Main menu

Background

ပခုက္ကူချည်ထည် ဝါဒစောင်

Sat, 01/10/2026 - 12:09 -- journal_editor

ပခုက္ကူမြို့သည် လက်မှုပညာဖြစ်သော ရက်ကန်းလုပ်ငန်းဖြင့် အသက် မွေးကြသူများရှိပြီး  ရက်ကန်းလုပ်ငန်းများထဲတွင်  ပခုက္ကူချည်ထည် ဝါဒ စောင်သည် လူကြိုက်များကြောင်း သိရသည်။  ဝါဒချည်ထည်စောင်ကို အမှတ်(၁၂)၊အမှတ်(၁၄)၊ အမှတ်(၁၅) ရပ်ကွက်များနှင့် ပခုက္ကူမြို့နယ် အနီးအနားရှိရွာများတွင် အများဆုံးရက်လုပ်ကြသည်။ ယခုအခါတွင် ဝါဒ စောင် ရက်လုပ်သည့် ရက်ကန်းစင်အရေအတွက် စုစုပေါင်း ၃၀ ကျော်ရှိ  ကြောင်း သိရသည်။  
ပခုက္ကူ ဝါဒစောင်ကို ပခုက္ကူတစ်မြို့တည်းတွင်သာ ရက်လုပ်၍ ပခုက္ကူ ဝါဒစောင်ဟု ခေါ်ကြသည်။ ဝါဒစောင်မှာ အသားနှစ်ထပ်ခတ်ရသည့်အတွက် နှစ်ထပ်စောင်ဟုလည်း ခေါ်ကြသည်။ ရိုးရာ ရက်ကန်းပညာနှင့် ခေတ်မီရက် ကန်းပညာ ပေါင်းစပ်ကာ ထူးခြားစွာ တီထွင်ကြံဆရာမှ ပေါ်ထွက်လာသော ချည်စောင် အမျိုးအစားလည်းဖြစ်သည်။
ပခုက္ကူဝါဒစောင်ဖြစ်ပေါ်လာရခြင်း  အကြောင်းရင်းမှာ  ၁၈၂၇ ခုနှစ်တွင် ဂျွန်ခရောဖွတ်သည်  အင်းဝနေပြည်တော်သို့  သံတမန်အဖြစ် ဆောင်ရွက်ရန် ဧရာဝတီမြစ်အတိုင်း  ဖြတ်သွားစဉ် ဧရာဝတီ၏ အနောက် ဘက်ကမ်းတွင် ပခုက္ကူမြို့မှ ဝါဒစောင်ရက်ကန်း ရက်လုပ်သည်ကိုတွေ့ရှိပြီး  မှတ်တမ်းတင်ထားရှိခဲ့သည်။   ပခုက္ကူဒေသတွင် ချည်ထည်၊ ပိုးထည် အမြောက်အမြားထွက်ရှိပြီး အတွင်းဘက် ကျောထောက်နောက်ခံရွာများမှ ထုတ်ကုန်အဖြစ် ရက်လုပ်ခဲ့ကြကြောင်း သိရသည်။ ပခုက္ကူဝါဒစောင်ကို စတင်တီထွင်ခဲ့သူမှာ ဝင်းမြန်မာရက်ကန်းရုံပိုင်ရှင်ဖြစ်သည်။ အဆင်ဒီဇိုင်း လှ၍ ဆေးရောင်ခိုင်ခန့်သည့်  အသားနှစ်ထပ်စောင်ကို ၁၉၃၈  ခုနှစ်တွင် စတင်ရက်လုပ်ခဲ့သည်။ မြန်မာ့ရက်ကန်းစင်တွင် နှပ် ရှစ်လွှာ၊ ဝါးရှစ်လုံး တပ် ဆင်ထားသည့်အပြင် ပေါ်လွန်းပြောင်းကိုပါ တီထွင်ခဲ့သည်။ လွန်းပြောင်း မပေါ်မီက တစ်နေ့လျှင် စောင်တစ်ထည်သာပြီး၍ လွန်းပြောင်းတီထွင်အပြီး တွင် တစ်နေ့လျှင် စောင်လေးထည် ရက်လုပ်နိုင်ခဲ့သည်။ 
ရက်ကန်းရုံပိုင်ရှင် နှစ်ထပ်စောင် ရက်လုပ်အပြီးတွင် စောင်အမည်ကို  မပေးရသေးဖြစ်နေပြီး နန်းတော်ရှေ့ဆရာတင်၏ သူဋ္ဌေးဝါဒသီချင်း ထွက် ပေါ်လာခဲ့ရာမှ သူဋ္ဌေးဝါဒသီချင်းကို သဘောကျ၍ စောင်အမည်ကို သူဋ္ဌေး ဝါဒဟုအမည်ပေးရာမှ ကာလကြာလာသည်နှင့်အမျှ ဝါဒစောင်ဟုခေါ်လာ ကြပြီး ပခုက္ကူတွင်ရက်လုပ်သောကြောင့် ပခုက္ကူဝါဒစောင်ဟု ခေါ်တွင်လာ ကြသည်။
ဝါဒစောင်၏  ထူးခြားချက်မှာ  အဆင်ဒီဇိုင်းလှ၍ အရောင်အသွေး မပျက် ဆေးရောင်ခိုင်ခန့်၍ ကြာရှည်ခံသည့် စောင်အမျိုးအစားလည်းဖြစ် သည်။ ယခင်က ဝါဒစောင်ရက်လုပ်ရာတွင် တိုင်ချည်ကို ၂/၂၀ တိုင် ဖောက် ချည်ကို မြန်မာ့ဝါကြီးလက်ငင်ချည်ကို အသုံးပြုခဲ့ပြီး ခေတ်မီတိုးတက်လာ သည်နှင့်အမျှ ဖောက်ချည်ကို ၇ ချည်၊ ၁၀ ချည်နှင့် သိုးမွေးများကို ဖောက် ချည်အဖြစ် အသုံးပြုလာကြောင်း ရက်ကန်းလုပ်ငန်းရှင်ထံမှ သိရသည်။ 
ဝါဒစောင်ကိုရက်လုပ်ရာတွင် အဆင်ဒီဇိုင်းအကွက်တိုင်းတွင် အထက် တစ်လွှာနှင့် အောက်တစ်လွှာဖြင့် အသားနှစ်ထပ်ပါရှိပြီး အထက်လွှာနှင့် အောက်လွှာအရောင်မှာ မတူဘဲ တစ်ရောင်စီဖြစ်ပြီး ကွဲပြားနေကြောင်းတွေ့ ရသည်။  ဝါဒစောင်ရက်လုပ်ရာတွင် နှပ်ရှစ်လွှားနှင့် ဝါးလုံးရှစ်လုံးဖြစ်ပြီး လွန်းကို အရောင်မျိုးစုံဖြင့် ခတ်ရကြောင်း သိရသည်။ 
ပခုက္ကူဝါဒစောင်ဈေးနှုန်းအနေဖြင့်  အလျား ၇ ပေ ၄လက်မနှင့် အနံ ၅ ပေ ၃ လက်မရှိသော စောင်တစ်ထည်လျှင်ကျပ် ၆၅၀ဝ၀ ဖြစ်ပြီး မြန်မာပြည် အနှံ့အပြားသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း ရက်ကန်းလုပ်ငန်းရှင်များထံမှ သိရသည်။                                                                
   

လှိုင်ဥမ္မာဦး(ပခုက္ကူ)