ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ချောင်းသာ၊ ငွေဆောင်၊ ပင်လယ်ကမ်းခြေဒေသများတွင် သဘာဝအလျောက် နေထိုင်ပြီး အများဆုံးတွေ့ရှိရသည့် ဇီဝစိုးငှက်လေးများကို ယခုအခါ လူနေရပ်ကွက်နှင့် ဝေးသောနေရာများတွင် လူနေထိုင် ခြင်းမရှိဘဲ ငှက်ကလေးများအတွက် သီးသန့်အဆောက်အအုံ ဆောက်လုပ်ပြီး ငှက်တန်းများပြုလုပ်၍ မလေးရှားနည်းပညာ အသုံးပြုကာ ဇီဝစိုးငှက် အိမ်ပြုလုပ်၍ ငှက်သိုက်ထုတ်လုပ်ရောင်းချလျက်ရှိကြောင်း သိရသည်။
ချောင်းသာ၊ ငွေဆောင်ကမ်းခြေဒေသတွင် ယခင်ကတည်းက အိမ်မွေးဇီဝစိုးငှက်များ မွေးမြူရေး လုပ်ငန်းရှင် ၁၄ ဦးခန့် ရှိပြီး ဖျာပုံမြို့နယ် သလိပ်ကြီးလေးကျေးရွာအုပ်စု၊ သလိပ်ကလေးကျေးရွာတွင် ၂၀၂၃ ခုနှစ်မှ အိမ်မွေးငှက်သိုက်လုပ်ငန်းစတင်၍ လုပ်ကိုင်ခဲ့ရာ ယခုအချိန် လုပ်ငန်းရှင် ၂၀ ဦးခန့်အထိ တိုးချဲ့မွေးမြူလာကြောင်း သိရသည်။
ဇီဝစိုးငှက်များမွေးမြူရာတွင် တစ်နှစ်အတွင်း အသိုက်မရရှိဘဲ တစ်နှစ်ကျော်မှသာ အသိုက်ခွာ၍ရပြီး အသိုက်ခွာယူပြီး ပါက ရေစိမ်၍ ငှက်ချေး၊ ဥအကွဲ၊ ဥအကြေ၊ ငှက်အမွေးများကို ရှင်းလင်းရသည်။ ငှက်သိုက်ကုန်ကြမ်းကို ထိုင်းနိုင်ငံထုတ် သကြား၊ ရေသန့်နှင့် တစ်နာရီခန့် ပေါင်းပြီး အအေးခံပါက ငှက်သိုက်ကုန်ချောရရှိသည်။ ငှက်သိုက်ကုန်ချောများကို ပိုးသတ်ထား သော ၄၅ မီလီမီတာ ဖန်ပုလင်းများတွင် ထည့်သွင်း၍ တစ်ပုလင်းလျှင် ကျပ် ၁၀ဝ၀ဝ ဝန်း ကျင်ဖြင့် ဈေးကွက်တွင် ရောင်းချလျက် ရှိကြောင်း သိရသည်။
ငှက်သိုက်သည် ပရိုတင်းဓာတြွ်ကယ်ဝ၍ အာဟာရဓာတ်များစွာ ပါဝင်ပြီး လူမမာများ၊ နာတာရှည်ရောဂါရှိသူများ၊ အားကစားသမားများအပြင် သွေးတိုးရောဂါ၊ ဆီးချိုရောဂါရှိသူများအတွက် ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေသည်။
လူကြိုက်များ၍ ပြည်တွင်းသုံးစွဲမှု ပိုများသကဲ့သို့ ပြည်ပနိုင်ငံများသို့ လည်းတင်ပို့ရောင်းချလျက် ရှိသည့်အတွက် ဒေသ တွင်း စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုတွင် တစ်ဖက်တစ်လမ်းမှ ပါဝင်လျက်ရှိကြောင်း သိရသည်။
DOCA (ဖျာပုံ)
