မအူပင်ခရိုင် မအူပင်မြို့နယ်များတွင် သစ်စိမ်းမြေသြဇာSunn Hemp စိုက်ပျိုးလျက်ရှိသည်။ မအူပင်ခရိုင်အနေဖြင့် သစ်စိမ်းမြေ သြဇာ စုစုပေါင်းစိုက်ဧက ၄၄၀ဝ ရှိပြီး ပန်းတနော်တွင် ၁၃၅၀ ဧက ညောင်တုန်းမြို့နယ်တွင်ဧက ၁၄၅၀၊ ဓနုဖြူမြို့နယ် တွင်ဧက၁၆၀ဝ စိုက်ပျိုးကြောင်း သိရသည်။ ကြီးထွားနှုန်းမြန်သော သဘာဝသစ်စိမ်း မြေသြဇာ (ပိုက်ဆံလျှော်) စိုက်ပျိုးခြင်းဖြင့် မြေဆီလွှာ ဂုဏ်သတ္တိ တိုးပွားရုံသာမက အပေါ်ယံမြေဆီလွှာ တိုက်စားမှုကို ကာကွယ်ပေး နိုင်ပြီး မြေအောက်ရေကို ထိန်းသိမ်းပေးနိုင်သည်။
သစ်စိမ်းမြေသြဇာပြုလုပ်ခြင်း
မိုးရာသီတွင် သစ်စိမ်းမြေသြဇာပြုလုပ်သည့်စိုက်ခင်းမှာ တစ် ဧကအတွက် Bio Mass(၅ဒသမ၇)တန် ရှိရမည်ဖြစ်သည်။ ရာသီဥတု အခြေအနေကောင်းပါက စိုက်ပျိုးပြီး ရှစ်ပတ်မှ ၁၂ ပတ်အကြာ အတွင်း Bio Mass ၁၀ တန်လျှင် နိုက်ထရိုဂျင်ပမာဏ ၁၅၀ ကီလို မီတာ ဂရမ်အထက် ထုတ်ပေးနိုင်ကြောင်း သိရသည်။ စိုက်ပျိုးပြီး (၄၀-၄၅) ရက်သား ပန်းမပွင့်မီအချိန် သည် နိုက်ထရိုဂျင်ထုတ်လုပ်မှု အမြင့်မားဆုံးအချိန်ဖြစ်ကြောင်း သိရသည်။ ပန်းပွင့်ပြီး မျိုးစေ့ဖွံ့ဖြိုး ချိန် နိုက်ထရိုဂျင် ထုတ်လုပ်မှု လျော့ကျသွားသည်။ သစ်စိမ်းမြေသြဇာ ပြုလုပ်လိုပါက စိုက်ပျိုးပြီး ၄၅ ရက်သားသည် အကောင်းဆုံးဖြစ်၍ ထယ်ထိုးပြီး ထွန်မွှေရကြောင်း သိရသည်။
သစ်စိမ်းမြေသြဇာ စိုက်ပျိုးခြင်း
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့သည် ဧရာဝတီတိုင်း ဒေသ ခရိုင်/မြို့နယ်များ တွင် မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မျိုးစေ့ပေးအပ်ပွဲများ ပြုလုပ်၍ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) မျိုးစေ့များကို တောင်သူများ လယ်ယာမြေများအရောက် မျိုးစေ့ ကျဲ ပတ်ခြင်းများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။ လယ်ယာ မြေများတွင် မြေဆီမြေသြဇာ ကောင်းမွန်ရေး မိုး/နွေစပါး အထွက် နှုန်း ကောင်းမွန်ရေး သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာများ အချိုး ကျ ထည့်သွင်းဆောင်ရွက်နိုင်ရေးနှင့် သစ်စိမ်းမြေသြဇာ (ပိုက်ဆံ လျှော်) စိုက်ပျိုးခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများ တောင်သူ များသိရှိနိုင်ရန် အသိပညာပေးခြင်းများ၊ နည်းပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။
