မွန်ပြည်နယ် မော်လမြိုင်မြို့အတွင်း စက်ချုပ်ပညာဖြင့် အသေးစားအထည်ချုပ်လုပ်ငန်း ကိုးခုခန့်ရှိသည်။ ထိုအထည်ချုပ် လုပ်ငန်းများသည် ခေတ်နှင့်အညီ ဒီဇိုင်းများဖန်တီးချုပ်လုပ်၍ ဈေး ကွက်အတွင်း နေရာခိုင်မာမှုရရှိထားပြီးဖြစ်သည်။ အထည်ချုပ်လုပ် ငန်းများသည် ဒေသတွင်း စီးပွားရေး အသေးစားလုပ်ငန်းများဖြစ်၍ စိတ်ဝင်တစား ထူထောင်လုပ်ကိုင်သူများလာ၍ တစ်ဖက်တွင်လည်း အမျိုးသမီးများ မိမိတို့နေရာဒေသမှာ အလုပ်အကိုင်ရရှိ၍ မိသားစု ဝင်ငွေရရှိလာသောကြောင့် ပိုမိုလုပ်ကိုင်လာကြသည်။
ကုန်ကြမ်းပစ္စည်း ဝယ်ယူခြင်း
မော်လမြိုင်မြို့ အထည်ချုပ်အသေးစားလုပ်ငန်း၌ လိုအပ်သည့် ကုန်ကြမ်းပိတ်စကို ယိုးဒယား မဲဆောက်မြို့၊ မြဝတီမြို့နှင့် ရန်ကုန်မြို့ ဘက်ခြမ်းမှ ဝင်ရောက်သော ပိတ်သား (စပန့်၊ ကော်တွန်၊ ပါထိုင်း)တို့ကို အသုံးပြုသည်။ ကိုက်အရေအတွက်ဖြင့်လည်းကောင်း၊ ကီလို ဂရမ်ချိန် ဈေးနှုန်းဖြင့်လည်းကောင်း ဝယ်ယူရသည်။
ဈေးနှုန်းအားဖြင့် ကီလိုဂရမ်ချိန် ဆာလာအိတ်ဖြင့် ထုပ်ပိုး ထားသည့် ပိတ်စ (ဗြော)ကီလို ၂၀ပါနှင့် ၅၀ကီလိုပါထိ ပိတ်စအတို/ အရှည် ရောနှောပါသည့် ပိတ်အထုပ်များကို ကီလိုဈေးဖြင့် တစ်ကီလို လျှင် ကျပ် ၅၀ဝ၀ ဖြင့် အိတ်သွပ်ဝယ်ရသည်။ ထို့ပြင် ပိတ်သန့်ကိုက် တို (တစ်ကိုက်မှ ၃ကိုက်ပါ) တစ်ကီလိုလျှင် ကျပ် ၈၀ဝ၀ မှ ၁၀ဝ၀ဝ အတွင်းရှိပြီး၊ ပိတ်သန့်ကိုက်ရှည် ၂၀ ပါပိတ်စ တစ်ကီလိုဈေးဖြင့် ကျပ် ၁၉၀ဝ၀ မှ ၂၂၀ဝ၀ အတွင်း ကိုက်ဈေးနှုန်းဖြင့် တစ်ကိုက်လျှင် ၄၅၀ဝ ကျပ်မှ ကျပ် ၅၀ဝ၀ အထိရှိပြီး အပွင့်အဆင်၊ ကာတွန်းရုပ် အဆင်များဖြင့် ဈေးနှုန်းကွာခြားမှုရှိသည်။
ကိုက်ဖြတ်ဝယ်ယူလျှင် ဈေးနှုန်းအားဖြင့် ပိတ်စအဆင် ကာလာစုံ၊ ဒီဇိုင်းစုံ ရွေးချယ်ဝယ်ယူ၍ ရသည်တစ်ကိုက်လျှင် ကျပ် ၄၅၀ဝမှ ၅၀ဝ၀ နှင့် ပိတ်စအမျိုးအစားပေါ်မူတည်၍ ဈေးနှုန်းကွာခြား ချက်ရှိသည်။ ထိုပိတ်စများကို အထည်ချုပ်လုပ်ငန်း၏ ကုန်ကြမ်း အဖြစ် အသုံးပြုသည်။ လုပ်ငန်းလည်ပတ်မှုနှင့် လုပ်သားခရရှိငွေ အထည်ချုပ်လုပ်ငန်းဦးစီးသူမှ အထည်အမျိုးအစားခွဲ၍ သတ် မှတ်ပုံဖော်ပြီး ပိတ်ဖြတ်သူ၊ မီးပူတိုက်သူ၊ အထည်ညှပ်သူ၊ အထည် ချုပ်သူ၊ အထည်ကို အဆင့်ဆင့်ပြုလုပ်၍ ထုပ်ပိုးပြီး နောက်ဆုံးကုန် ချောဖြစ်သော ကုန်စည်ကို ရောင်းချသူ၊ ဖောက်သည်တို့အား ဖြန့် ဖြူးရောင်းချ၍ထိုမှတစ်ဆင့် ရပ်ကွက်ဈေး၊ မြို့နယ်ဈေးအသီးသီးတွင် ဖြန့်ချိရောင်းချသည်။
