မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံ တစ် နိုင်ငံဖြစ်သည့်အားလျော်စွာ သီးနှံအမယ်ပေါင်း များစွာ အောင်မြင်ဖြစ်ထွန်းသည့် ရေခံ၊ မြေခံ ကောင်းမွန်သော နိုင်ငံတစ်ခုဖြစ်သည်။ စိုက်ပျိုးရေး ထွက်ကုန် များမှ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပဝင် ငွေရှာဖွေပေးနေသသည်။ ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးလုပ်ငန်းများတွင် အသားတင်စိုက် ပျိုးနိုင်သောမြေဧက ၄၄၈၈၇၁၉ ရှိသည့်အနက် နှစ်ရှည် (စက်မှုကုန်ကြမ်းသီးနှံ) ရော်ဘာကို ၃၆၂၇၅ ဧက စိုက်ပျိုးထားကြောင်း သိရသည်။
ရော်ဘာကို မြန်မာနိုင်ငံအတွင်း မွန် ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသ ကြီးတို့တွင် အများအပြား စိုက်ပျိုးလျက်ရှိပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀ဝ၅ ခုနှစ်မှ စတင်၍ ရော်ဘာကို စတင် စိုက်ပျိုးခဲ့သည်။ ရော်ဘာလုပ်ငန်းသည် တစ်ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးလုပ်ငန်းဖြစ်သည်နှင့်အညီ ဈေးကွက် လွန်စွာကြီးမားကျယ်ပြန့်လှပြီး ရော်ဘာစိုက်ပျိုး ထုတ်လုပ်သော နိုင်ငံများအနေနှင့် နိုင်ငံတကာ လိုအပ်ချက်ကြီးမားသည့် ရော်ဘာစိုက်ပျိုးထုတ် လုပ်မှုကို အလေးထား ဆောင်ရွက်နေသလို မိမိတို့ မြန်မာနိုင်ငံသည်လည်း ရော်ဘာစိုက်ပျိုးထုတ် လုပ်သည့် နိုင်ငံများတွင် တစ်ခုအပါအဝင်ဖြစ်ကာ ရော်ဘာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစား ဆောင်ရွက်လျက်ရှိသည်။ ဧရာဝတီတိုင်းဒေသကြီး အတွင်း နှစ်ရှည်(စက်မှုကုန်ကြမ်းသီးနှံ) ရော်ဘာ ကို စိုက်ပျိုးရေးဦးစီးဌာနမှ နိုင်ငံအတွင်းဒေသ အလိုက် ရော်ဘာအထွက်နှုန်း တိုးတက်စေရန် သတ်မှတ်ထားသော ရေမြေ ရာသီဥတု နှင့်ကိုက်ညီ သည့် ဏြြ-၂၄/ ဏျြွှု-၂၅ ရော်ဘာမျိုးများကို စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ရော်ဘာအစေးလှီးချိန်စတင်မည့် ပွင့်လင်း ရာသီ ရောက်ရှိနေပြီဖြစ်ရာ ရော်ဘာများ အစေး လှီးရာတွင် အလေအလွင့် နည်းပါးစေရန်နှင့် စနစ် တကျ လှီးတတ်စေရန် မွန်ပြည်နယ် မုဒုံမြို့ စိုက် ပျိုးရေးဦးစီးဌာနလက်အောက်ရှိ နှစ်ရှည်ပင် သုတေသနခြံတွင် ရော်ဘာအစေးခြစ် သင်တန်း ဖွင့်လှစ်ထားသည်။ ပုသိမ်၊ ငွေဆောင် ကားလမ်း ဘေးရှိ ရော်ဘာခြံမှ အစေးခြစ်တာဝန်ခံမှ ၎င်းတို့ ၏ ခြံအတွင်းရှိ အစေးခြစ်မည့် လုပ်သားများအား စနစ်တကျ သင်ကြားပေးလျက်ရှိပြီး ယခင်နှစ် စိုက်ပျိုးရာသီတွင် ရော်ဘာပေါင်ချိန် ၈၀ဝ၀ဝ ထုတ်လုပ်ရောင်းချခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း ထွက်ရှိ သော ရော်ဘာများကို ဖောမစ်အက်စစ်နှင့် အချိုး အစားအတိုင်း ရောစပ်ပြီး ခွက်ဖြင့် ပုံသွင်း၍ အစေးခဲပြီး