သစ်စိမ်းမြေသြဇာ စိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြော ကြားချက်အရ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) ကို စိုက်ဧက လေး ဧက စိုက်ပျိုးခဲ့ကြောင်း သိရသည်။ မျိုးအနေဖြင့် တစ်ဧကကို တစ် ၁၀ ပြည် ကြဲပက်ကြောင်း၊ သစ်စိမ်းမြေသြဇာ ပြုလုပ်ရန်အချိန်မှာ ပန်းမပွင့်ခင်အချိန်အတွင်း တစ်လမှ ၄၅ ရက်အတွင်း အပင်များကို စက်ဖြင့်မောင်းပြီးမြေကြီးအတွင်း နှစ်မြှုပ်၍ မြေသြဇာပြုလုပ်ကြောင်း သိရသည်။ ပန်းမပွင့်ခင်အချိန်သည် နိုက်ထရိုဂျင်ဓာတ် အြွကယ်ဝ ဆုံးနှင့် အများဆုံးထုတ်ပေးနိုင်သော အချိန်ဖြစ်သောကြောင့် ပြုလုပ် ရခြင်းဖြစ်ကြောင်း၊ မြေမြှုပ်ခြင်းကြောင့်ရရှိသော အကျိုးကျေးဇူး များမှာ စပါးပင်စိုက်ပျိုးသည့်အခါ အပင်သန်ပြီး စပါးပင်ကြီးထွား လာသောအခါ စိမ်းစိုလျက်ရှိကြောင်း၊ ဓာတ်မြေသြဇာ အသုံးပြုထား သော ယခင်စိုက်ပျိုးထားသည့် စပါးပင်များမှာ ထွက်ရှိလာပါက အဝါ ရောင်ဘက် အနည်းငယ်သန်း၍ ထွက်ရှိကြောင်း ၊ ဓာတ်မြေသြဇာ ကျွေးသည့်အခါတွင်လည်း တစ်ကြိမ်စာ သက်သာကြောင်း သိရှိရ သည်။
မျိုးစေ့ထုတ်မည်ဆိုပါက တစ်ဧက မျိုးလေးတင်းနှုန်း စိုက်ပျိုး ရ၍ လေးဧကဖြစ်သောကြောင့် ၁၆ တင်း စိုက်ပျိုးရကြောင်း သိရ သည်။ စိုက်ဧက၏ ထွက်ရှိနှုန်းမှာ တစ်ဧကလျှင် မျိုးစေ့ ၁၀ တင်းမှ ၁၅ တင်းနှုန်း ထွက်ရှိကြောင်း၊ မျိုးစေ့အတွက် ရိတ်သိမ်းထွက်ရှိ ချိန်ကာလမှာ ရက် ၉၀ ကျော် သုံးလအကျော်တွင် မျိုးစေ့ကို ရိတ်၍ အသီးများကို နေလှန်းကာ အစေ့ထုတ်ရကြောင်း သိရသည်။
သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) စိုက်ပျိုးမှု နည်းပညာ
သစ်စိမ်းမြေသြဇာပြုလုပ်ရန် စိုက်ပျိုးချိန်သည် ရာသီမရွေး စိုက်ပျိုးနိုင်ပြီး မျိုးစေ့ထုတ် စိုက်ပျိုးပါက မြန်မာနိုင်ငံအထက်ပိုင်း ဒေသများတွင် မေ၊ ဇွန်နှင့် အောက်ပိုင်းဒေသများတွင် အောက်တို ဘာလနှင့် နိုဝင်ဘာလများတွင် စိုက်ပျိုးသင့်သည်။ မြေအမျိုးအစား ဏံ ၅-၈ဒသမ၅ ရှိသော မည်သည့်မြေအမျိုးစားမဆို စိုက်နိုင်ပြီး နုန်းနုမြေ သည် အသင့်တော်ဆုံးဖြစ်သော်လည်း မြေညံ့သည့် သဲဆန်သော ဒေသများတွင် အခြားသီးနှံစိုက်ပျိုးမရနိုင် ပါက သစ်စိမ်းမြေသြဇာကို စိုက်ပျိုးနိုင်ကြောင်း သိရသည်။
