လိပ်ကျောက်စမတ်(ခေါ်)ငါးလိပ်ကျောက်များသည် ပင်လယ် ရေငန်ငါးတစ်မျိုးဖြစ်ပြီး အရိုးနုများနှင့် ဖွဲ့စည်းထား ရှိသည်။ ဝိုင်းဝိုင်းပြားပြားလေးများဖြင့် အမြီးများမှာ အချွန် လေးဖြစ်နေလျက်ရှိသည်။ ရှေးကျပြီး သက်တမ်းရှည်သော ငါးတစ်မျိုးလည်းဖြစ်ကြောင်း သိရှိရသည်။
ပုံသဏ္ဌာန်မှာ ယပ်တောင်ကဲ့သို့ ဖြစ်နေပြီး လိပ် ကျောက် အမြီးတွင်လည်း အဆူးပါရှိသောကြောင့် ၎င်းအဆူး ဖြင့် ထိုးမိပါက အဆိပ်တက်ကာ လှုပ်ရှားမရဘဲ အကြောသေ ခြင်းများဖြစ်တတ်သည်။ အချို့လိပ်ကျောက်ငါးများသည် လျှပ်စစ်ဓာတ်လိုက်သကဲသို့ ဖြစ်အောင် လွှတ်ထုတ်နိုင်ကြ သဖြင့် ရေထဲတွင် အခြားငါးများနှင့်မတူဘဲ လူကိုပင် သေစေ နိုင်သည်အထိ အန္တရာယ်ရှိကြသည်။ သို့သော် အဆူးကိုလည်း ဆေးဖော်စပ်ရာတွင်သုံးစွဲကြပြီး လိပ်ကျောက်စမတ်အူကိုပါ စားသုံးနိုင်သောကြောင့် တန်ဖိုးရှိသော ငါးတစ်မျိုးလည်းဖြစ် သည်။ ဈေးကွက်တွင် ဈေးကောင်းရရှိပြီး တစ်ကောင်လျှင် ကျပ် ၃၀ဝ၀ မှ ၃၀ဝ၀ဝ ခန့်အထိ ဈေးရရှိကြောင်း သိရှိရ သည်။
လိပ်ကျောက်စမတ်ငါးများသည် မျိုးသုဉ်းလုနီးပါးဖြစ် နေသောကြောင့် ဖမ်းဆီးခွင့်များ သတ်မှတ်ထားကြောင်း သိရှိ ရသည်။ ယခင်က လိပ်ကျောက်စမတ်ငါးများကို မြားစကြာ လှေများဖြင့် ဖမ်းဆီးကြပြီး ယခုအချိန်တွင် ၎င်းလှေများမရှိ တော့ကြောင်းသိရှိရသည်။ ဈေးကွက်တွင် ဝင်ရောက်နေသော လိပ်ကျောက် စမတ်ငါးများသည် ငါးဖမ်းလှေများမှရရှိပြီး အကောင်ကြီးများမိပါက ပြန်လည်လွှတ်ပေးလေ့ရှိကြကြောင်း နှင့် အကောင်ငယ်များမှာလည်း ဈေးကွက်တွင် ရှားပါးလျက် ရှိကြောင်း သိရသည်။
လိပ်ကျောက်စမတ်ငါးမှာ အရွယ်အစားအမျိုးမျိုးရှိပြီး အကောင်ကြီးများကိုမူ လိပ်ကျောက်ငါး အခြောက်အဖြစ် ပြုလုပ်ကြကာ အကောင်ငယ်များကို စမတ်ခြောက် ပြုလုပ်ကြ ကြောင်း သိရှိရသည်။ စမတ်ခြောက်ပြုလုပ်ရာတွင် အဆိပ်ရှိ နိုင်သောကြောင့် အလယ်ပိုင်းနှင့် အမြီးပိုင်းအား ဖယ်ရှားပြီး အဝိုင်းပုံစံပေါ်ရန် အသားကိုဓားဖြင့်မွှန်းကာ နေရောင်ခြည် ဖြင့် အခြောက်လှန်းရသည်။ ခြောက်သွေ့သွားပါက စမတ် ခြောက် (သို့မဟုတ်)ငါးဝိုင်းခြောက်များ ရရှိလာသည်။ စမတ် ခြောက်များကို ဒေသတွင်းနှင့် အခြားတိုင်း/ပြည်နယ်များသို့ တင်ပို့ရောင်းချကြသည်။
စမတ်ခြောက်တစ်ပိဿာလျှင် ကျပ် ၃၈၀ဝ၀ ခန့်ရှိပြီး အချို့မှာ အခြောက်ကြော်ကာ အသင့်စားငါးခြောက်အဖြစ် ဈေးများနှင့် ကုန်စုံဆိုင်များတွင် ပို့ဆောင်ရောင်းချကြသည်။ နှစ်လက်မခွဲခန့်ရှိသော တစ်ခြမ်းပါ အသင့်စား စမတ်ခြောက် တစ်ထုပ်လျှင် ကျပ် ၁၅၀ဝ ဖြင့် ရောင်းချလျက်ရှိကြောင်း သိရ သည်။
ကျော်နိုင်(မြိတ်)