အထည်ချုပ်လုပ်သားများသည် နံနက် ၇ နာရီမှ ညနေ ၅ နာရီအထိ အလုပ်ချိန်ကို သတ်မှတ်၍ လုပ်ကိုင်ကြသည်။ ချုပ်သည့် အထည်ပေါ်မူတည်၍ ချုပ်ထည်အမျိုးအမည်များမှာ အမျိုးသမီးဝတ် အင်္ကျီနှင့် ဘောင်းဘီရှည် (ဝမ်းဆက်)၊ အင်္ကျီနှင့် ဘောင်းဘီတို (ဝမ်းဆက်)၊ ဂါဝန်ရှည်၊ ခေါင်းစွပ် လက်တိုအင်္ကျီ၊ ခေါင်းစွပ်လက်ပြတ် အင်္ကျီ၊ ကလေးကျား/မဝတ် ဝမ်းဆက်စုံ၊ အမျိုးသားဝတ် ချိုင်းပြတ် စွပ်ကျယ်၊ အမျိုးသားဝတ် ဘောင်းဘီတို(ပိုးကြိုးပါ)အထည်များ၊ ဘောင်းဘီ သီးသန့်ဆိုဒ်စုံအထည်များ ချုပ်လုပ်သည်။ ဒီဇိုင်းဆွဲ ပိတ် ညှပ်သူများအနေဖြင့် ပိတ်စကို သေချာစနစ်တကျထားပြီးမှ ကက် သလောက်(အင်္ကျီပုံစံ)ကို ထပ်တူညှပ်ရသည်။ အထည်တစ်ခုလုံး တွင် ပါဝင်မည့် လိုအပ်ပစ္စည်းများကို သေချာစွာပြုလုပ်ပေးရသည်။ အထည်ချုပ်သည့်လုပ်ငန်းတွင် အထည်ညှပ်သူများသည် ဝင်ငွေ အများဆုံးရသူဖြစ်သည်။ အထည်အရေအတွက်ပေါ်မူတည်၍ ရရှိ သဖြင့် တစ်နေ့လျှင် လုပ်သားခရငွေ ၁၂၀ဝ၀ ကျပ်မှ ၁၈၀ဝ၀ ကျပ် အထိ ရရှိသည်။ ၎င်းမှတစ်ဆင့် ချုပ်လုပ်သူထံသို့ ရောက်ရှိပြီး ရိုးရိုး အပ်ချုပ်စက်ဖြင့်သော် လည်းကောင်း၊ မော်တာအပ်ချုပ်စက်ဖြင့် လည်းကောင်း အသုံးပြု၍ အထည်ချုပ်ကြသည်။ ချုပ်ရိုးချုပ်သား ခိုင်ခံ့မှု၊ သပ်ရပ်မှု၊ ချည်မကျော်စေရန် အထည်ချုပ်ရသည်။ အထည် အရေအတွက်ပေါ်မူတည်၍ အထည်ချုပ်သူလုပ်အားခမှာ တစ်နေ့ တာ လုပ်အားခရငွေ ကျပ် ၇၀ဝ၀ မှ ၁၅၀ဝ၀ အတွင်းရရှိသည်။ ထိုမှ ချုပ်ပြီးသားအထည်ကို မီးပူတိုက်၍ အချောသပ် အိတ်သွတ်ရသည်။ ၎င်းပြုလုပ်သူ လုပ်အားခ တစ်နေ့တာ ရငွေကျပ် ၆၀ဝ၀နှင့် ၈၀ဝ၀ အတွင်း ရရှိသည်။
လုပ်သားများအနေဖြင့် လုပ်ကိုင်မှုကွဲပြား၍ ရရှိသည့် ဝင်ငွေ လည်းကွဲပြားမှုရှိသည်။ အထည်စုံနှင့် ဈေးနှုန်းအခြေအနေ ချုပ်ထည် အမျိုးအမည်များနှင့် ဈေးနှုန်းအခြေအနေမှာ အမျိုးသမီးဝတ် စပန့် ပိတ်သား အင်္ကျီနှင့်ဘောင်းဘီရှည်(ဝမ်းဆက်) ဆိုဒ်စုံကို ကျပ် ၁၃၀ဝ၀ မှ ၁၅၀ဝ၀ ဆိုဒ်စုံ၊ စပန့်ပိတ်သား အင်္ကျီနှင့်ဘောင်းဘီတို (ဝမ်းဆက်)ဆိုဒ်စုံကို ကျပ် ၁၂၀ဝ၀ မှ ၁၄၀ဝ၀ အတွင်း၊ စပန့်ပိတ်သား ဂါဝန်ရှည် (ဆိုဒ်စုံ)တစ်ထည်လျှင် ကျပ် ၁၂၀ဝ၀ မှ ၁၄၀ဝ၀၊ ခေါင်းစွပ် လက်တို အင်္ကျီ ကျပ် ၅၀ဝ၀ မှ ၆၅၀ဝ၀၊ စပန့်ပိတ်သား ခေါင်းစွပ် လက် ပြတ်အင်္ကျီ(ဆိုဒ်စုံ) ကျပ် ၅၀ဝ၀၊ စပန့်ပိတ်သား ကလေးကျား/ မဝတ် ဝမ်းဆက်စုံ ကျပ် ၇၀ဝ၀ မှ ၈၀ဝ၀ စပန့်ပိတ်သား အမျိုးသားဝတ်ချိုင်း ပြတ်စွပ်ကျယ် ကျပ် ၅၅၀ဝ၊ အမျိုးသားဝတ် ပါထိုင်းဘောင်းဘီတို (ပိုးကြိုးပါ)အထည် ကျပ် ၆၀ဝ၀ မှ ၇၅၀ဝ အတွင်း ဆိုဒ်ကွာခြားမှု ကြောင့် အနည်းငယ် ဈေးနှုန်းကွာဟမှုရှိ ပြီး လက်လီ/ လက်ကားဈေး နှုန်းအားဖြင့်လည်း တစ်ထည်နှုန်းပေါ်တွင် လက်ကားဈေးနှုန်း ကျပ် ၅၀ဝ နှင့် တစ်ထောင် ဈေးနှုန်းလျော့သည်။
အထည်ချုပ်လုပ်ငန်း၏ အကျိုးအမြတ်ရရှိမှု
အထည်ချုပ်ရုံများအနေဖြင့် ကိုယ်ပိုင်အထည်ချုပ်ရုံထူထောင် သူ၊ လုပ်ငန်းဆောင်ရွက်မှုနှင့် ကိုယ်တိုင်ထူထောင်သူမဟုတ်ဘဲ အော် ဒါ အထည်များကိုသာ သီးသန့်ချုပ်လုပ်သည့် စက်ချုပ်ရုံများဖြင့် အထည်ချုပ်လုပ်ငန်းလုပ်ကိုင်ကြသည်။ ၎င်းမှ ကိုယ်ပိုင်အထည်ချုပ် ရုံထူထောင်သူတစ်ခုတွင် လုပ်သားခုနစ်ဦးနှင့်သော် လည်းကောင်း လုပ်ကိုင်သူရှိသလို လုပ်သားခုနစ်ဦးမှ ၂၀ ဦးဖြင့် လုပ်ငန်းကို လုပ် ကိုင်သည်များရှိသည်။ ယခုဆိုလုပ်ငန်းအတွက် ရင်းနှီးငွေ၊ လုပ်သား ခပေးရငွေတွေကို စီမံလာနိုင်ကြောင်း၊ အထည်ရောင်းရငွေနှင့် လုပ်ငန်းလည်ပတ် ဆောင်ရွက်မှု တစ်ခုလုံး၏ (ပိတ်စဖိုး၊ လုပ်သားခ၊ သယ်ယူပို့ဆောင်ခ၊ လိုအပ်သောပစ္စည်းများ ဝယ်ယူခြင်း) အသုံး စရိတ် တစ်လတွက်ချက်မှုများအပေါ် ပြန်လည်ရရှိသည့် အကျိုး အမြတ်မှာ တစ်လလျှင် ငွေကျပ် ကျပ် ၅၀ဝ၀ဝ၀ မှ ၉၀ဝ၀ဝ၀ အတွင်း ရရှိကြောင်းနှင့် အထည်ချုပ်ရောင်းချမှု အရေအတွက်အပေါ် မူတည် ၍ ဝင်ငွေကွာခြားမှုရှိကြောင်း သိရသည်။
ထို့ပြင် အော်တာထည်များကိုသာ သီးသန့်ချုပ်လုပ်သည့် စက် ချုပ်ရုံများအနေဖြင့် ပိတ်စဖိုးရင်းနှီးရန် မလိုဘဲ လုပ်ငန်းရှင်မှ ပိတ်စ ပေးကာ ချုပ်ရသောကြောင့် အထည်အရေအတွက်ပေါ် မူတည်၍ ဈေးနှုန်းသတ်မှတ်ကာ ချုပ်ခကိုရရှိပြီး ထိုမှတစ်ဆင့် လုပ်သားခများ ကို ပေးချေရသည်။
ဈေးကွက်ဖြန့်ချိဆောင်ရွက်မှု
