ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လပွတ္တာ မြို့နယ်သည် ပင်လယ်ကမ်းခြေ ဒီရေတောများနှင့် နီးစပ်မှုရှိသည့်အတွက် ကဏန်းမွေးမြူရာတွင် အောင်မြင်ဖြစ်ထွန်းမှုရှိသည်။ ကဏန်းများ ကြိုက် နှစ်သက်မှုရှိသော ရေချို၊ ရေငန်စပ် ကမ်းခြေနှင့် နီးစပ်မှုရှိသော လပွတ္တာမြို့နယ်အတွင်းရှိ ကျောက် ဖြူကျေးရွာ၊ သင်္ဃန်းကြီးကျေးရွာ၊ မိချောင်းအိုင် ကျေးရွာနှင့် ငပုတောမြို့နယ်အတွင်းရှိ အချို့ ကျေးရွာများတွင် ကဏန်းများကို စနစ်တကျမွေးမြူ ၍ ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိ ကြောင်း သိရသည်၊
ကဏန်းမွေးမြူရာတွင် တစ်ဧကမှ လေးဧက အထိ ကျယ်ဝန်းသော ကန်များတွင် သဘာဝ အလျောက် မွေးမြူသည့် စနစ်ဖြစ်သည့် မွေးမြူရေး ကန်များတွင် မြစ်ချောင်းများမှ သဘာဝ ရေငန်များ ထည့်သွင်းကာ ရေသွယ်မြောင်းများ ထားရှိပြီး ရေစတင်ဝင်သောနေရာ၌ ရေလှောင်ကန်၊ ရေစစ် ကန်ထားရှိ၍မွေးကန်၏ ရေအနက် ၄ ပေ၊ ၅ လက်မ ခန့် ကို သဘာဝရေငံ ထည့်သွင်း၍ မွေး ကန်အတွင်း ရေသန့်ရှင်းမှု ရှိ/မရှိ စစ်ဆေးပြီး ရေ သန့်ရှင်းမှသာ ကဏန်းပျော့ကို မွေးမြူကြရသည်။
ရေသယံဇာတများ ထိန်းသိမ်းနိုင်ရန်နှင့် ကဏန်းများ စဉ်ဆက်မပြတ် ဖမ်းဆီးထုတ်လုပ်နိုင် ရေးအတွက် ကဏန်းပျော့မွေးမြူရေး ကန်များနှင့် ကဏန်းအဝယ်ဒိုင်များ ပူးပေါင်းပြီး တစ်လလျှင် တစ်ကြိမ် ကဏန်းမျိုးစိုက်ထည့်ခြင်းလုပ်ငန်းကို လစဉ်ဆောင်ရွက်၍ အရွယ်အစားစုံ ကဏန်းမ များကို ကပ္ပလီပင်လယ်ဝ၊ ရွေးမြစ်ဝများတွင် မျိုး ပွားရန်အတွက် ပြန်လည်လွှတ်ပေးခဲ့ရာ ပိုမိုအောင် မြင်မှုရှိကြောင်း သိရသည်၊
ကဏန်းမွေးမြူရေးကန်များမှ ရရှိသော ကဏန်းပျော့များကို အအေးခန်းစက်ရုံသို့ မပို့မီ ဇလုံထဲတွင် ရေချိုစိမ်ထားရပြီး ပလတ်စတစ်ဗန်း များတွင်ထည့်၍ ရေစိုအဝတ်ဖုံးကာ စနစ်တကျ စီထပ်ပြီး မွေးကန်မှ စက်ရုံသို့ တင်ပို့ရကြောင်း ပြည်ပနိုင်ငံများသို့ တင်ပို့ရန် ၁ ါု မှ ၁.၅ ါု အထိ ရှိသည့် အရွယ်ညီ ကဏန်းပျော့များအား နိုင်ငံခြား မှမှာယူ တင်သွင်းရရှိထားသော အဖုံးပါစက္ကူဘူး များဖြင့် ထုပ်ပိုးရပြီး စက်ရုံမှတစ်ဆင့် ရန်ကုန်သို့ အအေးခန်းကားဖြင့် တင်ပို့လျက် ရန်ကုန်မှတစ် ဆင့် အအေးခန်းပါသော သေတ္တာများဖြင့် ရေ ကြောင်း၊ လေကြောင်းမှ တင်ပို့လျက်ရှိကြောင်း သိရသည်။ လပွတ္တာမြို့နယ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာ နှစ် ဧပြီလမှ ဇွန်လအထိ ကုမ္ပဏီများမှ ကဏန်း ပျော့တန်ချိန် ၁၉၂ဒသမ၆၂၃ တန်ကို ပြည်ပနိုင်ငံ များဖြစ်သော ဗြိတိန်၊ ဗီယက်နမ်၊ ထိုင်း၊ ဂျပန်၊ စင်ကာပူ၊ တရုတ်၊ အာရှနိုင်ငံများသို့ တင်ပို့ရောင်း ချခဲ့ကြောင်း လပွတ္တာမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန မှ သိရသည်၊
လပွတ္တာမြို့နယ်တွင် ကဏန်းပျော့ထုတ်လုပ် ခြင်းကို တစ်ပိုင်တစ်နိုင် ဆောင်ရွက်နိုင်သကဲ့သို့ မွေးမြူရေးကန်များဖြင့် စီးပွားဖြစ် ထုတ်လုပ်နိုင် သဖြင့် ပြည်ပသို့ တန်ဖိုးမြှင့်ထုတ်ကုန် တင်ပို့နိုင် သည့် လုပ်ငန်းဖြစ်သည့်အတွက် ဒေသတွင်းအလုပ် အကိုင် အခွင့်အလမ်း ပိုမိုတိုးတက်လာမည်ဖြစ်ပြီး နိုင်ငံတော်အတွက်လည်း နိုင်ငံခြားဝင်ငွေ ပိုမိုရရှိ လာမည်ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်၊
မင်းမင်းဦး (ပသ)