တနင်္သာရီတိုင်းဒေသကြီးရှိ မြိတ်မြို့သည် ပင်လယ်ရေ ဝန်းရံလျက်ရှိသော ကျွန်းစုမြို့ဖြစ် သောကြောင့် ရေ ထွက်ကုန်ပစ္စည်းသာမက အခြား သောဒေသထွက်ကုန်များဖြင့်လည်း လူသိများထင် ရှားသည်။
အဆိုပါ ထွက်ကုန်များထဲတွင် ကျန်းမာ ရေးအတွက် များစွာ အထောက်အကူပြုသော အုန်းပျိုဆီသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ အုန်းပျိုဆီဆိုသည်မှာ သာမန်အုန်းဆီများကဲ့သို့ အလွယ်တကူရှိသော အုန်းသီးခြောက်များအား ခွဲခြမ်း နေလှန်း အဆီကြိတ်၍ရရှိသော အုန်းဆီမျိုး မဟုတ်ဘဲ မြိတ်ကျွန်းစုကမ်းခြေများ၏ မြေဆီလွှာ များတွင် သဘာဝအတိုင်း ပေါက်ရောက်နေသော အုန်းသီးများထဲမှ သက်တမ်း ၁၂ လမှ ၁၃ လ အရွယ်ရှိသော အုန်းသီးများကို စနစ်တကျ ရွေး ချယ်ပြီး ဃသိူ-ဏမနျနိ နည်းပညာဖြင့် ထုတ်လုပ် ထားသည့် အုန်းဆီကို ဆိုလိုသည်။
အုန်းပျိုဆီအား ထုတ်လုပ်ရန်အတွက် အုန်းပင်အမျိုးအစား ရွေးချယ်ရာတွင်(က)နှစ်ရှည် အုန်းပင် (အပင်ပု မျိုးမရပါ)၊ (ခ)သဘာဝမြေဆီ မြေသားဖြင့် စိုက်ပျိုးသည့်အုန်းပင်၊ (ဂ)ဓာတ်မြေ သြဇာ အသုံးပြုသည့် သီးနှံစိုက်ခင်းများမရှိသည့် အုန်းခြံများနှင့် အော်ဂဲနစ်အုန်းပင်များမှ ထွက်ရှိ လာသော အုန်းသီးများကိုသာ စနစ်တကျ အသုံး ပြုရပါသည်။
အဆိုပါအုန်းပင်များမှ ထွက်ရှိလာသော သက်တမ်းအားဖြင့် ၁၂ လမှ ၁၃ လထိ အရွယ် ရောက်ပြီး အုန်းသီးများ၊ အရည်ကောင်းစွာ လှုပ် ပြီး အခွံမာအညိုရောင်(သို့မဟုတ်)အနက်ရောင် ရှိ အုန်းသီးများ၊ လတ်ဆတ်သော အုန်းသီးများ (ခူးဆွတ်ပြီးနှစ်ပတ်)အား ရွေးချယ်အသုံးပြုရ သည်။ နေလှန်းအခြောက်ခံအုန်းသီးများ၊ အစို ထွက် အညှောက်ပေါက်နေသော အုန်းသီးများ၊ အုန်းရည်စိမ့်ထွက်နေသည့် အသီးများနှင့် တစ်လ ထက်ပို၍ သိုလှောင်ထားသည့် အုန်းသီးများဖြင့် အုန်းပျိုဆီ ထုတ်လုပ်၍မရပေ။ မြိတ်ဒေသ၌ အုန်းပျိုဆီ ထုတ်လုပ်ရာတွင် မလိကျွန်းမှ ထွက်ရှိ သော အုန်းသီးများကိုသာ အဓိကအသုံးပြုကြောင်း သိရသည်။
ရွေးချယ်ထားသော စံနှုန်းမီအုန်းသီးများကို အတွင်း အခွံမာ ခွာထုတ်ပြီး အုန်းသား မခြစ်မီ အချိန်ထိ လေထုအပူချိန် သက်ရောက်မှု မရှှိစေရန် အုန်းသားများကို ရေစိမ်ထားရှိရသည်။ ထို့နောက် အုန်းသားခြစ်ခြင်း၊ အုန်းနို့ညှစ်ခြင်း လုပ်ငန်းစဉ် များ တစ်ဆင့်တည်းလုပ်ဆောင်ပြီး ဃမနော ခွဲစက် အသုံးမပြုမီထိ အုန်းနို့မွှေစက်ဖြင့် အုန်းနို့အား မွှေပေးထား၍ ရရှိလာသော အုန်းနို့များကို ဃမနော ှနစမေအေသမ ဖြင့် ခရင်ခွဲထုတ်ရသည်။ ရရှိလာသည့် အုန်းနို့ခရမ်များအား အေးခဲစေရန်အတွက် ရေခဲ သေတ္တာထဲတွင် ၂၄ နာရီကြာထားရှိရသည်။ အေး ခဲနေသည့် အုန်းနို့ခရမ်များကို ရေနွေးငွေ့အပူချိန် ၃၀ ဒီဂရီဆဲလ်စီးယပ်ဖြင့် အရည်ပျော်စေခြင်းဖြင့် အုန်းပျိုဆီကိုရရှိသည်။
ရရှိလာသည့် အုန်းပျိုဆီများကို ငွေ့ရည် ထုတ်စက်ဖြင့် အခြောက်ခံခြင်း၊ ဆန်ခါစစ်ခြင်း၊ အနည်ချခြင်း စသည်များ အဆင့်ဆင့်လုပ်ဆောင် ပြီးပါက အုန်းပျိုဆီ(Virgin Coconut Oil))ကို ရရှိ မည်ဖြစ်သည်။ ထိုသို့ထုတ်လုပ်ထားသော အုန်းပျို ဆီသည် ဓာတုပစ္စည်းသုံးစွဲခြင်းမရှိသောကြောင့် အပူချိန် ၂၇ ဒီဂရီဆဲလ်စီးယပ်အထက်တွင် ကြည် လင်သော အရည်အဖြစ် ပုံဆောင်မည်ဖြစ်ပြီး ၂၂ ဒီဂရီဆဲလ်စီးယပ်တွင် ခရမ်အဖြစ် ပုံဆောင်နေ မည်ဖြစ်သည်။
အုန်းပျိုဆီကို ကျောက်ကပ်ပိုးဝင်ခြင်း၊ အပူ လောင်ခြင်းနှင့် အဆစ်အမြစ်ရောင်ရမ်းခြင်း၊ ဝမ်း တွင်းပြည်တည်အနာများ၊ သွားဖုံးရောဂါ၊ ဆီးချို ရောဂါများအတွက်သာမက အဝလွန်သူများနှင့် ကျန်းမာရေးအတွက် အဆီချလိုသူများ အသုံးပြု နိုင်ကြောင်း လေ့လာသိရှိရသည်။ ယခင်က အုန်း သီးကို သဘာဝခေါင်းလိမ်းဆီနှင့် မုန့်လုပ်ငန်း အတွက်သာ အသုံးပြုခဲ့ကြသော်လည်း ယခုအခါ တွင် အုန်းသီးကို အခြေခံကာလတန်ဖိုးမြှင့် ထုတ် ကုန်များ၊ လူတို့အတွက်လိုအပ်သော ကျန်းမာရေး ထုတ်ကုန်များ၊ အာဟာရ ဖြည့်ထုတ်ကုန်များ၊ အခြေခံစားကုန်များအဖြစ် အမြောက်အမြား ထုတ်လုပ်လျက်ရှိသောကြောင့် အုန်းသီးစိုက်ပျိုးသူ များအတွက် ဝင်ငွေကောင်းလျက်ရှိသည်။ မြိတ် ဒေသမှထွက်ရှိသော အုန်းပျိုဆီများကို ၁၀ဝ မီလီ လီတာ တစ်ဘူးလျှင်ကျပ် ၉၀ဝ၀၊ ၃၀ဝ မီလီလီတာ တစ်ဘူးလျှင် ကျပ် ၂၇၀ဝ၀၊ ၅၀ဝ မီလီလီတာ တစ်ဘူးလျှင် ကျပ် ၄၅၀ဝ၀၊ ၁၀ဝ၀ မီလီလီတာ တစ်ဘူးလျှင် ကျပ် ၉၀ဝ၀ဝ နှုန်းဖြင့် ရောင်းချ လျက်ရှိကြောင်း သိရသည်။
ညီညီဇော် (မြိတ်)