စက်ဖြင့်ကြိတ်ကာ နှစ်ပေါင်၊သုံးပေါင်၊ လေးပေါင်ရှိသော ရော်ဘာပြားများကို ၄/၅/၆ ရက်ခန့်နေလှန်းပြီး နေလှန်းပြားသော် လည်း ကောင်း၊ မှိုင်းခံ၍သော်လည်းကောင်း ပြုလုပ်ကာ ရော်ဘာဈေးကွက်တွင် ွမေိန ၁ယ၂ယ၃ ခွဲ၍ ရန်ကုန် ကုမ္ပဏီများသို့ တင်ပို့ရောင်းချလျက်ရှိသည်။ ရန်ကုန်မှတစ်ဆင့်ပြည်ပဈေးကွက်နှင့် ပြည်တွင်းရှိ ရန်ကုန်မြို့၊ ပဲခူးမြို့၊ ရော်ဘာစက်ရုံများမှ ကား တာယာ၊ စက်ဘီးတာယာ၊ သားရေဖိနပ်၊ လက် အိတ်၊ သရေကွင်းနှင့် အခြားအမယ်များ ပြုလုပ်ပြီး ဈေးကွက်တွင်ရောင်းချလျက်ရှိသည်။
၂၀၂၃ ခုနှစ် အောက်တိုဘာလမှ မေလ အထိ ရော်ဘာအဖွင့်ဈေးနှင့်အပိတ်ဈေးမှာ ရော်ဘာ တစ်ပေါင် ကျပ် ၁၆၅၀-၂၂၅၀ ဈေး ၊ ၂၀၂၄ ခုနှစ် အောက်တိုဘာလမှ မေလအထိ ရော်ဘာ အဖွင့် ဈေးနှင့် အပိတ်ဈေးမှာ ရော်ဘာ တစ်ပေါင်ကျပ် ၂၈၀ဝ-၃၀ဝ၀ ဈေးရရှိပြီး ၂၀၂၅ ခုနှစ် အောက်တို ဘာလတွင် ရော်ဘာတစ်ပေါင် ကျပ် ၃၃၀ဝ-၃၅၀ဝ ဝန်းကျင်ဈေးဖြစ်၍ ယခင်နှစ်ထက် ဈေး နှုန်း ပိုမိုရရှိ သည့်အတွက် ရော်ဘာစိုက်ပျိုးသော ကုမ္ပဏီ၊ တောင်သူများမှာ ပိုမိုအကျိုးအမြတ်ရရှိမည် ဖြစ်သလို ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၂၄- ၂၀၂၅ ခုနှစ် စိုက်ပျိုးရာသီတွင် ရော်ဘာ ပေါင် ၆၄၀၇၄၃၂ ဝန်းကျင်ထုတ်လုပ် ရောင်းချခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
တိုင်းဒေသကြီးအတွင်း ပြည်တွင်းလုပ်ငန်း ရှင်များမှလည်း ရော်ဘာစိုက်ပျိုးလျက်ရှိသလို စီမံကိန်းလျာထားဧက ၁၀ဝ၀ဝ၀ ပေါ် တွင် ပြည် တွင်း၊ ပြည်ပမှ ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်၍ ရော်ဘာစိုက်ဧကများ တိုးချဲ့စိုက်ပျိုးနိုင်ပါက ဒေသတွင်း စီးပွားရေးအခွင့်အလမ်းများရရှိမည် ဖြစ်သည်။ ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက် ရေးနှင့် သုတေသနလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ရန်အတွက် လက်ရှိစိုက်ပျိုးနေသော စပါး၊ ပဲမျိုးစုံနှင့် အခြားသီးနှံများအပြင် ရော်ဘာ စိုက်ပျိုးထုတ်လုပ်ခြင်းသည် ဒေသခံများ၏ စီးပွား ရေး၊ လူမှုရေးနှင့် ဝင်ငွေရရှိမှုကို အထောက်အပံ့ ဖြစ်သော လုပ်ငန်းဖြစ်သည့်အပြင် လူသားတို့ နေထိုင်ရာ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်း စောင့်ရှောက်ပေးနိုင်သော စိုက်ပျိုးရေးလုပ်ငန်း တစ်ခုဖြစ်သည်။ ဧရာဝတီတိုင်းဒေသကြီးမှ ထွက် ရှိလာသော ရော်ဘာကုန်ကြမ်းများ ရော်ဘာ စပ် ဆက်လုပ်ငန်းများ တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်သည့် စက်ရုံများ ထွန်းကားစေရန် ဆောင်ရွက်ရမည် ဖြစ်သည်။ သို့မှသာ ဒေသခံများ အတွက် ဝင်ငွေတိုး၍ အလုပ်အကိုင် အခွင့် အလမ်းများ တိုးပွားလာမည်ဖြစ်သည်။
မင်းမင်းဦး(ပသ)
