တနင်္သာရီတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ တောင်ဘက် ဆုံးအပိုင်းတွင် တည်ရှိပြီး တောင်တန်း၊ တောင်စွယ်များ ပေါများ သော ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့်ပေ ၄၀ဝ တွင် တည် ရှိပြီး ပူအိုက်စွတ်စိုသော ရာသီဥတုရရှိသဖြင့် စီးပွားဖြစ် တွက်ခြေ ကိုက်သော နှစ်ရှည်ပင်များ စိုက်ပျိုးအောင်မြင်ရာ ဒေသတစ်ခု ဖြစ်သည်။
အဆိုပါ နှစ်ရှည်ပင်များအနက် ရော်ဘာပင်စိုက်ပျိုးခြင်းလုပ် ငန်းကို ၁၉၀၅ ခုနှစ်ခန့်မှစတင်၍ စီးပွားဖြစ် စိုက်ပျိုးလာကြကာ ၁၉၀၉ ခုနှစ်တွင် ဧက ၉၉၀ဝ ကျော်၊ ၁၉၂၀ ပြည့်နှစ်တွင် ဧက ၇၂၀ဝ၀ ကျော် စိုက်ပျိုးခဲ့ပြီး ၁၉၉၀ ပြည့်နှစ်တွင် မလေးရှားနိုင်ငံမှ အထွက်နှုန်းကောင်းသည့် မျိုးကောင်းမျိုးသန့်များကို ဒေသ တောင်သူ၊ လုပ်ငန်းရှင်များ ပြောင်းလဲစိုက်ပျိုးလာခဲ့ပြီး ယခုအခါ တိုင်းဒေသကြီးတစ်ခုလုံးတွင် စိုက်ဧက ၃၅၁၈၈၃ ဧကရှိကြောင်း သိရသည်။
ရော်ဘာပင်များကို ယခင်က မိရိုးဖလာမျိုးများကို ကျပန်း စိုက်ပျိုးသဖြင့် တစ်ဧက အပင် ၅၀ မှ ၁၀ဝ ခန့်သာစိုက်ပျိုးနိုင်ခဲ့သည်။ ယခုအခါ အတန်းလိုက် ခေတ်မီနည်းဖြင့် တစ်ဧကလျှင် အပင် ၂၀ဝ ခန့်် စိုက်ပျိုးသဖြင့် ရော်ဘာအစေးခံလုပ်ငန်းများလည်း လျင်မြန်စွာ လုပ်ကိုင်နိုင်ကြောင်း သိရှသည်။
တနင်္သာရီတိုင်းဒေသကြီးတွင် ယခင်ဒေသ မျိုးစိုက်ဧက ၇၂၀ဝ၀ ကျော်ရှိသဖြင့် ယင်းရော်ဘာပင်များသည် အပင်သက် တမ်း အိုလာပြီး ရော်ဘာစေးအထွက်နှုန်းနည်းပါးလာကာ အပင် လုံးပတ်များလည်း ကြီးမားပြီး အပင်များမှာလည်း အတန်းလိုက် မဟုတ်သဖြင့် ရော်ဘာစေးခံယူရာတွင် တွက်ခြေကိုက်မှုနည်း ပါး သည်။ ယင်းရော်ဘာပင်အိုများနေရာတွင် ရော်ဘာပင် မျိုးကောင်း များ အစားထိုးစိုက်ပျိုးရန် လိုအပ်နေရာ ခြံပိုင်ရှင်များအနေဖြင့် ရောင်းချရန် ခက်ခဲခြင်း၊ ထိုက်သင့်သော ဈေးနှုန်း မရခြင်း၊ ပြန် လည် စိုက်ပျိုးရန်ခက်ခဲခြင်းများကို ကြုံတွေ့လျက်ရှိရာ အဆိုပါ လိုအပ်ချက်များအား ဖြည့်ဆည်းရန် ဒေသခံလုပ်ငန်းရှင် များမှ ၂၀၁၅ ခုနှစ်ခန့်မှစတင်၍ ကုမ္ပဏီများစုဖွဲ့ကာ ရော်ဘာသစ်နှင့် အချောထည် ထုတ်လုပ်ဖြန့်ဖြူးခြင်း လုပ်ငန်းများကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ တရားဝင် ခွင့်ပြုချက်ဖြင့် နိုင်ငံတကာ အဆင့်မီ ရော်ဘာသစ်အချောထည်စက်ရုံအား တည်ဆောက် ပြီး ဂျာမနီ၊ ဗီယက်နမ်၊ ဥရောပနိုင်ငံများမှ ထုတ်လုပ်သည့် ခေတ်မီ စက်ပစ္စည်းကိရိယာများဖြင့် တပ်ဆင်အသုံးပြု ဆောင်ရွက်လျက် ရှိသည်။