ထိုပစ္စည်းများသည် မော်လမြိုင်မြို့ မြိုင်ရတနာ(၂)ထပ်ဈေး၊ အောက်ဈေး၊ မြိုင်ရတနာလေးထပ်ဈေး(အပေါ်ဈေး) ဒေါင်းမင်းရပ် ဈေး၊ သီရိမင်္ဂလာဈေး၊ ဈေးကြိုဈေး၊ မြိုင်သာယာဈေး၊ သီရိမြိုင်ဈေး၊ ရွှေမြိုင်သီရိဈေး၊ အေးသာယာဈေးနှင့် ကရင်ပြည်နယ် ဘားအံမြို့ မြို့မဈေး၊ သီရိဈေး၊ အခွန်လွတ်ဈေး၊ လှိုင်းဘွဲ့မြို့၊ ကမမောင်းမြို့၊ ကြာအင်းဆိပ်ကြီးမြို့၊ ကော့ကရိတ်မြို့၊ ကမာမောင်းမြို့နယ်အသီးသီး သို့ ဖြန့်ဖြူး ရောင်းချကြသည်။
ထို့ပြင် အခြားမြို့နယ်များသို့လည်း တင်ပို့ကြသည်။ အထည် ချုပ်နှင့် ဒေသတွင်း စီးပွားရေးအောင်မြင်မှု ယခင်က စက်ချုပ်ပညာ ရပ်ကို ဝါသနာပါသူများ၊ အိမ်ထောင်ရှင် အမျိုးသမီးများ တစ်ဖက် တစ်လမ်းမှ အိမ်တွင်းကုန်ကျစရိတ် သက်သာစေရန် လေ့လာဆည်း ပူးကြသည့် အတတ်ပညာရပ်တစ်ခုဖြစ်သည်။ ယနေ့ခေတ်တွင် စက်ချုပ်ပညာဖြင့် စီးပွားရေးလုပ်ငန်းကို လုပ်ကိုင် လာသူ ပိုမိုများလာ မှုတွေ့ရှိရသည်။ ထိုကဲ့သို့ အမျိုးသမီးများအနေဖြင့် မိမိတို့အိမ်တွင် မိသားစုနှင့် အတူတကွ တစ်ဖက်တစ်လမ်းမှ ဝင်ငွေတိုးပွားစေရေး၊ မိသားစု စားဝတ်နေရေးဖူလုံရေးတို့အတွက် ရရှိရန် စီးပွားရေးလုပ် ငန်းတစ်ခုဖြစ်သော အထည်ချုပ်လုပ်ငန်းကို ဦးစီး၍ အသေးစား စီးပွားရေးလုပ်ငန်းများကို တွယ်ကျယ်စွာ လုပ်ကိုင်ခြင်းဖြစ်သည်။ စက်ချုပ်ပညာသည် လူတို့အတွက် အလှအပဆင်မြန်းခြင်း၊ ခေတ်နှင့် အညီ ဖန်တီးဆန်းသစ်ခြင်း၊ မြန်မာအမျိုးသမီးများ ဘဝ၏ အသက် မွေးဝမ်းကျောင်းအတွက် လွန်စွာကောင်းမွန်ခြင်း အတတ်ပညာရပ် တစ်ခုဖြစ်သည်။ ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက အထည်ချုပ်ရုံ တိုးတက် လာမှုလည်း တွေ့ရှိရသည်။ ဈေးကွက်အတွင်း ရောင်းချသည့် အထည်များမှာ ဈေးနှုန်းသက်သာသော၊ ခိုင်ခံ့သော၊ သပ်ရပ်စွာ ဝတ် ဆင်နိုင်သော အထည်များဖြစ်သည်။ ထို့ကြောင့် ဒေသစီးပွားရေး ဖွံ့ဖြိုးမှု တစ်ခုဖြစ်သည်နှင့်အညီ ဒေသတွင်း ပြည်သူများ အလုပ် အကိုင်အခွင့်အလမ်းများနှင့် ဝင်ငွေများရရှိနေသည့် တိုးတက်လာ သည့် အထည်ချုပ်လုပ်ငန်းနှင့် အသေးစား အထည်ချုပ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုမှ ဒေသတွင်းစီးပွားရေးအောင်မြင်ခြင်းတွင် မွန်ပြည် နယ်အတွက် တိုးတက်မှုဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။
ခင်ကြည် (မွန်)