စိုက်ပျိုးပြီး ရက်၃၀ ကြာ ရေတစ်ကြိမ်သာ သွင်းနိုင်သည်။ မိုးရာသီတွင် စိုက်ပျိုးသော ပိုက်ဆံလျှော်သည် စိုက်ခင်းမှ တစ်ဧက လျှင် အထွက် (ငြသ ျြေ) ၅ ဒသမ ၇ တန်ရရှိသည်ဟု သိရသည်။
သီးနှံများအထွက်တိုးစေရန် ဓာတ်မြေသြဇာများ နှစ်စဉ်ဆက် တိုက် လွန်ကဲစွာသုံးစွဲမှုကြောင့် မြေဆီလွှာ၏ ရုပ်ပိုင်း၊ ဓာတုပိုင်းနှင့် ဇီဝပိုင်းဆိုင်ရာ ဂုဏ်သတ္တိများ ထိခိုက်လာခြင်း၊ ဓာတုဓာတြွ်ကင်းများ ကြောင့် လူနှင့် သတ္တဝါများ အသက်အန္တရာယ် ဆုံးရှုံးမှုအား ကာ ကွယ်နိုင်ရန်အတွက် အချိန်တိုတိုအတွင်း ကြီးထွားမှုနှုန်းမြန်ဆန်၍ နိုက်ထရိုဂျင်ပမာဏများများ ထုတ်ပေးသည့် ပိုက်ဆံလျှော်ကို အခြား သီးနှံများ မစိုက်ပျိုးမီ စိုက်ပျိုးခြင်းနှင့် ဃသလနမ ဃမသစ (မြေစာပင်) အဖြစ် စိုက်ပျိုးပါက အကျိုးကျေးဇူးများသည့် သီးနှံဖြစ်သည်။
ပုံမှန်အားဖြင့် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) သည် ပိုးမွှား ကျရောက်မှု အန္တရာယ်နည်းပါး၍ ပိုးသတ်ဆေးသုံးရန်မလိုအပ်ပါ။ နီမတုပ်ရောဂါကျရောက်မှုကို လျှော့ချပေးသည့်အတွက် သီးလှည့် စိုက်ပျိုးပေးနိုင်သည်။ သစ်စိမ်းမြေသြဇာကြောင့် မြေကြီးထဲတွင် အကျိုးပြု ဘက်တီးရီးယားများနှင့် တီကောင်များ ပွားများစေသည်။ နွေရာသီတွင် မြေကြီးအပူချိန်မတက်ရန် ထိန်းပေးနိုင်သည်။ ဆောင်း ရာသီတွင် မြေကြီးအပူချိန် ကျမသွားအောင် ထိန်းညှိပေးနိုင်သည်။ ပိုက်ဆံလျှော်အမြစ်သည် မြေကြီးနက်နက်ထဲသို့ ဆင်းနိုင်ပြီး အပင် အာဟာရကို အပေါ်ယံလွှာသို့ သယ်ဆောင်ပေးနိုင်သည်။ သစ်စိမ်းမြေသြဇာသုံးစွဲခြင်းအားဖြင့် ဓာတ်မြေသြဇာ များများသုံးရန် မလို အပ်ဘဲ ဓာတ်မြေသြဇာ လျှော့သုံးခြင်းအားဖြင့် ပတ်ဝန်းကျင် မြေကြီး နှင့် ရေထဲသို့ ဓာတုအဆိပ်များ စီးဆင်းမှု လျော့နည်းသောကြောင့် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)သည် စိုက်ပျိုးသင့်သော အပင် တစ်မျိုးဖြစ်ကြောင်း ရေးသားလိုက်ပါသည်။
သဇင် (မအူပင်)