အဆိုပါစက်ရုံများမှ အဓိကကုန်ကြမ်းဖြစ်သည့် သက်တမ်း ရင့်လွန်နေပြီး အစေးမထွက်သည့် ရော်ဘာပင်အိုဟောင်းများကို ဒေသပေါက်ဈေးနှုန်းဖြင့် ဝယ်ယူပြီး စက်ရုံသို့ မော်တော်ယာဉ် များဖြင့် သယ်ယူကာ လိုအပ်သော အလျား၊ အနံ၊ ထု တို့ကို ဖြတ် တောက် ခွဲစိတ်ရသည်။ ယင်းဖြတ်တောက်ထားသော ရော်ဘာပင် များကို နိုင်ငံတကာတွင် လက်ရှိအသုံးပြုနေသည့် နောက်ဆုံးပေါ် နည်းပညာဖြစ်သော ရော်ဘာသစ်သား ဆေးစိမ်ခြင်း၊ သတ်မှတ် နာရီအတိုင်း ဆေးစိမ်ထားပြီးသည့် ရော်ဘာသစ်များအား လျှပ်စစ်ဖြင့် အပူပေးခြင်းတို့ကို ဆောင်ရွက်ရသည်။ ရရှိလာသော အပြစ်အနာကင်းသည့် ရော်ဘာသစ်များအား ကမ္ဘာ့နိုင်ငံအသီးသီး သို့ ရေကြောင်းခရီးလမ်းဖြင့်တင်ပို့၍ နိုင်ငံခြားငွေရှာဖွေပေးလျက် ရှိသည့် လုပ်ငန်းတစ်ခုဖြစ်သည်။
သို့ဖြစ်၍ သက်တမ်းလွန် ရော်ဘာပင်အိုများနှင့် အစေး ထွက်နှုန်းနည်းသည့် အပင်များကို ခြံပိုင်ရှင် တောင်သူများထံမှ ဝယ်ယူ၍ နိုင်ငံတကာအဆင့်မီနည်းစနစ်များဖြင့် ရော်ဘာသစ် နှင့် အချောထည်များကို ထုတ်လုပ်၍ ပြည်တွင်း/ပြည်ပသို့ ဖြန့်ဖြူးရောင်းချလျက်ရှိသည်။ ရော်ဘာပင်အိုများသည် ယခင်က ဒေသ တွင်းထင်းအဖြစ်သာ အသုံးပြုနိုင်ခဲ့ခြင်း၊ ရောင်းချရန်ခက်ခဲ ခြင်းများရှိခဲ့ရာမှ ထိုက်သင့်သော ဈေးနှုန်းတစ်ခုဖြင့် ရော်ဘာပင် အိုများ ဝယ်ယူပေးလျက်ရှိပြီး အဆိုပါနေရာ၌ အထွက်နှုန်းကောင်း၊ မျိုးကောင်းသော ရော်ဘာပင်များ ပြန်လည်စိုက်ပျိုးရန် အခမဲ့ဖြန့် ဖြူးပေးခြင်း၊ ဒေသတွင်း ပြည်သူများအား အလုပ်အကိုင် အခွင့် အလမ်းများပေးနိုင်ခြင်း အခြားသစ်မာများအစား ရော်ဘာသစ်ကို အစားထိုး အသုံးပြုနိုင်စေခြင်းတို့ကြောင့် သစ်တောပြုန်းတီးမှုကို ကာကွယ်ပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေသည်။ ထို့ပြင် ရော်ဘာသစ်အခြေပြု ြှနြ လုပ်ငန်းများလည်း ဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်သည်။ အထွက်နှုန်းကောင်း ရော်ဘာများ ပြောင်းလဲစိုက်ပျိုးနိုင်သည့်အတွက် ပြည်တွင်းတွင် ရော်ဘာ ဠေူကန ဗိနိ လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးနိုင်မည်ဖြစ်သကဲ့သို့ ပြည်ပ ဈေးကွက်လည်း ပိုမိုရရှိမည်ဖြစ်သဖြင့် တနင်္သာရီတိုင်းဒေသကြီး၏ အမှိုက်မှ ရွှေဖြစ်နေသည့်(ျွကဘဘနမ ျွှသသိ) ရော်ဘာသစ်အချော ထည် လုပ်ငန်းအား အောင်မြင်အောင် ဆက်လက်ဆောင်ရွက်သင့် ပါကြောင်း ရေးသားတင်ပြလိုက်ပါသည်။
စိုးဗြိ (ထားဝယ်)
