ခြံအရောက် ကွမ်းသီးနုကို လိုက်လံဝယ်ယူပြီး အဝယ် ဒိုင်သို့ ရောင်းချကြသည်။ ထိုအဝယ်ဒိုင်မှတစ်ဆင့် ကွမ်းသီးနုပေါင်းထုတ်လုပ်သည့် စက်ရုံသို့ ကွမ်းသီးနုကို ရောင်းချကြသည်။ စက်ရုံ၌ ကွမ်းသီးနုကို ကွမ်းသီးအရည်ကြည်အသီးပါ ကွမ်းသီးအရွယ်ကိုသာ ပြုလုပ် ခြင်းဖြစ်သည်။ ကွမ်းသီးနုကို အခွံပါခွဲခြမ်း၍ အဆင့်ဆင့် ဠေူကန ဗိနိ ပြုလုပ်ပြီးမှ ထွက်ရှိလာသည့် ကွမ်းသီးနုပေါင်းကို အရွယ်အစားခွဲခြားပြီး ကီလိုဖြင့်ချိန်၍ အိတ်များနှင့် ထုပ်ပိုးကာ ကွမ်းသီးနုပေါင်း (ကုန်ကြမ်း) ကို ရောင်းချကြသည်။ ကွမ်းသီးအရင့်(အမှည့်)ကို ကွမ်းယာဆိုင်များ၌ ကွမ်းသီးကို အသုံးပြု ခြင်း၊ ဒေသတွင်း စားသုံးခြင်းများအတွက် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။
အဆိုပါကွမ်းသီးဈေးနှုန်းများမှာ ဇူလိုင်လ စတုတ္ထပတ်အတွင်း မော်လမြိုင်အညိုသီး အခွံမပါ (အသန့်) တစ်ပိဿာလျှင် ကျပ် ၂၂၀ဝ၀၊ မော်လမြိုင်ပါးပုတ်သီးအခွံမပါ (အသန့်) တစ်ပိဿာလျှင် ကျပ် ၂၃၀ဝ၀၊ ရေးသီး (အသန့်) အခွံမပါ တစ်ပိဿာလျှင် ကျပ် ၂၄၅၀ဝ နှင့် ကွမ်းသီးနု တစ်ပိဿာဈေးနှုန်းမှာ ကျပ် ၅၂၀ဝ မှ ၅၅၀ဝ ခန့်ဖြစ်ကြောင်း သိရသည်။
ခင်ကြည် (မွန်)