Main menu

Background

အသင့်ချုပ်ပြီးသား မြင်းခြံချည်ထည် အမျိုးမျိုး၏ ဈေးနှုန်းဈေးကွက်

Wed, 10/15/2025 - 12:12 -- journal_editor

မြင်းခြံမြို့နယ်တွင် ရောင်းချနေသော ချည်ထည်အမျိုးမျိုးကို တောင်သာမြို့ရှိ နွားပျဉ်းရွာနှင့် မိတ္ထီလာမြို့တို့မှ မှာယူ‌ရောင်းချကြောင်း သိရသည်။ ပိတ်အုပ်ချည် ကွက်အမျိုးမျိုး၊ ပိတ်အုပ် ပြောင်ကွက်၊ ဖျဉ်တဘက်၊  ချည်စောင်၊ လက်သုတ်ပဝါ၊ ဖျဉ်လုံချည်နှင့် ခေတ်ပေါ်ဒီဇိုင်းထွင်ချုပ်ထားသောReady Made  ချည်ထည် အမျိုး မျိုးကို ရောင်းချလျက်ရှိသည့်အနက် ၂၀၂၅ ခုနှစ်အတွင်း ရောင်းချလျက်ရှိသော မြင်းခြံ ချည်ချုပ်ထည် ဈေးနှုန်းများမှာ လူကြီးဝတ် ဘောင်းဘီရှည် ဆိုဒ်စုံဈေးနှုန်း များအနေဖြင့်M ဆိုဒ် တစ်ထည်လျှင် ကျပ် ၅၅၀ဝ၊ ြ ဆိုဒ် ကျပ် ၆၀ဝ၀၊ Lဆိုဒ် ကျပ် ၆၅၀ဝ၊ ZLဆိုဒ် ကျပ် ၇၀ဝ၀ ဖြစ်သည်။ 
မဝတ်ဂါဝန်ပုံမှန်ဆိုဒ် ကျပ် ၇၀ဝ၀၊ မဝတ်ပုံဆန်း လက်တိုအင်္ကျီတစ်ထည် ကျပ် ၆၀ဝ၀၊ ကျားရှပ်လက်ရှည် M  ဆိုဒ်ကျပ် ၇၀ဝ၀၊ Lဆိုဒ် ကျပ် ၈၀ဝ၀၊ XLဆိုဒ် ကျပ် ၉၀ဝ၀ ဖြစ်ကြောင်း၊ ကျားသင်္ဘောသားဝတ်အင်္ကျီ L ဆိုဒ်တစ်ထည်လျှင် ကျပ် ၅၀ဝ၀၊ XLတစ်ထည်လျှင် ကျပ် ၅၅၀ဝ၊ 2XLတစ်ထည်လျှင် ကျပ် ၆၀ဝ၀၊ မဝတ် ကလေးရှည်စုံဝမ်းဆက် Ss ဆိုဒ် တစ်စုံလျှင် ကျပ် ၆၀ဝ၀၊  S ဆိုဒ်တစ်စုံလျှင် ကျပ် ၇၀ဝ၀၊  M ဆိုဒ်တစ်စုံလျှင် ကျပ် ၇၅၀ဝ၊ Lဆိုဒ်တစ်စုံလျှင် ကျပ် ၈၀ဝ၀ ဖြစ်သည်။  
ကျားကလေးဝတ် ဝမ်းဆက်ရှည်စုံဈေးများမှာ S ဆိုဒ် ကျပ် ၅၅၀ဝ၊ Mဆိုဒ် ကျပ် ၆၅၀ဝ၊ Lဆိုဒ်ကျပ် ၇၅၀ဝ ပေါက်ဈေးများဖြင့် ရောင်းချလျက်ရှိပြီး မြင်းခြံ ချည်ထည်သည် တောင်သာမြို့နယ် နွားပျဉ်းရွာမှထွက်ရှိသောကြောင့် ထိုရွာကို အစွဲပြုပြီး နွားပျဉ်းချည်ထည်ဟုလည်း ခေါ်ဆိုကြသည်။   ချည်ထည်သည် မြန်မာ့ရိုးရာလက်မှုပညာတစ်ခုဖြစ်ပြီး ဝတ်ဆင်ရာတွင် ပေါ့ ပါး အေးမြသောကြောင့် လူကြီးလူငယ်မရွေး ဝတ်ဆင်အသုံးပြုသူ များပြားလှသည်။  အသင့်ချုပ် ချည်များအား ဈေးကွက်တင်ပို့မှုအနေဖြင့်  ရန်ကုန်မြို့၊ ပြင်ဦးလွင်မြို့၊ မန္တလေးမြို့နှင့် စစ်ကိုင်းမြို့ စသည်ဖြင့် အမြို့မြို့အနယ်နယ်သို့ တင်ပို့ရောင်းချ ကြောင်း သိရသည်။ ချည်ထည်သည် နွေ၊ မိုး၊ ဆောင်း ရာသီမရွေး ဝတ်ဆင်နိုင်ပြီး ကျန်းမာရေးနှင့် ညီညွတ်သောကြောင့် ဈေးကွက်တစ်ခုအဖြစ်  ရပ်တည်လျက်ရှိ ကြောင်း သိရသည်။                                                             

  mdydoca၊ သူဇာမိုး